ဟာခလိ၏သားနေဟမိ၏စကားများကား ဤသို့တည်း။ အာတဇေရဇ်မင်းကြီးနန်းစံအနှစ်နှစ်ဆယ်မြောက်၊ ခိသလုလတွင် ငါသည် ရှုရှန်နန်းတော်၌ ရှိနေစဉ်
နေဟမိ 5:14 - မြန်မာ့စံမီသမ္မာကျမ်း အာတဇေရဇ်မင်းကြီး နန်းစံအနှစ်နှစ်ဆယ်မှ သုံးဆယ့်နှစ်နှစ်အထိ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် ငါသည် ယုဒပြည်၌ ဘုရင်ခံအဖြစ် ခန့်အပ်ခံရသောအချိန်တွင်လည်း ငါနှင့်ငါ့ညီအစ်ကိုတို့သည် ဘုရင်ခံရိက္ခာကို မစားပေ။ Common Language Bible ယုဒဘုရင်ခံအဖြစ်နှင့်ငါတာဝန်ယူရ သည့်တစ်ဆယ့်နှစ်နှစ်အတောအတွင်းအာ တဇေရဇ်ဧကရာဇ်မင်း၏နန်းစံအနှစ် နှစ်ဆယ်မြောက်မှသုံးဆယ့်နှစ်နှစ်မြောက် တိုင်အောင် ငါနှင့်တကွငါ၏ဆွေမျိုးသား ချင်းတို့သည်ဘုရင်ခံအနေဖြင့်ငါရ သင့်ရထိုက်သည့်ရိက္ခာကိုမယူပါ။- Garrad Bible ထို မှ တစ် ပါး၊ အာ တ ဇေ ရဇ် မင်း နန်း စံ နှစ် ဆယ် တွင်၊ ယု ဒ ဘု ရင် ခံ ရာ ထူး ကို ငါ ခံ ရ သည့် ကာ လ မှ စ၍၊ သုံး ဆယ့် နှစ် နှစ် တိုင် အောင်၊ ဆယ့် နှစ် နှစ် ပတ် လုံး၊ ငါ နှင့် ညီ အစ် ကို များ ပါ ရိ က္ခာ တော် ကို မ စား၊ Judson Bible ထိုမှတစ်ပါး ယုဒမြို့ဝန်အရာကို ငါခံသောအချိန်၊ အာတဇေရဇ်မင်းကြီး နန်းစံ နှစ်ဆယ်မှစ၍ သုံးဆယ်နှစ်နှစ်တိုင်အောင်၊ တစ်ဆယ်နှစ်နှစ်ပတ်လုံး ငါနှင့် ငါ့ညီတို့သည် မြို့ဝန်ရိက္ခာကိုမစား။ |
ဟာခလိ၏သားနေဟမိ၏စကားများကား ဤသို့တည်း။ အာတဇေရဇ်မင်းကြီးနန်းစံအနှစ်နှစ်ဆယ်မြောက်၊ ခိသလုလတွင် ငါသည် ရှုရှန်နန်းတော်၌ ရှိနေစဉ်
ဘေဘီလုံဘုရင်အာတဇေရဇ်မင်းကြီးနန်းစံ သုံးဆယ့်နှစ်နှစ်တွင် ငါသည် ဘုရင့်ထံသို့ပြန်သွားရသည်ဖြစ်၍ ထိုစဉ်က ဂျေရုဆလင်မြို့တွင် ငါမရှိ။ အချိန်အတော်ကြာမှ ငါသည် ဘုရင့်ထံခွင့်ပန်၍
အာတဇေရဇ်မင်းကြီး နန်းစံအနှစ်နှစ်ဆယ်မြောက်၊ နိသန်လတွင် ရှေ့တော်၌ ရှိသော စပျစ်ဝိုင်ကို ငါသည် ယူ၍ ရှင်ဘုရင်ထံ ဆက်သ၏။ ထိုစဉ် ငါသည် ယခင်က မဖြစ်စဖူး မျက်နှာညှိုးငယ်လျက်ရှိ၏။
ငါးတာလန်ရသောသူသည် ချက်ချင်းသွား၍ ထိုငွေများဖြင့်ကုန်သွယ်လျက် နောက်ထပ် ငါးတာလန်အမြတ်ရလေ၏။
သို့ဖြစ်လျှင် ငါ့အတွက် မည်သည့်ဆုလာဘ်ရှိသနည်း။ ၎င်းမှာ ကောင်းမြတ်သောသတင်းကိုဟောပြောသည့်အခါ အဖိုးအခမယူဘဲ ထိုသတင်းကို ဝေငှဟောပြော၍ ကောင်းမြတ်သောသတင်းနှင့်ဆိုင်သော ငါ၏ရပိုင်ခွင့်ကို အပြည့်အဝအသုံးမချဘဲနေခြင်းပင်ဖြစ်၏။