သူအသက်ရှင်သမျှကာလပတ်လုံး သူ့အဖို့ စားစရိတ်၊ သုံးစရိတ်စသည့် နေ့စဉ်လိုအပ်ချက်ကို ရှင်ဘုရင်သည် သူ့အား ပေးသနားလေ၏။
နေဟမိ 11:23 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်သည် သီချင်းသည်များနေ့စဉ်နေ့တိုင်းပုံမှန်ပြုရမည့်အမှုကို စီရင်ချမှတ်ထား၏။ Common Language Bible သားချင်းစုတို့သည်ဗိမာန်တော်တွင်သီဆို တီးမှုတ်မှုကို နေ့စဉ်အဘယ်သို့အလှည့် ကျဦးဆောင်ရကြမည်ကိုဖော်ပြသည့် ဘုရင့်ညွှန်ကြားချက်များရှိ၏။ Judson Bible အကြောင်းမူကား၊ သီချင်းသည်တို့သည် နေ့ရက် အစဉ်အတိုင်း စားစရာရိက္ခာကို ခံရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိ၏။ |
သူအသက်ရှင်သမျှကာလပတ်လုံး သူ့အဖို့ စားစရိတ်၊ သုံးစရိတ်စသည့် နေ့စဉ်လိုအပ်ချက်ကို ရှင်ဘုရင်သည် သူ့အား ပေးသနားလေ၏။
အိမ်တော်အခန်းများတွင်နေထိုင်ရသော လေဝိမျိုးနွယ်စုခေါင်းဆောင်သီချင်းသည်တို့သည် နေ့ရောညပါအမှုတော်ထမ်းရသောကြောင့် အခြားတာဝန်များနှင့် ကင်းလွတ်ခွင့်ရကြ၏။
ဇေရုဗဗေလနှင့် နေဟမိတို့ခေတ်တွင်လည်း အစ္စရေးလူအပေါင်းတို့သည် သီချင်းသည်များနှင့် တံခါးစောင့်များအတွက် နေ့စဉ်လိုအပ်သည်များကို ပေးလှူကြ၏။ လေဝိအမျိုးတို့အတွက်လည်း သီးသန့်ပေးလှူကြ၏။ လေဝိအမျိုးတို့သည်လည်း အာရုန်သားမြေးတို့အတွက် သီးသန့်ပေးလှူကြ၏။