ဒံယေလ 8:21 - Common Language Bible21 ဆိတ်သည်ဂရိတ်နိုင်ငံဖြစ်၏။ သူ၏မျက်စိ များအကြားမှငေါ၍ထွက်နေသောဦးချို ကား ထိုနိုင်ငံ၏ပထမမြောက်ဘုရင်ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible21 ဆိတ် ထီး ကား ဂ ရိတ် လူ မျိုး ဘု ရင် တည်း။ မျက် မှောင် ကြား၌ ရှိ သော ဦး ချို ကြီး ကား ပ ဌ မ ဘု ရင် တည်း။ အခန်းကိုကြည့်ပါ။Judson Bible21 အမွေးကြမ်းသော ဆိတ်သည် ဟေလသရှင်ဘုရင် ဖြစ်၏။ မျက်စိနှစ်လုံးကြား၌ရှိသော ချိုကြီးသည် ပထမမင်းဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 အမွေးထူသောဆိတ်ထီးသည် ဂရိဘုရင်ကို ဆိုလို၏။ ထိုဆိတ်ထီး၏မျက်စိနှစ်လုံးကြားရှိချိုကြီးသည် ပထမဘုရင်ကို ဆိုလို၏။ အခန်းကိုကြည့်ပါ။ |
ထိုသူက``သင့်ထံသို့ငါလာသည့်အကြောင်း ကိုသင်သိသလော။ ငါလာရသည့်အကြောင်း မှာသမ္မာတရားစာစောင်တော်တွင်ရေးသား ဖော်ပြချက်ကို သင့်အားပြောကြားရန်ဖြစ် ပါသည်။ ငါသည်ယခုပြန်၍ပါရှနိုင်ငံ ကိုစောင့်ထိန်းသည့်ကောင်းကင်တမန်နှင့်စစ် တိုက်ရမည်။ ထိုနောက်ဂရိတ်နိုင်ငံကိုစောင့်ထိန်း သည့်ကောင်းကင်တမန်နှင့်တိုက်ခိုက်ရမည်။ ဣသရေလနိုင်ငံကိုစောင့်ထိန်းသည့်ကောင်း ကင်တမန်မိက္ခေလမှတစ်ပါး ငါ့အားကူ ညီမည့်သူတစ်ဦးတစ်ယောက်မျှမရှိ။
သင့်အားယခုငါပြောပြမည့်အရာ များသည်အမှန်ဖြစ်ပျက်မည်'' ဟုဆို၏။ ကောင်းကင်တမန်က``ပါရှနိုင်ငံတွင်နောက် ထပ်ဘုရင်သုံးပါးပေါ်ထွန်းလာလိမ့်မည်။ ထိုနောက်စတုတ္ထဘုရင်ပေါ်ထွန်းကာ အခြား ဘုရင်များထက်ပို၍ချမ်းသာကြွယ်ဝလိမ့် မည်။ သူသည်မိမိတန်ခိုးအာဏာအကြီး မားဆုံး၊ အချမ်းသာဆုံးအချိန်သို့ရောက် သောအခါ ဂရိတ်နိုင်ငံအားစစ်မက်ပြိုင် ဆိုင်ရန်ဖိတ်ခေါ်လိမ့်မည်။