ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် လူတစ်ထောင်အုပ်များ၊ လူတစ်ရာအုပ်များ၊ ခေါင်းဆောင်များအားလုံးတို့နှင့် တိုင်ပင်ပြီး
နေဟမိ 12:31 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ငါသည် ယုဒအကြီးအကဲတို့ကို မြို့ရိုးပေါ်သို့ တက်သွားစေ၏။ ကျေးဇူးတော်ချီးမွမ်းမည့်သံစုံသီချင်းအဖွဲ့ကြီးကိုလည်း နှစ်ဖွဲ့ခွဲထား၍ တစ်ဖွဲ့ကို နောက်ချေးပုံတံခါးဘက်သို့ဦးတည်၍ မြို့ရိုးပေါ်တွင် လက်ယာရစ်စီတန်းသွားစေ၏။ Common Language Bible ငါသည်ယုဒခေါင်းဆောင်များအားမြို့ရိုးပေါ်တွင်စုရုံးစေပြီးလျှင် မြို့ကိုလှည့်လည်၍ကျေးဇူးတော်ကိုသီဆိုချီးမွမ်းရန်လူစုကြီးနှစ်စုကိုကြီးကြပ်စေ၏။ ပထမတစ်စုသည်အမှိုက်ပုံတံခါးသို့ဦးတည်လျက်မြို့ရိုးပေါ်တွင်လက်ယာရစ်လှည့်ကြ၏။- Garrad Bible ထို အ ခါ၊ ငါ သည် ယု ဒ မှူး မတ် တို့ ကို မြို့ ရိုး ပေါ် သို့ တက် စေ လျက်၊ ထော မ နာ သီ ဆို သူ နှစ် သွယ် အ မြောက် အ မြား ကို စီ မံ ရာ၊ အာ လ ဝီ တံ ခါး သို့ မျက် နှာ မူ လျက်၊ မြို့ ရိုး ထက် လက် ယာ ရစ် စီ တန်း လျှောက် သွား ရ သော တစ် သွယ် နောက်၊ Judson Bible ထိုအခါ ယုဒမင်းတို့ကို မြို့ရိုးပေါ်သို့ငါခေါ်၍၊ ချီးမွမ်းရာသီချင်းဆိုရသော လူစုကြီးနှစ်စုကို ခန့်ထား၏။ တစ်စုကား လက်ယာရစ်လှည့်၍ နောက်ချေးတံခါးသို့ မြို့ရိုးပေါ်မှာ လျှောက်သွားကြ၏။ |
ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် လူတစ်ထောင်အုပ်များ၊ လူတစ်ရာအုပ်များ၊ ခေါင်းဆောင်များအားလုံးတို့နှင့် တိုင်ပင်ပြီး
ဒါဝိဒ်မင်းကြီးသည် အစ္စရေးအကြီးအကဲများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မင်းမှုထမ်းတပ်ဖွဲ့အကြီးအကဲများ၊ လူတစ်ထောင်အုပ်များနှင့် လူတစ်ရာအုပ်များအားလုံး၊ ရှင်ဘုရင်နှင့်သားတော်တို့၏ဥစ္စာပစ္စည်းများ၊ တိရစ္ဆာန်များကိုကြီးကြပ်ပေးရသူများအားလုံး၊ နန်းတွင်းအကြီးအကဲများ၊ စစ်သူရဲများနှင့် ရဲစွမ်းသတ္တိရှိသူအားလုံးတို့ကို ဂျေရုဆလင်မြို့တွင် စုဝေးစေ၏။
ထို့နောက်တွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ်မြို့ ခေါ်ဇိအုန်မြို့သို့ ယူဆောင်လာရန် ရှောလမုန်မင်းကြီးသည် အစ္စရေးသက်ကြီးဝါကြီးများ၊ အစ္စရေးအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်များဖြစ်သော အမျိုးအနွယ်တို့၏အကြီးအမှူးအပေါင်းတို့အား ဂျေရုဆလင်မြို့သို့ လာရောက်စုရုံးစေ၏။
ကျေးဇူးတော်ချီးမွမ်းမည့်သံစုံသီချင်းအဖွဲ့ နောက်တစ်ဖွဲ့သည် လက်ဝဲဘက်သို့လှည့်လည်စီတန်းသွား၏။ ငါနှင့်လူထုတစ်ဝက်သည် မြို့ရိုးပေါ်တွင် သူတို့နောက်မှလိုက်၍ မီးခိုးခေါင်းတိုင်ကိုဖြတ်ပြီး မြို့ရိုးကျယ်အထိ သွားကြ၏။
ထို့နောက် ကျေးဇူးတော်ချီးမွမ်းမည့်သံစုံသီချင်းအဖွဲ့နှစ်ဖွဲ့သည် ဘုရားသခင်၏အိမ်တော်ထဲတွင် ရပ်နေကြ၏။ ငါနှင့် ကြီးကြပ်သူတစ်ဝက်လည်း ပါ၏။
ထိုညအချိန်တွင်ပင် ချိုင့်ဝှမ်းလွင်ပြင်တံခါးမှထွက်၍ မြွေနဂါးရေတွင်းနှင့်မျက်နှာချင်းဆိုင် နောက်ချေးပုံတံခါးသို့သွားပြီး ပြိုပျက်သွားသောဂျေရုဆလင်မြို့ရိုးနှင့် မီးလောင်ကျွမ်းသွားသောတံခါးများကို ကြည့်ရှုစစ်ဆေး၏။