မီးမြစ်တစ်စင်းသည် ရှေ့တော်မှ စီးထွက်၏။ အထောင်ထောင်သောလူတို့သည် အမှုတော်ကို ထမ်းကြ၏။ အသောင်းသောင်းသောလူတို့သည် ရှေ့တော်တွင် ရပ်လျက်နေ၏။ တရားစီရင်ချိန်ကျရောက်သဖြင့် စာအုပ်များကို ဖွင့်ထား၏။
ဒံယေလ 7:16 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါသည် အနားတွင်ရပ်နေသောသူတစ်ဦးထံသွားပြီး ဤအဖြစ်အပျက်အလုံးစုံနှင့်ပတ်သက်သည့် အနက်အဓိပ္ပာယ်အမှန်ကို မေးကြည့်လျှင် ထိုသူက ဤအဖြစ်အပျက်အလုံးစုံ၏အနက်အဓိပ္ပာယ်ကို ငါ့အား ဖော်ပြမည်ဟု ဆို၏။ Common Language Bible ထိုနေရာတွင်ရပ်နေသူတစ်ဦးထံသို့သွား၍ ထိုအရာတို့၏အနက်အဋ္ဌိပ္ပါယ်ကိုမေးမြန်းရာထိုသူကငါ့အားရှင်းပြလေသည်။- Garrad Bible အ နား၌ ရပ် နေ သူ တစ် ယောက် ထံ ချဉ်း ကပ်၍ မြင် လေ သ မျှ၏ အ ဓိ ပ္ပါယ် ကို မေး မြန်း သော်၊ Judson Bible အနား၌ ရပ်နေသော သူတစ်ယောက်ထံသို့ သွား၍၊ ယခုမြင်သမျှကား၊ အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းသော်၊ |
မီးမြစ်တစ်စင်းသည် ရှေ့တော်မှ စီးထွက်၏။ အထောင်ထောင်သောလူတို့သည် အမှုတော်ကို ထမ်းကြ၏။ အသောင်းသောင်းသောလူတို့သည် ရှေ့တော်တွင် ရပ်လျက်နေ၏။ တရားစီရင်ချိန်ကျရောက်သဖြင့် စာအုပ်များကို ဖွင့်ထား၏။
‘ဤသားရဲကြီးလေးကောင်သည် နောင်တွင်ပေါ်လာမည့်မြေကြီးဘုရင်လေးပါးကို ဆိုလို၏။
ထိုအခါ ဂါဗြေလသည် ငါ့ထံချဉ်းကပ်လာသဖြင့် ငါလည်း ကြောက်လန့်တုန်လှုပ်၍ မှောက်လျက်လဲကျသွား၏။ သူကလည်း “အချင်းလူသား၊ ဤဗျာဒိတ်နိမိတ်သည် နောက်ဆုံးကာလနှင့်ဆိုင်သည်ကို သိမှတ်လော့”ဟု ငါ့အား ပြောပြ၏။
သူက ငါ့အား “ဒံယေလ၊ သင့်အား ထိုးထွင်းသိမြင်နိုင်သောဉာဏ်ကိုပေးရန် ယခု ငါရောက်လာခြင်းဖြစ်၏။
ထို့ကြောင့် ငါနှင့်စကားပြောနေသောကောင်းကင်တမန်အား “ဤအရာများကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်လျှင် သူက “ဤချိုများကား ယုဒလူမျိုး၊ အစ္စရေးလူမျိုးနှင့် ဂျေရုဆလင်မြို့တို့ကို ကွဲလွင့်စေသောချိုများဖြစ်သည်”ဟု ငါ့အား ပြောပြ၏။
ထို့နောက် ငါနှင့်စကားပြောနေသောကောင်းကင်တမန် ထွက်သွားသောအခါ အခြားကောင်းကင်တမန်တစ်ပါးက သူ့အား လာ၍ဆီးကြိုပြီး
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ ‘သင်သည် ငါ့လမ်းစဉ်များအတိုင်း လိုက်လျှောက်ပြီး ငါညွှန်ကြားသည့်အတိုင်း လိုက်နာမည်ဆိုလျှင် ငါ့အိမ်တော်တွင် တာဝန်ထမ်းရသောအခွင့်၊ ငါ့ဝင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရသောအခွင့်ကို ပေးမည်။ ရပ်နေသော ဤသူတို့နှင့်အတူ ဝင်ထွက်သွားလာရသောအခွင့်ကိုလည်း သင့်အား ငါပေးမည်။
ထိုအခါ သက်ကြီးဝါကြီးများထဲမှတစ်ပါးက “မငိုကြွေးနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်မှပေါ်ထွန်းသောခြင်္သေ့၊ ဒါဝိဒ်၏အမြစ်ဖြစ်တော်မူသောအရှင်သည် အောင်မြင်သဖြင့် ထိုစာလိပ်နှင့်တံဆိပ်ခုနစ်ခုကိုဖွင့်နိုင်၏”ဟု ငါ့အားပြောဆို၏။