ထို့နောက် ယောသပ်သည် မိမိဖခင်၏အလောင်းကိုဆေးစီရင်ရန် မိမိအစေအပါးဆေးဆရာတို့အားအမိန့်ပေးလေ၏။ ထို့ကြောင့် ဆေးဆရာတို့သည် အစ္စရေး၏အလောင်းကိုဆေးစီရင်ကြ၏။
နေဟမိ 3:8 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏ဘေးတွင် ဟာဟာယ၏သား ပန်းထိမ်ဆရာဩဇေလ ပြုပြင်၏။ သူ၏ဘေးတွင် အမွှေးနံ့သာဖော်ဆရာဟာနနိယ ပြုပြင်၏။ သူတို့သည် ဂျေရုဆလင်မြို့ရိုးကို မြို့ရိုးကျယ်အထိ ပြုပြင်ကြ၏။ Common Language Bible နောက်တစ်ပိုင်းကိုဟာဟာယ၏သား၊ ပန်း ထိမ်သမားသြဇေလတည်ဆောက်၍ နောက် တစ်ပိုင်းကိုမြို့ရိုးကျယ်တိုင်အောင်နံ့သာ ဆီထုတ်လုပ်သူဟာနနိတည်ဆောက်လေ သည်။ Garrad Bible ၎င်း အ စပ်၊ ပန်း တိမ် သ မား ဟာ ဟာ ယ သား ဩ ဇေ လ။ ၎င်း အ စပ်၊ အ မွှေး ပ ညာ သည် ဟာ န နိ တို့ သည်၊ မြို့ ရိုး ကျယ် အ ထိ ပြင် ဆင် ကြ ၏။ Judson Bible သူတို့နောက်မှ ဟာဟာယသား ပန်းထိမ်သမားဩဇေလ၊ သူ့နောက်မှ၊ ဆေးသမား ဟာနနိပြင်လျက်၊ ကျယ်သောမြို့ရိုးတိုင်အောင်၊ ယေရုရှလင်မြို့ကို ခိုင်ခံ့စေကြ၏။ |
ထို့နောက် ယောသပ်သည် မိမိဖခင်၏အလောင်းကိုဆေးစီရင်ရန် မိမိအစေအပါးဆေးဆရာတို့အားအမိန့်ပေးလေ၏။ ထို့ကြောင့် ဆေးဆရာတို့သည် အစ္စရေး၏အလောင်းကိုဆေးစီရင်ကြ၏။
ကျေးဇူးတော်ချီးမွမ်းမည့်သံစုံသီချင်းအဖွဲ့ နောက်တစ်ဖွဲ့သည် လက်ဝဲဘက်သို့လှည့်လည်စီတန်းသွား၏။ ငါနှင့်လူထုတစ်ဝက်သည် မြို့ရိုးပေါ်တွင် သူတို့နောက်မှလိုက်၍ မီးခိုးခေါင်းတိုင်ကိုဖြတ်ပြီး မြို့ရိုးကျယ်အထိ သွားကြ၏။
သန့်ရှင်းသောဘိသိက်ဆီအဖြစ် အမွှေးနံ့သာဖော်စပ်နည်းအတိုင်း နံ့သာဆီကိုဖော်စပ်လော့။ ၎င်းသည် သန့်ရှင်းသောဘိသိက်ဆီဖြစ်ရမည်။
သေသောယင်ကောင်သည် အမွှေးနံ့သာဖော်စပ်သူ၏နံ့သာဆီကို အပုပ်နံ့ထွက်စေသကဲ့သို့ အနည်းငယ်သောမိုက်မဲခြင်းသည် ဉာဏ်ပညာနှင့် ဂုဏ်သရေထက် အလေးသာတတ်၏။
ရွှေကို အိတ်ထဲမှသွန်ချသောသူ၊ ငွေကို ချိန်ခွင်နှင့်ချိန်သောသူတို့သည် ပန်းထိမ်သမားကိုငှားရမ်း၍ ဘုရားရုပ်တုထုလုပ်စေပြီး ပျပ်ဝပ်ကိုးကွယ်ကြ၏။