ဧလိဩနဲ၏သားများမှာ ဟောဒါယ၊ ဧလျာရှိပ်၊ ပေလာယ၊ အက္ကုပ်၊ ယောဟနန်၊ ဒေလာယ၊ အာနနိ ပေါင်းခုနစ်ယောက် ရှိ၏။
နေဟမိ 13:7 - မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့သို့ပြန်လာ၏။ ထိုအခါ ဧလျာရှိပ်သည် ဘုရားသခင်၏အိမ်တော်ဝင်းအတွင်းရှိအခန်းကို တောဘိအား ပေးလိုက်သည်ဟူသော ဧလျာရှိပ်ပြုသည့် မကောင်းမှုကို ငါကြားရ၏။ Common Language Bible ယေရုရှလင်မြို့သို့ပြန်ရောက်၍ဗိမာန်တော် အခန်းတစ်ခုကို တောဘိအားဧလျာရှိပ်ပေး အပ်ထားကြောင်းကြားသိရသောအခါ ငါသည်ထိတ်လန့်၍၊- Garrad Bible ကာ လ ကြာ မှ ဘု ရင် မင်း ထံ အ ခွင့် တောင်း၍၊ ယေ ရု ရှ လင် မြို့ သို့ ပြန် ရောက် သော အ ခါ၊ ဘု ရား သ ခင့် ဗိ မာန် တော် တံ တိုင်း အ တွင်း၊ တော ဘိ ယ အ ဖို့ အ ခန်း ပြင် ဆင် သော ပြစ် မှု ကို ဧ လျာ ရှိပ် ပြု နှင့် ကြောင်း ငါ ကြား သိ လျှင်၊ Judson Bible ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ဧလျာရှိပ်သည် ဘုရားသခင်၏ အိမ်တော်တံတိုင်းထဲမှာ အခန်းကို တောဘိအဖို့ ပြင်ဆင်၍ ဒုစရိုက်ပြုကြောင်းကို ငါကြားသိရ၏။ |
ဧလိဩနဲ၏သားများမှာ ဟောဒါယ၊ ဧလျာရှိပ်၊ ပေလာယ၊ အက္ကုပ်၊ ယောဟနန်၊ ဒေလာယ၊ အာနနိ ပေါင်းခုနစ်ယောက် ရှိ၏။
ထို့နောက်တွင် အကြီးအကဲတို့သည် ငါ့ထံလာ၍ “အစ္စရေးပြည်သားများ၊ ယဇ်ပုရောဟိတ်များအပါအဝင် လေဝိသားတို့သည် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောပြည်သားရင်းများဖြစ်သည့် ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ယေဗုသိလူမျိုး၊ အမ္မုန်လူမျိုး၊ မောဘလူမျိုး၊ အီဂျစ်လူမျိုး၊ အာမောရိလူမျိုးတို့နှင့် ကင်းရှင်းစွာမနေကြ။
ထိုနေ့၌ မောရှေ၏ပညတ္တိကျမ်းကိုလူတို့ ကြားသိအောင် ဖတ်ပြရာတွင် “အမ္မုန်လူမျိုးနှင့် မောဘလူမျိုးတို့သည် ဘုရားသခင်၏လူမျိုးတော်စာရင်းတွင် ဘယ်သောအခါမျှဝင်ခွင့်မရှိစေရ”ဟု ရေးသားထားသည်ကို တွေ့ရှိရ၏။
သူ့အား အခန်းကြီးတစ်ခန်းကို ပေးထား၏။ ထိုအခန်းသည် ယခင်က ဘောဇဉ်ပူဇော်သက္ကာ၊ နံ့သာပေါင်း၊ အသုံးအဆောင်ပစ္စည်းများနှင့်တကွ လေဝိအမျိုးများ၊ တံခါးစောင့်များ၊ သီချင်းသည်များကို ပညတ်တော်အတိုင်းပေးရသော ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ စသည်တို့၏ဆယ်ဖို့တစ်ဖို့နှင့် ယဇ်ပုရောဟိတ်တို့အတွက် အလှူပစ္စည်းတို့ကို သိုထားသောအခန်းဖြစ်၏။
ရန်သူတို့သည် သူ၏အဖိုးတန်ပစ္စည်းအားလုံးကို လက်ဝါးကြီးအုပ်လေပြီ။ လူမျိုးခြားတို့သည် ကိုယ်တော်၏လူအစုအဝေးထဲသို့မဝင်ရဟု ကိုယ်တော်မိန့်မှာတော်မူခဲ့သော်လည်း သန့်ရှင်းရာဌာနတော်အထိပင် သူတို့ဝင်ရောက်ကြသည်ကို သူတွေ့မြင်ရလေပြီ။
အကြောင်းမူကား ငါ့ညီအစ်ကိုတို့၊ သင်တို့အထဲတွင် ပဋိပက္ခဖြစ်ခြင်းရှိသည်ဟု ခလောဣအိမ်သားများက သင်တို့အကြောင်းကို ငါ့အားပြောပြကြ၏။