ထိုသူတို့ထဲမှ အထမ်းသမား အယောက်ခုနစ်သောင်း၊ တောင်ပေါ်မှ ကျောက်ဆစ်သမား အယောက်ရှစ်သောင်းနှင့် အလုပ်လုပ်သူတို့ကိုကြီးကြပ်ကွပ်ကဲသူ အယောက်သုံးထောင့်ခြောက်ရာတို့ကို ခန့်ထား၏။
နေဟမိ 4:10 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယုဒလူမျိုးတို့က “ဝန်သယ်ပိုးသောသူများ အားယုတ်လာလေပြီ။ အမှိုက်သရိုက် များလှသေး၏။ ဤအတိုင်းဆိုလျှင် မြို့ရိုးကို ငါတို့ ပြန်လည်တည်ဆောက်နိုင်မည်မဟုတ်”ဟု ဆိုလာ၏။ Common Language Bible ယုဒပြည်သူတို့က``ငါတို့သည်သယ်ပိုး၍ ပင်ပန်းနွမ်းနယ်ကြလေပြီ။ သယ်ယူရန်အမှိုက်သရိုက်လည်းများစွာ ရှိသေးသဖြင့် အဘယ်သို့လျှင်ယနေ့မြို့ရိုးကိုငါတို့ တည်ဆောက်နိုင်ကြပါမည်နည်း'' ဟူသောသီချင်းကိုသီဆိုကြ၏။ Garrad Bible ထို ကာ လ ယု ဒ လူ မျိုး တို့ က၊ ဝန် ထမ်း သော သူ တို့ သည် အား ကုန် ကြ ပြီ။ ကျောက် ကျိုး ကျောက် ပဲ့ များ လှ၏။ မြို့ ရိုး ပြီး အောင် မ တတ် နိုင် ဟု ဆို ကြ ၏။ Judson Bible ယုဒလူအချို့ကလည်း၊ ဝန်ထမ်းသော သူတို့သည် အားကုန်ကြပြီ။ အမှိုက်များလှ၏။ မြို့ရိုးပြီးစီးအောင် မတတ်နိုင်ကြဟု ဆိုကြ၏။ |
ထိုသူတို့ထဲမှ အထမ်းသမား အယောက်ခုနစ်သောင်း၊ တောင်ပေါ်မှ ကျောက်ဆစ်သမား အယောက်ရှစ်သောင်းနှင့် အလုပ်လုပ်သူတို့ကိုကြီးကြပ်ကွပ်ကဲသူ အယောက်သုံးထောင့်ခြောက်ရာတို့ကို ခန့်ထား၏။
အထမ်းသမားများမှစ၍ လုပ်ငန်းခွင်အသီးသီးရှိအလုပ်လုပ်သူများအားလုံးကို ကြီးကြပ်ပေးရ၏။ အချို့လေဝိအမျိုးသားတို့မှာ စာရေးများ၊ ကြီးကြပ်သူများ၊ တံခါးစောင့်များဖြစ်ကြ၏။
ရန်သူတို့ကလည်း “သူတို့မသိလိုက်ချိန်မှာ သူတို့ထဲသို့ဝင်၍ သူတို့ကိုသတ်ပစ်မည်။ သူတို့အလုပ်ကို ရပ်တန့်စေမည်”ဟု ဆိုကြ၏။
သူ့ညီအစ်ကိုများ၊ ရှမာရိစစ်သည်များရှေ့တွင် “ချည့်နဲ့နေသောဂျူးလူမျိုးများက မည်သို့ပြုကြမည်နည်း။ ကိုယ့်ဘာသာ မြို့ရိုးပြန်တည်ဆောက်ကြမည်လော။ ယဇ်ပူဇော်ကြမည်လော။ တစ်နေ့ချင်းအပြီး လုပ်နိုင်မည်လော။ မီးလောင်ကျွမ်းထားသောကျောက်တုံးများကို အမှိုက်ပုံထဲမှထုတ်၍ ပြန်လည်အသက်သွင်းမည်လော”ဟု ဆိုလေ၏။
ငါတို့သည် ငါတို့ဘုရားသခင်ထံဆုတောင်းပြီး သူတို့ရန်ကြောင့် နေ့ရောညပါ ကင်းချထား၏။
“အချင်းလူသား၊ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာသည် သူ၏စစ်သည်များအား တိုင်ရာမြို့ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်စေခဲ့သည်။ စစ်သည်တို့လည်း ပခုံးအဆစ်ပြုတ်မတတ် ဦးဆွေးဆံမြည့်တိုက်ကြ၏။ ထိုသို့ အားသွန်ခွန်စိုက်တိုက်ခိုက်သော်လည်း ဘုရင်အပါအဝင်စစ်သည်တို့သည် တိုင်ရာမြို့မှ မည်သည့်အကျိုးကျေးဇူးကိုမျှ မခံစားရကြ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ ‘ထာဝရဘုရား၏အိမ်တော်ကို ပြန်လည်တည်ဆောက်ချိန် မရောက်သေး’ဟူ၍ ဤလူတို့ ဆိုတတ်ကြသည်”ဟု မိန့်တော်မူ၏။
သို့သော် သူနှင့်အတူသွားခဲ့သောသူတို့က “ထိုသူတို့သည် ငါတို့ထက်အားကြီးသောကြောင့် သူတို့ကို တိုက်ခိုက်ရန်မဖြစ်နိုင်ပါ”ဟု ဆိုကြ၏။
သူတို့သည် ဧရှကောလချိုင့်ဝှမ်းတိုင်အောင်သွား၍ ထိုပြည်ကို ကြည့်ရှုခဲ့သော်လည်း ထာဝရဘုရားပေးတော်မူသောပြည်သို့ အစ္စရေးအမျိုးသားတို့ ဝင်လိုသောစိတ်မရှိအောင် လုပ်ကြ၏။