ဘုရားသခင်သည် အလင်းကို နေ့ ဟုခေါ်ဝေါ်၍ အမှောင်ကို ည ဟုခေါ်ဝေါ်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ပထမနေ့ရက်ဖြစ်လေ၏။
ဒံယေလ 8:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူကလည်း “ရက်ပေါင်း နှစ်ထောင့်သုံးရာ ကြာလိမ့်မည်။ ထို့နောက်မှ သန့်ရှင်းရာဌာနကို ပြန်လည်သန့်ရှင်းစေတော်မူလိမ့်မည်”ဟု ငါ့အား ပြောပြ၏။ Common Language Bible ဒုတိယကောင်းကင်တမန်က``ရက်ပေါင်း တစ်ထောင့်တစ်ရာ့ငါးဆယ် ကြာလိမ့်မည်။ ထိုကာလအတောအတွင်း၌ နံနက်နှင့်ညဥ့်ဦးယံယဇ်ပူဇော်မှုများကို ပြုကြလိမ့်မည်မဟုတ်။ ထိုနောက်ဗိမာန်တော် သည်ပြန်လည်သန့်စင်၍လာလိမ့်မည်'' ဟု ပြန်ပြော၏။ Garrad Bible ထို သူ က ညဉ့် နှင့် နေ့ ပေါင်း နှစ် ထောင့် သုံး ရာ ကြာ ဖြစ် လိမ့် မည်။ သို့ ပြီး မှ သန့် ရှင်း ရာ ဌာ န တော် ကို စင် ကြယ် ပြန် စေ လိမ့် မည် ဟု ငါ့ အား ပြန် ပြော လေ ၏။ Judson Bible ယခင်ပြောသောသူက ရက်ပေါင်းနှစ်ထောင်သုံးရာ တိုင်တိုင်တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တစ်ဖန် ဆေးကြောသုတ်သင်ကြလိမ့်မည်ဟု ပြန်၍ ပြောဆို၏။ |
ဘုရားသခင်သည် အလင်းကို နေ့ ဟုခေါ်ဝေါ်၍ အမှောင်ကို ည ဟုခေါ်ဝေါ်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ပထမနေ့ရက်ဖြစ်လေ၏။
ဇိအုန်မြို့သည် တရားမျှတမှုအားဖြင့် ရွေးနုတ်ခြင်းခံရမည်။ ထိုမြို့မှ နောင်တရသောသူတို့သည် ဖြောင့်မတ်ခြင်းအားဖြင့် ရွေးနုတ်ခြင်းခံရမည်။
အစ္စရေးလူမျိုး၏သားစဉ်မြေးဆက်အပေါင်းတို့သည် ထာဝရဘုရားအားဖြင့် ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခြင်းခံရမည်။ ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။
နေ့စဉ်ပူဇော်သက္ကာကိုဖယ်ရှား၍ ဖျက်ဆီးတတ်သောရွံရှာဖွယ်ရာကိုတည်ထားချိန်မှစ၍ ရက်ပေါင်းတစ်ထောင့်နှစ်ရာ့ကိုးဆယ် ကြာလိမ့်မည်။
ရက်ပေါင်းတစ်ထောင့်သုံးရာသုံးဆယ့်ငါးရက်အထိ စောင့်မျှော်၍ မီသောသူသည် မင်္ဂလာရှိ၏။
ထိုအခါ မြစ်ရေပြင်အထက်တွင်ရှိသော ပိတ်ချောထည်ဝတ်ဆင်ထားသူက လက်နှစ်ဖက်ကို ကောင်းကင်သို့မြှောက်၍ “တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက် ကြာလိမ့်မည်။ သန့်ရှင်းသူတို့၏အင်အားကို တစ်စစီဖြိုခွဲပြီးမှ ဤအံ့ဖွယ်အမှုအားလုံး၏အဆုံးသည် ရောက်လိမ့်မည်”ဟု ထာဝရအသက်ရှင်တော်မူသောအရှင်ကို တိုင်တည်၍ ပြောဆိုသည်ကို ငါကြားရ၏။
ထိုဘုရင်သည် အမြင့်ဆုံးသောအရှင်ကို ဆန့်ကျင်ပြောဆို၍ အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူများကို ဖိနှိပ်ချုပ်ချယ်မည်။ သူသည် အချိန်ကာလနှင့် ဥပဒေတို့ကို ပြောင်းလဲပစ်ရန် ကြိုးစားလိမ့်မည်။ သန့်ရှင်းသူတို့သည်လည်း တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူ့လက်သို့ ကျရောက်ရလိမ့်မည်။
ညဥ့်ဦးယံ၊ နံနက်ယံ၌ ဖော်ပြသော ဗျာဒိတ်အာရုံသည်လည်း အမှန်ပင်ဖြစ်၏။ ဤဗျာဒိတ်နိမိတ်သည် နောင်လာမည့်နေ့ရက်ကာလနှင့်ဆိုင်သည်ဖြစ်၍ ၎င်းကို ဝှက်ထားလော့”ဟု ငါ့အား ရှင်းပြ၏။
ဘုရားသခင်သည် လူမျိုးခြားတို့ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူမည်ဖြစ်ကြောင်း ကျမ်းစာသည် ကြိုတင်သိမြင်၍ အာဗြဟံအား “လူမျိုးအပေါင်းတို့သည် သင့်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်”ဟူသည့် ကောင်းမြတ်သောသတင်းကို ကြိုတင်ဟောပြောလေ၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။
သို့သော် ထိုအမျိုးသမီးသည် တောကန္တာရထဲရှိ မိမိ၏နေရာအရပ်သို့ ပျံသန်းသွားနိုင်ရန် ကြီးမားသောလင်းယုန်၏အတောင်နှစ်ခုကိုရရှိ၏။ သူသည် ထိုအရပ်တွင် မြွေ၏ရှေ့မှောက်မှလွတ်၍ တစ်ကာလ၊ နှစ်ကာလနှင့် ကာလတစ်ဝက်အတွင်း ပြုစုစောင့်ရှောက်ခြင်းကိုခံရ၏။
ထိုသားရဲသည် လေလုံးထွား၍ ဘုရားသခင်ကိုစော်ကားပြောဆိုတတ်သောနှုတ်ကိုရရှိလျက် လေးဆယ့်နှစ်လတိုင်တိုင် အာဏာလွှမ်းရသောအခွင့်ကိုရရှိ၏။