သူခြေကုန်လက်ပန်းကျ၍ အားနည်းနေချိန်တွင် သူ့ကို တိုက်ခိုက်ပါရစေ။ သူ့ကို ခြိမ်းခြောက်ပြီး သူ့လူအပေါင်းတို့ ထွက်ပြေးကြသောအခါ ရှင်ဘုရင်ကိုသာ ကွပ်မျက်ပါမည်။
နေဟမိ 4:5 - မြန်မာ့စံမီသမ္မာကျမ်း မြို့ရိုးတည်ဆောက်သောသူတို့ကို ပြောင်ပြောင်တင်းတင်းစော်ကားပြောဆိုလေပြီဖြစ်၍ သူတို့ဒုစရိုက်ကို ဖုံးကွယ်မထားပါနှင့်။ သူတို့အပြစ်ကို မပယ်ဖျက်ပါနှင့်”ဟု ဆုတောင်း၏။ Common Language Bible မြို့ရိုးကိုတည်ဆောက်လျက်နေသူအကျွန်ုပ် တို့အား သူတို့သည်စော်ကားကြသောကြောင့် သူတို့ပြုသောဒုစရိုက်ကိုခွင့်လွှတ်တော်မ မူပါနှင့်။ သူတို့၏အပြစ်များကိုမေ့တော် မမူပါနှင့်'' ဟုဆုတောင်းပတ္ထနာပြု၏။ Garrad Bible မြို့ ရိုး တည် ဆောက် သူ တို့ ရှေ့၊ အ မျက် တော် တိုက် ပြော ဝံ့ သူ တို့ ဒု စ ရိုက် ကို၊ ဖုံး ထား တော် မ မူ။ အ ပြစ် ကို လည်း၊ မျက် မှောက် တော် တွင် ချေ ဖျောက် တော် မ မူ ပါ လင့်။ Judson Bible သူတို့ပြုသော ဒုစရိုက်ကို ဖုံးအုပ်တော်မမူပါနှင့်။ ရှေ့တော်၌ သူတို့အပြစ် မပြေပါစေနှင့်။ မြို့ရိုးကိုတည်သော သူတို့၏စိတ်ကို နာစေခြင်းငှာ၊ ပြောတတ်ကြပါသည်တကား။ |
သူခြေကုန်လက်ပန်းကျ၍ အားနည်းနေချိန်တွင် သူ့ကို တိုက်ခိုက်ပါရစေ။ သူ့ကို ခြိမ်းခြောက်ပြီး သူ့လူအပေါင်းတို့ ထွက်ပြေးကြသောအခါ ရှင်ဘုရင်ကိုသာ ကွပ်မျက်ပါမည်။
မြို့ရိုးကို ပြန်လည်တည်ဆောက်ရာတွင် တည်ဆောက်သူတို့သည် စိတ်အားထက်သန်စွာလုပ်ဆောင်သောကြောင့် မြို့ရိုးတစ်ခုလုံးအမြင့် တစ်ဝက်တိုင်အောင် ပြီးစီးလေ၏။
သူ့ဘိုးဘေးတို့၏ဒုစရိုက်သည် ထာဝရဘုရားရှေ့တော်၌ အောက်မေ့ခြင်းခံရပါစေ။ သူ့မိခင်၏အပြစ်သည်လည်း မည်သည့်အခါမျှ ပယ်ဖျက်ခြင်းမခံရပါစေနှင့်။
အို ဘုရားသခင်၊ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကိုသနားတော်မူပါ။ ကိုယ်တော်၏ကြီးမားသောသနားစုံမက်ခြင်းနှင့်အညီ အကျွန်ုပ်ကျူးလွန်သောအပြစ်များကို ပယ်ဖျက်တော်မူပါ။
အကျွန်ုပ်၏အပြစ်များမှ မျက်နှာတော်လွှဲ၍ အကျွန်ုပ်၏ဒုစရိုက်အားလုံးကို ပယ်ဖျက်တော်မူပါ။
သို့ဖြစ်၍ လူသည် နှိမ့်ချခြင်းကိုခံရ၍ လူတိုင်း နိမ့်ကျကြရလိမ့်မည်။ သူတို့ကိုခွင့်လွှတ်တော်မမူပါနှင့်။
ငါကိုယ်တော်တိုင် သင်ကျူးလွန်သောအပြစ်တို့ကို ငါ့အဖို့ ငါပယ်ဖျက်၏။ သင်၏အပြစ်တို့ကို ငါအောက်မေ့မည်မဟုတ်။
သင်ကျူးလွန်သောအပြစ်တို့ကို တိမ်တိုက်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင်၏အပြစ်တို့ကို မိုးတိမ်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင့်ကိုငါရွေးနုတ်ပြီဖြစ်၍ ငါ့ထံသို့ပြန်လာလော့”ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသတ်မည့်သူတို့၏အကြံဉာဏ်အားလုံးကို ကိုယ်တော်သိတော်မူပါ၏။ သူတို့၏ဒုစရိုက်ကို ဖြေလွှတ်တော်မမူပါနှင့်။ သူတို့၏အပြစ်ကို ရှေ့တော်မှပယ်ဖျက်တော်မမူပါနှင့်။ ကိုယ်တော်ရှေ့တော်၌ သူတို့လဲကျကြပါစေ။ အမျက်တော်သင့်ရာကာလ၌ သူတို့ကိုစီရင်တော်မူပါ။
သူတို့ပြုသောမကောင်းမှုအလုံးစုံတို့သည် ကိုယ်တော်၏ရှေ့တော်သို့ ရောက်ပါစေ။ အကျွန်ုပ်ကျူးလွန်မိသောအပြစ်အလုံးစုံအတွက် အကျွန်ုပ်ခံရသကဲ့သို့ သူတို့ကိုလည်း ခံရစေပါ။ အကျွန်ုပ်အလွန်ညည်းတွားရသည်ဖြစ်၍ စိတ်နှလုံးညှိုးနွမ်းလျက်ရှိပါ၏။
ကြေးပန်းတိမ်ဆရာ အလက်ဇန္ဒြားသည် ငါ့ကိုအလွန်ဒုက္ခပေးခဲ့၏။ သခင်ဘုရားသည် သူပြုသောအမှုအတိုင်း သူ့အားပေးဆပ်တော်မူလိမ့်မည်။