ထိုသူကလည်း “သင့်ထံသို့ အဘယ်ကြောင့် ငါရောက်လာရသည်ကို သင်သိသလော။ ယခု ငါသည် ပါးရှားနိုင်ငံစောင့်မင်းနှင့် စစ်တိုက်ရန် ပြန်သွားရမည်။ ငါထွက်သွားပြီးနောက် ဂရိနိုင်ငံစောင့်မင်း ရောက်လာလိမ့်မည်။
ဒံယေလ 8:21 - မြန်မာ့စံမီသမ္မာကျမ်း အမွေးထူသောဆိတ်ထီးသည် ဂရိဘုရင်ကို ဆိုလို၏။ ထိုဆိတ်ထီး၏မျက်စိနှစ်လုံးကြားရှိချိုကြီးသည် ပထမဘုရင်ကို ဆိုလို၏။ Common Language Bible ဆိတ်သည်ဂရိတ်နိုင်ငံဖြစ်၏။ သူ၏မျက်စိ များအကြားမှငေါ၍ထွက်နေသောဦးချို ကား ထိုနိုင်ငံ၏ပထမမြောက်ဘုရင်ဖြစ်၏။- Garrad Bible ဆိတ် ထီး ကား ဂ ရိတ် လူ မျိုး ဘု ရင် တည်း။ မျက် မှောင် ကြား၌ ရှိ သော ဦး ချို ကြီး ကား ပ ဌ မ ဘု ရင် တည်း။ Judson Bible အမွေးကြမ်းသော ဆိတ်သည် ဟေလသရှင်ဘုရင် ဖြစ်၏။ မျက်စိနှစ်လုံးကြား၌ရှိသော ချိုကြီးသည် ပထမမင်းဖြစ်၏။ |
ထိုသူကလည်း “သင့်ထံသို့ အဘယ်ကြောင့် ငါရောက်လာရသည်ကို သင်သိသလော။ ယခု ငါသည် ပါးရှားနိုင်ငံစောင့်မင်းနှင့် စစ်တိုက်ရန် ပြန်သွားရမည်။ ငါထွက်သွားပြီးနောက် ဂရိနိုင်ငံစောင့်မင်း ရောက်လာလိမ့်မည်။
ယခု သင့်အား မှန်သောအရာကို ပြောပြမည်။ ကြည့်ရှုလော့။ ပါးရှားနိုင်ငံတွင် ရှင်ဘုရင်သုံးပါး ထပ်ပေါ်လာလိမ့်မည်။ ထို့နောက် ပေါ်လာမည့်စတုတ္ထဘုရင်သည် အခြားဘုရင်အားလုံးထက် ဓနဥစ္စာကြွယ်ဝသူဖြစ်မည်။ သူသည် ဓနဥစ္စာဖြင့် အင်အားကြီးလာသောအခါ လူအပေါင်းတို့ကို လှုံ့ဆော်၍ ဂရိနိုင်ငံကို တိုက်ခိုက်လိမ့်မည်။
ထို့နောက် အားကြီးသောရှင်ဘုရင်တစ်ပါး ပေါ်လာလိမ့်မည်။ သူသည် ဩဇာအာဏာကြီးမားလျက် အုပ်စိုးလိမ့်မည်။ အလိုရှိသည့်အတိုင်း ပြုလိမ့်မည်။
အရှင်မင်းကြီးနောက်တွင် အရှင်မင်းကြီးထက်အင်အားနည်းသော နိုင်ငံတစ်ခု ပေါ်ထွန်းလိမ့်မည်။ ထို့နောက် တတိယနိုင်ငံတစ်ခုဖြစ်သော ကြေးနီနိုင်ငံပေါ်ထွန်းပြီး မြေတစ်ပြင်လုံးကို အုပ်စိုးလိမ့်မည်။
တစ်ဖန် ငါကြည့်နေစဉ် ကျားသစ်နှင့်တူသော အခြားသားရဲတစ်ကောင် ထွက်လာ၏။ ထိုသားရဲ၏ကျောပေါ်တွင် ငှက်အတောင်လေးခု၊ ဦးခေါင်း လေးလုံးပါ၏။ သူ့အား အာဏာစက်ကို ပေးအပ်ထား၏။
သင်မြင်ခဲ့ရသောသိုးထီး၌ပါသည့်ချိုနှစ်ချောင်းမှာ မေဒိဘုရင်နှင့် ပါးရှားဘုရင်ကို ဆိုလို၏။
ထိုချိုကြီးသည် ကျိုးသွား၍ ထိုနေရာတွင်ပေါက်လာသောချိုလေးချောင်းသည် ထိုနိုင်ငံမှပေါ်လာမည့်နိုင်ငံလေးနိုင်ငံ ဖြစ်၏။ သို့သော် ထိုနိုင်ငံကဲ့သို့ တန်ခိုးထွားမည်မဟုတ်။
ငါသည် ယုဒကို လေးသဖွယ် တင်မည်၊ ဧဖရိမ်ကို မြားသဖွယ် ပြုမည်။ အို ဇိအုန်၊ သင့်သားတို့ကို ငါနှိုးဆော်မည်။ အို ဂရိ၊ သင့်သားတို့ကို ငါဆန့်ကျင်မည်။ သင့်ကို စစ်သူရဲ၏ဓားသဖွယ် ဖြစ်စေမည်။”