သင်တို့၏အရှင်ရှောလုမင်းကြီး အနိစ္စရောက်လေပြီ၊ ယုဒအမျိုးအနွယ်သည်လည်း ငါ့ကို ရှင်ဘုရင်အဖြစ် ဘိသိက်ပေးကြပြီဖြစ်သောကြောင့် အားယူ၍ရဲရင့်ခြင်း ရှိကြလော့”ဟု မှာကြားလိုက်လေ၏။
နေဟမိ 2:18 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ဘုရားသခင်သည် ငါနှင့်အတူရှိ၍ ကျေးဇူးပြုတော်မူကြောင်းနှင့် ငါ့အား ရှင်ဘုရင် ပြောခဲ့သောစကားများကို သူတို့အားပြောပြသောအခါ သူတို့က “ငါတို့ ထ၍တည်ဆောက်ကြစို့”ဟု ဆိုလျက် ထိုကောင်းသောအမှုကို အားတက်သရော စတင်လုပ်ဆောင်ကြ၏။ Common Language Bible ထာဝရဘုရားသည်ငါနှင့်အဘယ်သို့အတူ ရှိတော်မူခဲ့၍ ငါ့အားကူမတော်မူခဲ့ကြောင်း ကိုလည်းကောင်း၊ ငါ့အားဧကရာဇ်မင်းကြီး အဘယ်သို့အမိန့်ရှိတော်မူခဲ့ကြောင်းကို လည်းကောင်းဖော်ပြ၏။ ထိုသူတို့က``ပြန်လည်တည်ဆောက်မှုကိုငါ တို့အစပြုကြကုန်အံ့'' ဟုဆိုကာအလုပ် စရန်အသင့်ပြင်ဆင်ကြလေသည်။ Garrad Bible ငါ့ အ ပေါ် တွင် ကိုယ့် ဘု ရား သ ခင်၏ မြင့် မြတ် သော လက် တော် တည် ရှိ ကြောင်း ကို လည်း ကောင်း၊ ဘု ရင် မင်း အ မိန့် တော် ကို လည်း ကောင်း၊ ကြား ပြော လျှင်၊ သူ တို့ က၊ ထ၍ တည် လုပ် ကြ ကုန် အံ့ ဟု ဆို လျက်၊ ထို ကောင်း သော အ မှု ကို ပြု ရန် အ ချင်း ချင်း အား ပေး ကြ ၏။ Judson Bible ငါ၏ဘုရားသခင်သည် ငါ့အားပြုတော်မူသော ကျေးဇူးကိုလည်းကောင်း၊ ရှင်ဘုရင်မိန့်တော်မူသော စကားကိုလည်းကောင်း ကြားပြောလေသော်၊ သူတို့က၊ ငါတို့သည် ထ၍တည်ကြကုန်အံ့ဟု ဆိုလျက်၊ ထိုကောင်းမှုကို ပြီးစေခြင်းငှာ၊ တစ်ယောက်ကိုတစ်ယောက် နှိုးဆော်ကြ၏။ |
သင်တို့၏အရှင်ရှောလုမင်းကြီး အနိစ္စရောက်လေပြီ၊ ယုဒအမျိုးအနွယ်သည်လည်း ငါ့ကို ရှင်ဘုရင်အဖြစ် ဘိသိက်ပေးကြပြီဖြစ်သောကြောင့် အားယူ၍ရဲရင့်ခြင်း ရှိကြလော့”ဟု မှာကြားလိုက်လေ၏။
အစ္စရေးလူမျိုးတို့အား ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း အစ္စရေးလူမျိုးအပေါင်းတို့သည် ဒါဝိဒ်ကို မင်းမြှောက်၍ နိုင်ငံတော်တည်ထောင်ရာတွင် သူ့ကိုဝိုင်းဝန်းကူညီပေးသော စစ်သူရဲအကြီးအကဲများရှိခဲ့ကြ၏။
အားယူကြလော့။ ငါတို့လူမျိုးအတွက်၊ ငါတို့ဘုရားသခင်၏မြို့တော်အတွက် ငါတို့ရဲရင့်စွာတိုက်ကြစို့။ ထာဝရဘုရားသည် အလိုတော်ရှိသည့်အတိုင်း လုပ်ဆောင်ပေးတော်မူလိမ့်မည်”ဟု အားပေးစကားဆို၏။
ထို့နောက် ဟေဇကိမင်းကြီးသည် မိမိကိုယ်ကို အားမာန်သွင်းလျက် ကျိုးပျက်နေသောမြို့ရိုးအားလုံးကို ပြန်လည်ပြုပြင်၏။ ရဲတိုက်များကိုလည်း တည်ဆောက်၏။ မြို့ရိုးအပြင်ဘက်တွင် မြို့ရိုးတစ်ခုကိုထပ်မံတည်ဆောက်၏။ ဒါဝိဒ်မြို့ရှိ မိလ္လောကိုလည်း ခိုင်ခံ့အောင်ပြုလုပ်၏။ လက်နက်နှင့်ဒိုင်းလွှားအမြောက်အမြားကိုလည်း ပြုလုပ်၏။
ထာဝရဘုရားသည် သူတို့အား ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မူ၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင့်အိမ်တော် တည်ဆောက်ရာတွင်လည်း သူတို့အား အဆီးရီးယားဘုရင်ထောက်ပံ့ပေးလိုသောစိတ်ရှိစေရန် ပြုတော်မူသောကြောင့် သူတို့သည် တဆေးမဲ့မုန့်ပွဲတော်ကို ခုနစ်ရက်တိုင်တိုင် ဝမ်းမြောက်စွာကျင်းပကြ၏။
ထို့ပြင် အိမ်တော်နားရှိ ရဲတိုက်တံခါးများ၊ မြို့တံတိုင်းနှင့် အကျွန်ုပ်နေဖို့အိမ်တို့ကို ဆောက်လုပ်ရန် သစ်များကိုပေးမည့်အကြောင်း အရှင်မင်းကြီး၏သစ်တောဝန်အာသပ်ထံ အမိန့်စာကို ပါးလိုက်တော်မူပါ”ဟု တောင်းလျှောက်ရာ ဘုရားသခင်သည် ငါနှင့်အတူရှိ၍ ကျေးဇူးပြုတော်မူသောကြောင့် ရှင်ဘုရင်သည် ငါတောင်းဆိုသည့်အတိုင်း ပြုပေး၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သခင်ဘုရား၌လည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော တန်ခိုးအရှိန်အဝါ၌လည်းကောင်း ခွန်အားနှင့်ပြည့်စုံကြလော့။
အကြောင်းမူကား စေတနာတော်အတိုင်း ဆန္ဒရှိကြစေရန်နှင့် လုပ်ဆောင်ကြစေရန် သင်တို့အထဲ၌လုပ်ဆောင်တော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
ထိုအခါ ရှောလုမင်းကြီး၏သားယောနသန်သည် ဒါဝိဒ်ရှိရာ ဟောရေရှအရပ်သို့ ထသွား၍ ဒါဝိဒ်အား ဘုရားသခင်၌ ခွန်အားပေးလျက်