သူခြေကုန်လက်ပန်းကျ၍ အားနည်းနေချိန်တွင် သူ့ကို တိုက်ခိုက်ပါရစေ။ သူ့ကို ခြိမ်းခြောက်ပြီး သူ့လူအပေါင်းတို့ ထွက်ပြေးကြသောအခါ ရှင်ဘုရင်ကိုသာ ကွပ်မျက်ပါမည်။
နေဟမိ 4:11 - မြန်မာ့စံမီသမ္မာကျမ်း ရန်သူတို့ကလည်း “သူတို့မသိလိုက်ချိန်မှာ သူတို့ထဲသို့ဝင်၍ သူတို့ကိုသတ်ပစ်မည်။ သူတို့အလုပ်ကို ရပ်တန့်စေမည်”ဟု ဆိုကြ၏။ Common Language Bible ငါတို့၏ရန်သူများသည်ငါတို့မမြင် မသိနိုင်မီ ငါတို့အားဝင်ရောက်သတ်ဖြတ် ကာမြို့ရိုးတည်ဆောက်မှုကိုရပ်စဲစေရန် ကြံစည်ကြ၏။- Garrad Bible ရန် သူ တို့ က လည်း၊ ထို သူ တို့ မ သိ မ မြင် စေ ဘဲ၊ ငါ တို့ ဝင် ရောက် သတ် ဖြတ် သ ဖြင့်၊ အ လုပ် ပြတ် စဲ ရ လိမ့် မည် ဟု အောက် မေ့ ကြ၏။ Judson Bible ရန်သူတို့ကလည်း၊ သူတို့သည် အမှတ်တမဲ့၊ သတိမရှိဘဲနေစဉ်တွင်၊ ငါတို့သည် သူတို့အထဲသို့ဝင်၍ လုပ်ကြံသဖြင့်၊ ထိုအလုပ်ကို ဖျက်မည်ဟု ဆိုကြ၏။ |
သူခြေကုန်လက်ပန်းကျ၍ အားနည်းနေချိန်တွင် သူ့ကို တိုက်ခိုက်ပါရစေ။ သူ့ကို ခြိမ်းခြောက်ပြီး သူ့လူအပေါင်းတို့ ထွက်ပြေးကြသောအခါ ရှင်ဘုရင်ကိုသာ ကွပ်မျက်ပါမည်။
ထိုအခါ ယုဒလူမျိုးတို့က “ဝန်သယ်ပိုးသောသူများ အားယုတ်လာလေပြီ။ အမှိုက်သရိုက် များလှသေး၏။ ဤအတိုင်းဆိုလျှင် မြို့ရိုးကို ငါတို့ ပြန်လည်တည်ဆောက်နိုင်မည်မဟုတ်”ဟု ဆိုလာ၏။
ရန်သူတို့အနီး၌နေသောဂျူးလူမျိုးတို့ကလည်း “မည်သည့်အရပ်သို့လှည့်သည်ဖြစ်စေ ငါတို့အတိုက်ခံရမည်”ဟု ဆယ်ကြိမ်မက လာ၍ပြောကြ၏။
ငါတို့သည် ငါတို့ဘုရားသခင်ထံဆုတောင်းပြီး သူတို့ရန်ကြောင့် နေ့ရောညပါ ကင်းချထား၏။
သူတို့သည် ငါ့အသက်ကိုသတ်ရန် စောင့်မျှော်နေကြသည်နှင့်အညီ ပူးပေါင်းကြံစည်လျက်၊ ချောင်းမြောင်းလျက် ငါ၏ခြေလှမ်းများကိုစောင့်ကြည့်ကြ၏။
ထို့ကြောင့် ဘေးအန္တရာယ်သည် သင့်အပေါ်သက်ရောက်မည်။ ထိုဘေးအန္တရာယ်ကို ကာကွယ်ပေးမည့်ဂါထာကို သင်သိမည်မဟုတ်။ ဘေးဒုက္ခသည် သင့်အပေါ်ကျရောက်မည်။ သင်တားဆီးနိုင်မည်မဟုတ်။ သင်မသိလိုက်မီမှာပင် ဖျက်ဆီးခြင်းဘေးသည် သင့်အပေါ် ရုတ်တရက်သက်ရောက်မည်။
မိုးလင်းသောအခါ ဂျူးလူမျိုးတို့သည် ပူးပေါင်းကြံစည်လျက် ပေါလုကိုမသတ်ရမချင်း မည်သည့်အရာကိုမျှ မစားမသောက်ရန် ကျိန်ဆိုကြ၏။
သို့ရာတွင် သူတို့ကို မလိုက်လျောပါနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ လူလေးဆယ်ကျော်တို့သည် သူ့ကိုချောင်းမြောင်းနေကြပါသည်။ သူတို့သည် ပေါလုကိုမသတ်ရမချင်း မစားမသောက်ရန် ကျိန်ဆိုထားကြပါသည်။ ယခုပင် သူတို့သည် အသင့်ရှိလျက် အရှင်၏သဘောတူချက်ကို စောင့်နေကြပါသည်”ဟု လျှောက်လေ၏။
အကြောင်းမူကား သူခိုးသည် ညအချိန်၌လာသကဲ့သို့ သခင်ဘုရား၏နေ့ရက်သည် ရောက်လာမည်ဖြစ်ကြောင်း သင်တို့ကိုယ်တိုင် သေချာစွာသိကြ၏။