အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




နေ​ဟ​မိ 2:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​ညအချိန်​တွင်​ပင် ချိုင့်ဝှမ်းလွင်ပြင်​တံခါး​မှ​ထွက်​၍ မြွေနဂါး​ရေတွင်း​နှင့်​မျက်နှာချင်းဆိုင် နောက်ချေးပုံ​တံခါး​သို့​သွား​ပြီး ပြိုပျက်​သွား​သော​ဂျေရုဆလင်​မြို့ရိုး​နှင့် မီး​လောင်ကျွမ်း​သွား​သော​တံခါး​များ​ကို ကြည့်ရှု​စစ်ဆေး​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​တို့​သည်​အ​နောက်​ဘက်​ရှိ​ချိုင့်​တံ​ခါး မှ​ထွက်​၍ တောင်​ဘက်​န​ဂါး​စမ်း​တွင်း​ကို​ဖြတ် ကာ​အ​မှိုက်​ပုံ​တံ​ခါး​တိုင်​အောင်​လျှောက်​သွား ကြ​၏။ ထို​အ​ခါ​၌​မိုး​မ​လင်း​သေး​ပေ။ ငါ သည်​ဤ​သို့​သွား​ရောက်​လျက်​ပြို​ကျ​နေ​သော မြို့​ရိုး​များ​နှင့်​မီး​လောင်​ပျက်​စီး​သွား​သည့် မြို့​တံ​ခါး​များ​ကို​စစ်​ဆေး​ကြည့်​ရှု​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

န ဂါး ခေါ် ရေ တွင်း တူ ရူ၊ အာ လ ဝီ တံ ခါး ရောက် သွား လျက်၊ ပြို ပျက် သော မြို့ ရိုး နှင့် မီး ကျွမ်း လောင် သော တံ ခါး များ ကို ကြည့် ရှု ဆင် ခြင် ပြီး လျှင်၊

အခန်းကိုကြည့်ပါ။

Judson Bible

ည​အ​ခါ ချိုင့်​တံ​ခါး​ဖြင့်​ထွက်၍၊ န​ဂါး​ရေ​တွင်း​တစ်​ဖက်​တစ်​ချက်၊ နောက်​ချေး​တံ​ခါး​တိုင်​အောင် သွား​သ​ဖြင့်၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ မ​ရှိ​သည်​ကို ကြည့်​ရှု​ပြီး​မှ၊

အခန်းကိုကြည့်ပါ။



နေ​ဟ​မိ 2:13
9 ပူးပေါင်းရင်းမြစ်များ  

ဩဇိ​မင်းကြီး​သည် ဂျေရုဆလင်​မြို့ ထောင့်​တံခါး​၊ ချိုင့်ဝှမ်းလွင်ပြင်​တံခါး​၊ မြို့ရိုး​ထောင့်​တို့​တွင် ရဲတိုက်​များ​ကို အခိုင်အခံ့​တည်ဆောက်​၏​။


သူ​တို့​က “​သုံ့ပန်းဘဝ​မှ​လွတ်မြောက်​ကြွင်းကျန်​သူ​တို့​သည် နေရင်းပြည်​တွင် ဆင်းရဲဒုက္ခ​ကြီးစွာ​ရောက်​ပြီး ကဲ့ရဲ့ရှုတ်ချ​ခြင်း​ကို ခံ​နေ​ရ​ပါ​၏​။ ဂျေရုဆလင်​မြို့ရိုး​လည်း ဖြိုဖျက်​ခြင်း​ခံရ​ပါ​ပြီ​၊ မြို့​တံခါး​များ​လည်း မီး​လောင်ကျွမ်း​သွား​ပါ​ပြီ​”​ဟု ပြောပြ​ကြ​၏​။


ထို့နောက် ငါ​သည် ယုဒ​အကြီးအကဲ​တို့​ကို မြို့ရိုး​ပေါ်​သို့ တက်သွား​စေ​၏​။ ကျေးဇူးတော်​ချီးမွမ်း​မည့်​သံစုံသီချင်း​အဖွဲ့ကြီး​ကို​လည်း နှစ်​ဖွဲ့​ခွဲ​ထား​၍ တစ်ဖွဲ့​ကို နောက်ချေးပုံ​တံခါး​ဘက်​သို့​ဦးတည်​၍ မြို့ရိုး​ပေါ်​တွင် လက်ယာရစ်​စီတန်း​သွား​စေ​၏​။


ငါ​၏​ဘုရားသခင် ငါ့​အား​ဖွင့်ပြ​ပေး​သော ဂျေရုဆလင်​မြို့​နှင့်​ဆိုင်​သည့် လုပ်ဆောင်​ရ​မည့်​အရာ​ကို မည်သူ့​ကို​မျှ​မ​ပြော​၊ ငါ​နှင့်​ပါလာ​သော​လူ​အချို့​တို့​နှင့် ညအချိန်​တွင်​ထ​၍ ငါ​စီးလာ​သော​မြင်း​မှတစ်ပါး အခြား​တိရစ္ဆာန်​တစ်​ကောင်​မျှ​မ​ပါ​ဘဲ


ထို့ကြောင့် ထို​ည​၌​ပင် ချောင်း​နား​သို့​သွား​၍ မြို့ရိုး​ကို ကြည့်ရှု​စစ်ဆေး​ပြီးလျှင် ပြန်လှည့်​လာ​ပြီး ချိုင့်ဝှမ်းလွင်ပြင်​တံခါး​မှ ပြန်​ဝင်လာ​ခဲ့​၏​။


ထို့နောက်မှ ငါ​က “​ငါ​တို့​ခံရ​သော​ဒုက္ခ​ကို သင်​တို့​တွေ့​ပြီ​လော​။ ဂျေရုဆလင်​မြို့​လည်း ပျက်စီး​ပြီ​။ မြို့​တံခါး​များ​လည်း မီး​လောင်ကျွမ်း​ပြီ​။ လာ​ကြ​။ နောက်ထပ် ကဲ့ရဲ့ရှုတ်ချ​မ​ခံရ​အောင် ဂျေရုဆလင်​မြို့ရိုး​ကို ပြန်လည်​တည်ဆောက်​ကြ​စို့​”​ဟု သူ​တို့​အား ဆို​၏​။


မင်းကြီး​အား “​အရှင်မင်းကြီး သက်တော်ရှည်​ပါစေ​။ အကျွန်ုပ်​ဘိုးဘေး​တို့​၏​သင်္ချိုင်းမြေ​ရှိ​ရာ​မြို့​သည် ပျက်စီး​၍ မြို့​တံခါး​များ မီး​လောင်ကျွမ်း​သွား​သောကြောင့် အကျွန်ုပ် မျက်နှာ​မ​ညှိုး​ဘဲ နေ​နိုင်​ပါ​မည်လော​”​ဟု ပြန်လျှောက်​၏​။


“စပျစ်စိုက်ခင်း​သို့​သွား​၍ ဖျက်ဆီး​ကြ​လော့​။ သို့သော်လည်း အကုန်အစင်​မ​ဖျက်ဆီး​နှင့်​။ အခက်အလက်​များ​သည် ထာဝရဘုရား​နှင့် မဆိုင်​သောကြောင့် ဖယ်ပစ်​လော့​။