တောင်ဘုရင်လည်း ခံပြင်း၍ မြောက်ဘုရင်ကို ထွက်တိုက်မည်။ မြောက်ဘုရင်သည် စစ်သည်အလုံးအရင်းစုဆောင်းထားသော်လည်း ထိုစစ်သည်အလုံးအရင်းသည် တောင်ဘုရင်လက်သို့ ရောက်သွားရလိမ့်မည်။
ဒံယေလ 8:7 - မြန်မာ့စံမီသမ္မာကျမ်း သိုးထီးအနီးသို့ ရောက်လာသောအခါ အမျက်ဒေါသဖြင့် သိုးထီးကိုတိုက်ခိုက်ပြီး သိုးထီး၏ချိုနှစ်ချောင်းအား ချိုးဖဲ့ပစ်သည်ကို ငါမြင်ရ၏။ သိုးထီး၌ ဆိတ်ထီးကို ယှဉ်နိုင်သောခွန်အားမရှိ။ ဆိတ်ထီးသည် သူ့ကိုမြေပေါ်တွင်လှဲချကာ နင်းချေပစ်၏။ မည်သူမျှ သူ့ကို ဆိတ်ထီးလက်မှ မကယ်နုတ်နိုင်။ Common Language Bible ငါသည်ဆိတ်ကသိုးအားဝှေ့သည်ကိုကြည့် ၍နေ၏။ ဆိတ်သည်ပြင်းစွာအမျက်ထွက်၍ သိုးကိုတအားကုန်ဝှေ့လိုက်ရာသိုး၏ဦး ချိုနှစ်ချောင်းကျိုးလေ၏။ သိုးသည်ပြန်လည် ခုခံနိုင်စွမ်းမရှိသဖြင့်မြေပေါ်သို့လဲ ကျကာခြေနှင့်အနင်းခံရလေသည်။ အဘယ်သူမျှသူ့အားမကယ်နိုင်တော့ပေ။ Garrad Bible အ မျက် ဒေါ သ နှင့် ထို သိုး ထီး ကို ချဉ်း ကပ် ခတ် ဝှေ့ လျက် ဦး ချို နှစ် ချောင်း လုံး ချိုး ဖဲ့ သည် ကို ငါ မြင်၏။ သိုး ထီး၌ ခံ ရပ် နိုင် သော အ စွမ်း မ ရှိ သ ဖြင့် ၎င်း ကို မြေ သို့ လှဲ၍ ဖိ နင်း လေ၏။ လက် တွင်း မှ လည်း ကယ် လွှတ် ခြင်း ငှာ စွမ်း နိုင် သူ မ ရှိ ချေ။ Judson Bible အနားသို့ ရောက်သောအခါ၊ ပြင်းစွာ အမျက်ထွက်သဖြင့် သိုးကို ခတ်၍ သိုးချိုနှစ်ချောင်းကို ချိုးဖဲ့၏။ သိုးသည် ခံနိုင်သော တန်ခိုးမရှိသည် ဖြစ်၍ ဆိတ်သည် သူ့ကိုမြေ၌လှဲ၍ နင်းလေ၏။ သူ့လက်မှ အဘယ်သူမျှ သိုးကို မကယ်မလွှတ်နိုင်။ |
တောင်ဘုရင်လည်း ခံပြင်း၍ မြောက်ဘုရင်ကို ထွက်တိုက်မည်။ မြောက်ဘုရင်သည် စစ်သည်အလုံးအရင်းစုဆောင်းထားသော်လည်း ထိုစစ်သည်အလုံးအရင်းသည် တောင်ဘုရင်လက်သို့ ရောက်သွားရလိမ့်မည်။
အခြားသားရဲတို့မှာ အာဏာရုပ်သိမ်းခြင်း ခံရသော်လည်း အချိန်ကာလတစ်ခုအထိ အသက်ရှင်ခွင့်ရကြ၏။
တစ်ဖန် ထိုညအချိန် စိတ်အာရုံတွင် စတုတ္ထသားရဲကို ငါမြင်ရ၏။ ထိုသားရဲသည် အလွန်တန်ခိုးကြီး၍ ကြောက်မက်ဖွယ်၊ ထိတ်လန့်ဖွယ် ကောင်း၏။ အလွန်သန်မာ၏။ သံသွားကြီးများ ရှိ၍ အစာကို တစ်စစီချိုးဖဲ့ကိုက်စားဝါးမျိုနေ၏။ အကြွင်းအကျန်ကိုခြေဖြင့်လည်း နင်းချေဖျက်ဆီး၏။ ထိုသားရဲသည် ယခင်သားရဲတို့နှင့်မတူ တစ်မူထူးခြား၏။ ချိုဆယ်ချောင်း ပါ၏။
ကောင်းကင်ဗိုလ်ခြေအထိ ကြီးမားလာ၍ ကောင်းကင်ဗိုလ်ခြေနှင့် ကြယ်အချို့တို့ကိုပင် မြေပေါ်သို့ဆွဲချနင်းချေပစ်၏။
မြစ်ဘေးတွင်ရပ်နေသည်ကို ငါမြင်ရသော ချိုနှစ်ချောင်းရှိသိုးထီးထံသို့ ထိုဆိတ်ထီးသည် ဒေါသတကြီး ပြေးလာ၏။
ဤသို့ဖြင့် ထိုဆိတ်ထီးသည် အားကြီးသည်ထက်ကြီးလာ၏။ ထိုသို့ ခွန်အားကြီးလာသော်လည်း သူ့ချိုကြီးကျိုးသွား၍ ထိုချိုနေရာတွင် ကောင်းကင်အရပ်လေးမျက်နှာသို့မျက်နှာမူ၍ သိသာထင်ရှားသောချိုလေးချောင်း ပေါက်လာ၏။
သူတို့သည် လိုက်သောသူမရှိသော်လည်း ဓားဘေးမှထွက်ပြေးသောသူကဲ့သို့ တစ်ဦးကိုတစ်ဦး တိုက်မိကြလိမ့်မည်။ သင်တို့သည် မိမိတို့၏ရန်သူများကို ရင်ဆိုင်နိုင်မည်မဟုတ်။
အာဣမြို့သားတို့သည် အနောက်သို့လှည့်ကြည့်သောအခါ မြို့ထဲမှမီးခိုးများ ကောင်းကင်သို့တက်နေသည်ကို မြင်၏။ ထိုအခါ မည်သည့်ဘက်သို့ ပြေးရမည်ကို မသိဖြစ်ကြ၏။ တောကန္တာရဘက်သို့ပြေးသွားသောစစ်သည်တို့ကလည်း အနောက်မှလိုက်သောသူတို့ထံ ပြန်လှည့်လာ၏။