ထာဝရဘုရားကို ဆန့်ကျင်ကြံစည်သူ၊ ဆိုးဝါးယုတ်ညံ့သောအကြံကို ပေးသူတစ်ဦး သင့်အထဲမှ ပေါ်လာလိမ့်မည်။
အို နိနေဝေမြို့၊ စီမံကိန်းအမျိုးမျိုးဖြင့်ထာဝရ ဘုရားအား မကောင်းကြံစည်သူလူတစ်ယောက် သည်သင့်အထဲကထွက်ပေါ်လာလေပြီ။-
ထာ ဝ ရ ဘု ရား ကို ဒု က္ခ ရှာ လျက် မ တ ရား ကြံ စည် သော သူ တစ် ဦး သည် ထို မြို့ တွင်း မှ ပေါ် ထွက် သည် ကို ထောက်၍
ထာဝရဘုရားတစ်ဖက်၌ မကောင်းသော အကြံကို ကြံစည်သော အဓမ္မတိုင်ပင်အမတ်သည် သင့်အထဲက ပေါ်လာပြီ။
ဂိလဂါလမြို့တွင် ဗင်္ယာမိန်အမျိုးသား ဗိခရိ၏သားဖြစ်သူ ရှေဘအမည်ရှိသော ဆိုးညစ်သူ တစ်ဦးရှိ၏။ သူသည် တံပိုးကိုမှုတ်၍ “ဒါဝိဒ်၌ ငါတို့ ဝေစုမရှိ။ ယေရှဲ၏သား၌ ငါတို့ အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်အိမ်သို့ ကိုယ်ပြန်ကြ”ဟု ဆို၏။
ထာဝရဘုရားသည် ငါတို့ကို အမှန်ပင်ကယ်နုတ်တော်မူမည်။ ဤမြို့သည် အဆီးရီးယားဘုရင်လက်သို့မရောက်ရဟု ဆိုလျက် ထာဝရဘုရားကို ကိုးစားလာအောင် ဟေဇကိလှည့်စားသည်ကို သင်တို့မခံကြနှင့်’ဟု မိန့်ဆို၏။
လူဆိုးလူမိုက်တို့သည် ယေရောဗောင်နှင့်ပူးပေါင်းပြီး ရှောလမုန်မင်းကြီး၏သားတော်ရောဗောင်ကို ဆန့်ကျင်ခဲ့ကြ၏။ ရောဗောင်သည် ငယ်ရွယ်သူဖြစ်၍ အတွေ့အကြုံနည်းသဖြင့် သူတို့ကို မတွန်းလှန်နိုင်ခဲ့ပေ။
ထိုအခါ ငါ့အား “အချင်းလူသား၊ ဤလူတို့သည် မကောင်းသောအကြံကိုကြံစည်သောသူများ၊ ဤမြို့သားတို့ကို မကောင်းသောအကြံဉာဏ်ပေးသောသူများဖြစ်၏။
အိပ်ရာထက်တွင် ဒုစရိုက်ပြုဖို့ကြံစည်နေသူ၊ မကောင်းမှုပြုဖို့တွေးနေသူတို့သည် အမင်္ဂလာရှိ၏။ ထိုသူတို့သည် လုပ်နိုင်စွမ်းရှိသည့်အတိုင်း မိုးလင်းသောအခါ ထိုအကြံအတိုင်း လုပ်တတ်ကြ၏။
ထာဝရဘုရားကိုဆန့်ကျင်၍ မည်သည့်အကြံကို သင်တို့ကြံစည်နေကြသနည်း။ ကိုယ်တော်သည် အဆုံးသတ်စေပြီ။ ဆင်းရဲဒုက္ခကို ဒုတိယအကြိမ် ရောက်လာစေမည်မဟုတ်။
ဧလိ၏သားတို့သည် ထာဝရဘုရားနှင့် အကျွမ်းမဝင်၊ ဆိုးညစ်သောသားများဖြစ်ကြ၏။