နေဟမိ 11:13 - မြန်မာ့စံမီသမ္မာကျမ်း သူ၏ညီအစ်ကိုဖြစ်သောဘိုးဘေးခေါင်းဆောင်ပေါင်း နှစ်ရာလေးဆယ့်နှစ်ယောက်အပါအဝင် ဣမေရ၏တီ၊ မေရှိလမုတ်၏မြစ်၊ အဟာသဲ၏မြေး၊ အာဇရေလ၏သား အာမရှဲနှင့် Common Language Bible ဤသားချင်းစုမှလူပေါင်းနှစ်ရာလေးဆယ် နှစ်ယောက်တို့သည်အိမ်ထောင်ဦးစီးများဖြစ် ကြ၏။ အဟဇိ၏မြေး၊အာဇရေလ၏သားအာမရှဲ။ သူ၏ဘိုးဘေးများတွင်မေရှိလမုတ်နှင့် ဣမေရတို့ပါဝင်သည်။- Garrad Bible အိမ် ထောင် အ အုပ် အ ချုပ် ဆွေ မျိုး သား ချင်း နှစ် ရာ့ လေး ဆယ့် နှစ် ပါး၊ ဣ မေ ရ တီ၊ မေ ရှိ လ မုတ် မြစ်၊ အ ဟာ သဲ မြေး၊ အာ ဇ ရေ လ သား အာ မ ရှဲ အ စ ရှိ သော၊ Judson Bible အဆွေအမျိုးသူကြီး အမျိုးသားချင်း နှစ်ရာလေးဆယ်နှစ်ယောက်တည်း။ ဣမေရ၊ မေရှိလမုတ်၊ အဟာသဲ၊ အာဇရေလတို့မှ ဆင်းသက်သော အာမရှဲအစရှိသော၊ |
အိမ်တော်အမှုကိုထမ်းဆောင်သော သူတို့၏ညီအစ်ကိုရှစ်ရာနှစ်ဆယ့်နှစ်ယောက်အပါအဝင် မာလခိယ၏ကျွတ်၊ ပါရှုရ၏တွတ်၊ ဇာခရိ၏တီ၊ အံဇိ၏မြစ်၊ ပေလလိ၏မြေး၊ ယေရောဟံ၏သား အဒါယနှင့်
သူတို့၏ညီအစ်ကိုဖြစ်သောစစ်သူရဲတစ်ရာနှစ်ဆယ့်ရှစ်ယောက် ဖြစ်၏။ သူတို့ကိုကြီးကြပ်သူမှာ ဟဂဒေါလိမ်၏သား ဇာဗဒေလ ဖြစ်၏။