လေသည် လက်ခုပ်လက်ဝါးတီးလျက်၊ ပြောင်လှောင်လျက် သူ့ကို သူ့နေရာမှတိုက်ထုတ်လိမ့်မည်။
နာဟုံ 3:19 - မြန်မာ့စံမီသမ္မာကျမ်း သင့်ဒဏ်ရာကို ကုသပေးမည့်သူမရှိ။ သင့်အနာသည် ဆိုးရွားလှ၏။ သင်မနှိပ်စက်ခဲ့ဖူးသူ ရှိသလော။ ထို့ကြောင့် သင့်သတင်းကို ကြားရသောသူအားလုံး လက်ခုပ်တီးကြလိမ့်မည်။ Common Language Bible သင်၏အနာများအတွက်ဆေးမရှိ။ သင် ၏ဒဏ်ရာများကိုလည်းပျောက်ကင်းအောင် ကုသ၍မရနိုင်။ သင်ဆုံးပါးပျက်စီး သည့်သတင်းကိုကြားသိကြသူအပေါင်း တို့သည်ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီး ကြ၏။ အဘယ်သူမျှသင်၏အတိုင်းမသိ ရက်စက်ကြမ်းကြုတ်မှုနှင့်ကင်းလွတ်ခဲ့သည် ဟူ၍မရှိ။ ပရောဖက်နာဟုံစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။ Garrad Bible ပြင်း ထန် စွာ သင် ခံ ရ သော ဒဏ် ချက် ကို ကု သ၍ မ ရ သင့် မ သ မာ မှု ကို မ ခံ ဘဲ နေ ရ သော လူ တ မျိုး မျှ မ ရှိ သည့် အ တိုင်း သင့် အ ကြောင်း သ တင်း ကြား ရ သူ အ ပေါင်း တို့ သည် လက် ပမ်း ပေါက် ခတ် ကြ လိမ့် သ တည်း ဟု မိန့် တော် မူ၏။ Judson Bible သင်၏အနာမပျောက်နိုင်။ ပြင်းစွာခံရ၏။ သင်၏သတင်းကို ကြားသမျှသော သူတို့သည် သင့်အပေါ်မှာ လက်ခုပ်တီးကြလိမ့်မည်။ အကြောင်းမူကား၊ သင်ပြုသော အဓမ္မအမှုကိုမခံဘဲ လွတ်သောသူကား အဘယ်သူနည်း။ ပရောဖက်နာဟုံ စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။ |
လေသည် လက်ခုပ်လက်ဝါးတီးလျက်၊ ပြောင်လှောင်လျက် သူ့ကို သူ့နေရာမှတိုက်ထုတ်လိမ့်မည်။
ကြည့်ရှုလော့။ အဆီးရီးယားဘုရင်တို့သည် တိုင်းပြည်အားလုံး အကုန်အစင်ပျက်စီးသွားအောင် မည်သို့ပြုခဲ့သည်ကို သင်ကြားရပြီ။ သင်လည်း လွတ်မြောက်မည်ဟုမထင်နှင့်။
အို ထာဝရဘုရား၊ အကယ်စင်စစ် အဆီးရီးယားဘုရင်တို့သည် လူမျိုးအပေါင်းတို့နှင့် သူတို့၏ပြည်ကို ဖျက်ဆီးပါပြီ။
သတင်းတစ်ခုရောက်လာ၏။ ကြည့်ရှုလော့။ တုန်ဟည်းသံကြီးသည် မြောက်အရပ်မှလာ၍ ယုဒမြို့ရွာများကို လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်၊ ခွေးအတို့ခိုအောင်းရာဖြစ်စေမည်။
အို အီဂျစ်သမီးပျို၊ ဂိလဒ်ပြည်သို့သွား၍ လိမ်းဆေးကိုယူလော့။ သင်သည် ဆေးအမျိုးစုံလိမ်းသော်လည်း အချည်းနှီးသာဖြစ်၏။ သင့်အနာ ပျောက်ကင်းမည်မဟုတ်။
လမ်းသွားလမ်းလာအားလုံး သင့်ကိုလက်ခုပ်တီး၍ ကဲ့ရဲ့ကြပြီ။ ထိုသူတို့သည် ခေါင်းကိုခါယမ်းလျက် ဂျေရုဆလင်သမီးပျိုအား “လှပမှုအပေါင်းစုံလင်ရာမြို့၊ မြေကြီးသားအားလုံးဝမ်းမြောက်ရာမြို့ကား ဤမြို့ပေလော”ဟု ဆိုကြပြီ။
ဘုရားရှင်ထာဝရဘုရားက ‘သင်သည် ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီးကခုန်လျက် အစ္စရေးပြည်ကို ပြောင်လှောင်သောကြောင့်
“ထလော့။ နိနေဝေမြို့ကြီးသို့ သွားလော့။ သူတို့ပြုသောမကောင်းမှုများသည် ငါ့ရှေ့မှောက်တွင် ထင်ရှားလှပြီဖြစ်၍ သူတို့ကို ဆန့်ကျင်ဟောပြောလော့”ဟု မိန့်ဆို၏။
အကြောင်းမူကား မပျောက်ကင်းနိုင်သော ရှမာရိမြို့၏ဒဏ်ရာများသည် ယုဒပြည်အထိ ရောက်လေပြီ။ ဂျေရုဆလင်မြို့ရှိ အကျွန်ုပ်လူမျိုး၏မြို့တံခါးသို့ ရောက်လေပြီ။
သူသည် သန့်ရှင်းသူတို့ကိုစစ်တိုက်၍ အောင်နိုင်သောအခွင့်ကိုရရှိပြီး မျိုးနွယ်စု၊ လူမျိုး၊ ဘာသာစကားနှင့် တိုင်းနိုင်ငံအသီးသီးတို့မှလူတို့အား အုပ်စိုးရသောအခွင့်ကိုလည်းရရှိ၏။
ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြပြီး ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့သည်လည်း သူ၏တရားနှင့်မညီမေထုန်ပြုခြင်းစပျစ်ဝိုင်ဖြင့် ယစ်မူးကြ၏”ဟု မြွက်ဆိုပြီးလျှင်
ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။