ဒံယေလ 8:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဂါဗြေလသည် ငါ့ထံချဉ်းကပ်လာသဖြင့် ငါလည်း ကြောက်လန့်တုန်လှုပ်၍ မှောက်လျက်လဲကျသွား၏။ သူကလည်း “အချင်းလူသား၊ ဤဗျာဒိတ်နိမိတ်သည် နောက်ဆုံးကာလနှင့်ဆိုင်သည်ကို သိမှတ်လော့”ဟု ငါ့အား ပြောပြ၏။ Common Language Bible ဂါဗြေလသည်ငါ၏အနီးသို့လာ၍ရပ် လိုက်သောအခါငါသည်လွန်စွာထိတ်လန့် သွားသဖြင့်မြေသို့လဲကျလေသည်။ ဂါဗြေလက``အချင်းလူသား၊ ရူပါရုံ၏ အနက်ကိုနားလည်လော့။ ထိုရူပါရုံသည် ကပ်ကမ္ဘာကုန်ဆုံးချိန်နှင့်သက်ဆိုင်၏'' ဟု ငါ့အားဆို၏။- Garrad Bible ယ ခင် သူ သည် ငါ ရပ် နေ ရာ သို့ ချဉ်း လာ လျှင် ငါ ကြောက် ရွံ့၍ ပျပ် ဝပ် လျက် နေ ရာ ထို သူ က၊ အ ချင်း လူ့ သား၊ ဤ ရူ ပါ ရုံ သည် အ န္တိ မ ကာ လ နှင့် ဆိုင် သည် ဖြစ်၍ သ တိ မူ လော့ ဟု ပြော ဆို၏။ Judson Bible ထိုသူသည် ငါရပ်နေရာအပါးသို့လာလျှင်၊ ငါသည် ကြောက်ရွံ့၍ ပျပ်ဝပ်လျက်နေ၏။ ထိုသူက၊ အချင်းလူသား၊ နားလည်လော့။ ဤဗျာဒိတ်ရူပါရုံသည် အမှုကုန်ရသောကာလနှင့် ဆိုင်သည်ဟု ငါ့အား ပြောဆို၏။ |
ထိုအလင်းသည် မိုးရွာသောနေ့၌ မိုးတိမ်တွင်ထွက်ပေါ်လာသော သက်တံ၏အရောင်ကဲ့သို့ ပတ်ပတ်လည်တွင် ရောင်ခြည်ဖြာထွက်နေ၏။ ထာဝရဘုရား၏ဘုန်းအသရေ ထွန်းလင်းသကဲ့သို့ဖြစ်၏။ ထိုအရာကိုမြင်၍ ငါပျပ်ဝပ်လျက်နေစဉ် တစ်စုံတစ်ယောက်စကားပြောသောအသံကို ငါကြားရ၏။
ထိုသူက ငါ့အား “အချင်းလူသား၊ မတ်တတ်ရပ်လော့။ သင့်ကို ငါစကားပြောမည်”ဟု ဆို၏။
ထို့နောက် ထိုသူသည် ငါ့အား မြောက်ဘက်ဝင်ပေါက်လမ်းမှ အိမ်တော်ရှေ့သို့ ခေါ်ဆောင်သွား၏။ ငါကြည့်လိုက်သော် ထာဝရဘုရား၏အိမ်တော်သည် ထာဝရဘုရား၏ဘုန်းတော်နှင့် ပြည့်လျက်နေသည်ကို တွေ့ရ၏။ ငါသည်လည်း ပျပ်ဝပ်လေ၏။
ထိုသူက “နှစ်သက်မြတ်နိုးခြင်းခံရသူဒံယေလ၊ ငါပြောသောစကားကို ဆင်ခြင်သုံးသပ်လော့။ ထ၍ ရပ်လော့။ ငါသည် သင့်ထံသို့ စေလွှတ်ခြင်းခံရသောသူဖြစ်၏”ဟု ငါ့အား ဤစကားကိုပြောဆိုလျှင် ငါသည် တုန်ရီလျက် ရပ်လေ၏။
ထိုအခါ လူသဏ္ဌာန်နှင့်တူသောသူက ငါ့နှုတ်ခမ်းကို တို့၏။ ငါလည်း နှုတ်ကိုဖွင့်၍ ငါ့ရှေ့၌ရပ်နေသောသူအား “အကျွန်ုပ်၏သခင်၊ ဤနိမိတ်အာရုံကြောင့် အကျွန်ုပ်သည် ပြင်းထန်သောဝေဒနာကိုခံစားရ၍ ခွန်အားလည်း ကုန်ခန်းပါပြီ။
ထိုဘုရင်နှစ်ပါးစလုံးသည် မကောင်းမှုကိုပြုလိုသောစိတ်ရှိကြ၏။ သူတို့သည် စားပွဲတစ်ခုတည်းတွင် အတူထိုင်၍ မုသားစကားပြောဆိုကြလိမ့်မည်။ သို့သော် အဆုံးအတွက် သတ်မှတ်ထားသောအချိန်မရောက်သေးသောကြောင့် အောင်မြင်လိမ့်မည်မဟုတ်။
နောက်ဆုံးကာလတွင် တောင်ဘုရင်သည် သူ့ကို တွန်းလှန်တိုက်ခိုက်လိမ့်မည်။ မြောက်ဘုရင်သည်လည်း စစ်ရထားများ၊ မြင်းစီးသူရဲများ၊ သင်္ဘောများဖြင့် မုန်တိုင်းတိုက်သကဲ့သို့ ချီလာ၍ တိုင်းပြည်များကို ဝင်ရောက်လွှမ်းမိုးတိုက်ခိုက်သွားလိမ့်မည်။
သင်မူကား အဆုံးတိုင်အောင် ဆက်လျှောက်လော့။ သင်သည် ငြိမ်းချမ်းစွာနေရမည်။ နောက်ဆုံးသောနေ့ရက်ကာလ၌ သင်သည် ရပ်၍ အမွေဝေစုကိုခံယူရလိမ့်မည်”ဟု ငါ့အား ဆို၏။
အို ဒံယေလ၊ သင်မူကား နောက်ဆုံးကာလတိုင်အောင် ဤစကားတို့ကို လျှို့ဝှက်ထားလော့၊ ဤစာစောင်ကို တံဆိပ်ခတ်ထားလော့။ လူအများတို့မူကား လှည့်လည်ရှာဖွေ၍ အသိပညာတိုးပွားကြလိမ့်မည်”ဟု ငါ့အား ပြောပြ၏။
ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ဒံယေလအား ပျပ်ဝပ်ရှိခိုးပြီးလျှင် ဘောဇဉ်ပူဇော်သက္ကာနှင့် အမွှေးနံ့သာကို သူ့အားဆက်သကြရန် အမိန့်ပေးလေ၏။
ထို့ကြောင့် ငါသည် အနားတွင်ရပ်နေသောသူတစ်ဦးထံသွားပြီး ဤအဖြစ်အပျက်အလုံးစုံနှင့်ပတ်သက်သည့် အနက်အဓိပ္ပာယ်အမှန်ကို မေးကြည့်လျှင် ထိုသူက ဤအဖြစ်အပျက်အလုံးစုံ၏အနက်အဓိပ္ပာယ်ကို ငါ့အား ဖော်ပြမည်ဟု ဆို၏။
ငါဒံယေလသည် ဗျာဒိတ်နိမိတ်ကို မြင်ရ၍ နားလည်အောင် ကြိုးစားနေစဉ် လူနှင့်တူသောသဏ္ဌာန်တစ်ခုသည် ငါ့ရှေ့ရောက်လာ၏။
“ကြည့်ရှုလော့။ အမျက်တော်၏အဆုံး၌ဖြစ်ပျက်မည့်အရာကို သင့်အား ငါသိမြင်စေမည်။ ဤအဖြစ်အပျက်သည် သတ်မှတ်ထားသောနောက်ဆုံးအချိန်တွင် ဖြစ်လာလိမ့်မည်။
ငါဒံယေလသည် ရက်အနည်းငယ်မျှ နာမကျန်းဖြစ်ခဲ့ရ၏။ နေကောင်းပြန်လျှင် ရှင်ဘုရင်၏အမှုတော်ကို ဆက်လက်ထမ်းရွက်၏။ သို့သော် ဤဗျာဒိတ်အာရုံကြောင့် ငါသည် တုန်လှုပ်ချောက်ချားပြီး နားမလည်နိုင်ဘဲရှိနေ၏။
သင်သည် နှစ်သက်မြတ်နိုးခြင်းကို ခံရသောသူဖြစ်သောကြောင့် သင် စတင်ဆုတောင်းစဉ်မှာပင် အမိန့်တော်ရှိသည်ဖြစ်၍ သင့်အား ပြောကြားရန် ငါရောက်လာပြီ။ သို့ဖြစ်၍ ဤစကားတော်ကို ဆင်ခြင်၍ ဗျာဒိတ်အာရုံကို သိရှိနားလည်လော့။
ထိုမင်းသည်လည်း တစ်သီတင်းအတွက် လူအများတို့နှင့်အခိုင်အမာပဋိညာဉ်ဖွဲ့လိမ့်မည်။ သို့သော် သီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ရပ်စဲစေလိမ့်မည်။ သုတ်သင်ဖျက်ဆီးခြင်းခံရမည်ဟူသော စီရင်သတ်မှတ်ချက်သည် ဖျက်ဆီးသောသူအပေါ် ကျရောက်မည်။ ထိုအချိန်တိုင်အောင် ထိုဖျက်ဆီးသောသူသည် ရွံရှာဖွယ်ရာများ၏တောင်ပံပေါ်တွင် တည်နေလိမ့်မည်”ဟု ဆို၏။
အကြောင်းမူကား ဤဗျာဒိတ်နိမိတ်သည် အချိန်တန်လျှင် ဖြစ်လာမည်။ နှုတ်ထွက်စကားအတိုင်း အဆုံးသတ်ချိန် မလွဲမသွေရောက်လာမည်။ ကြာသော်လည်း စောင့်မျှော်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လာမည်။
ငါသည် ထိုသူကိုမြင်ရသောအခါ သူ၏ခြေရင်း၌လဲကျ၍ လူသေကဲ့သို့ဖြစ်၏။ ထိုအခါ သူသည် ငါ့အပေါ်၌ သူ၏လက်ယာလက်ကိုတင်လျက်“မကြောက်နှင့်။ ငါသည် အဦးဆုံးနှင့်နောက်ဆုံးဖြစ်၏။
ငါယောဟန်သည် ဤအကြောင်းအရာများကို မြင်ရကြားရသောသူဖြစ်၏။ ငါသည် မြင်ရကြားရသောအခါ ၎င်းတို့ကို ငါ့အားပြသသော ကောင်းကင်တမန်ကိုရှိခိုးရန် သူ၏ခြေရင်း၌ ပျပ်ဝပ်လေသော်