ထို့နောက် စမ်းရေတွင်းတံခါးနှင့် ဘုရင့်ရေကန်ဘက်သို့ သွားရာ ငါစီးလာသောမြင်းသွားဖို့ရာ လမ်းမရှိ။
ထိုနောက်မြို့၏အရှေ့ဘက်မှနေ၍စမ်းရေ တွင်းတံခါးနှင့် ဘုရင့်ရေကန်ရှိရာမြောက် ဘက်သို့သွား၏။ ငါစီးသည့်မြည်းသည် ကျောက်အုတ်ကျိုးများအကြားတွင်လမ်း ရှာ၍မရသဖြင့်၊-
စမ်း တွင်း တံ ခါး နှင့် ရေ ကန် တော် တိုင် အောင် ဆက် သွား ရာ၊ လား လမ်း မ ရှိ သော ကြောင့်၊
စမ်းရေတွင်းတံခါးနှင့် ရှင်ဘုရင်ရေကန်တိုင်အောင် လွန်ပြန်၍၊ မြင်းလမ်းမရှိသောကြောင့်၊
အဆီးရီးယားဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို စစ်သည်အလုံးအရင်းနှင့်တကွ လာခိရှမြို့မှ ဂျေရုဆလင်မြို့ရှိဟေဇကိမင်းကြီးထံသို့ စေလွှတ်သဖြင့် သူတို့သည် ဂျေရုဆလင်မြို့သို့ ချီသွားကြ၏။ သူတို့ ရောက်သွားသောအခါ ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းနားတွင် တပ်ချပြီး
ကျန်ရှိနေသော ဟေဇကိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ ရေမြောင်းရေကန်ဆောက်လုပ်ခဲ့ပုံ၊ မြို့တွင်းသို့ ရေသွင်းပေးခဲ့ပုံ စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ထို့ပြင် ဟေဇကိမင်းကြီးသည် ဂိဟုန်ချောင်းအထက်ရေစီးကြောင်းကို ပိတ်ပြီး ဒါဝိဒ်မြို့၏အနောက်ဘက်သို့ မြောင်းသွယ်၍စီးဆင်းစေ၏။ ဟေဇကိမင်းကြီးသည် ပြုလေသမျှတို့၌ အောင်မြင်၏။
သူတို့သည် စမ်းရေတွင်းတံခါးဝသို့ရောက်သောအခါ ဒါဝိဒ်မြို့အတက်လမ်းအတိုင်း မြို့ရိုးရှိရာသို့တက်သွားပြီး ဒါဝိဒ်နန်းတော်အထက်ရေတံခါးမှ အရှေ့ဘက်သို့ သွားကြ၏။
ကောလဟောဇ၏သား မိဇပါနယ်ကိုအုပ်ချုပ်ရသူရှလ္လုံသည် စမ်းရေတွင်းတံခါးကို ပြန်လည်ပြုပြင်တည်ဆောက်၏။ အမိုးမိုး၍ တံခါးရွက်၊ မင်းတုပ်၊ ကန့်လန့်ကျင်များကို တပ်ဆင်၏။ ရှင်ဘုရင်၏ဥယျာဉ်တော်နားရှိ ရှိလောင်ရေကန်နှင့်ကပ်လျက်မြို့ရိုးကို ဒါဝိဒ်မြို့မှဆင်းလာသောလှေကားအထိ ပြုပြင်၏။
သူ၏ဘေးတွင် အာဇဗုတ်၏သား ဗက်ဇုရနယ်တစ်ဝက်ကိုအုပ်ချုပ်ရသူနေဟမိသည် ဒါဝိဒ်၏သင်္ချိုင်းနှင့်မျက်နှာချင်းဆိုင်မှစ၍ တူးထားသောရေကန်အထိ၊ ထိုမှ စစ်သူရဲနေအိမ်အထိ ပြုပြင်၏။
သစ်ပင်များပေါက်နေသောတောထဲသို့ရေသွင်းရန် ရေလှောင်ကန်များကိုလည်း ငါတည်ဆောက်၏။