သို့သော် ကိုယ်တော်သည် ဆင်းရဲဒုက္ခရောက်သူတို့ကို ထိုဆင်းရဲဒုက္ခထဲမှ ကယ်နုတ်တော်မူ၏။ အဖိနှိပ်ခံစေခြင်းဖြင့် နာခံခြင်းကိုပေးတော်မူ၏။
ဒံယေလ 6:27 - မြန်မာ့စံမီသမ္မာကျမ်း ဒံယေလကို ခြင်္သေ့ရန်မှကယ်တင်တော်မူသောဘုရားသခင်သည် မိုးကောင်းကင်နှင့် မြေကြီးပေါ်တွင် မစကယ်တင်တော်မူသောဘုရား၊ အံ့ဖွယ်နိမိတ်လက္ခဏာကို ပြတော်မူသောဘုရား ဖြစ်တော်မူ၏”ဟူ၍ ပါရှိ၏။ Common Language Bible ကိုယ်တော်သည်ကူမကယ်တင်တော်မူ၍ မိုးကောင်းကင်၌လည်းကောင်း၊ ကမ္ဘာပေါ်၌လည်းကောင်းအံ့သြဖွယ်ရာ များနှင့် ထူးဆန်းသောနိမိတ်လက္ခဏာများကို ပြတော်မူ၏။ ကိုယ်တော်သည်ဒံယေလအားခြင်္သေ့ များ၏ဘေးမှ ကယ်တင်တော်မူပါ၏'' ဟုပါရှိလေသည်။ Garrad Bible ဒံ ယေ လ ကို ခြင်္သေ့ ဘေး မှ ကယ် လွှတ် တော် မူ သော ဘု ရား သ ခင် သည် ကယ် လွှတ် ဆယ် တင် တော် မူ၍ မိုး မြေ၌ နိ မိတ် လ က္ခ ဏာ၊ အံ့ ဖွယ် ရာ များ ကို ပြ တော် မူ သ တည်း ဟု မိန့် ဆို လေ၏။ Judson Bible မစကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ၏။ ကောင်းကင်မြေကြီး၌ နိမိတ်လက္ခဏာ၊ အံ့ဩဖွယ်တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလကို ခြင်္သေ့လက်မှ ကယ်လွှတ်တော်မူသော ဘုရားသခင်သည် ထိုသို့သောဘုရား ဖြစ်တော်မူ၏ဟု အမိန့်တော်ရှိ၏။ |
သို့သော် ကိုယ်တော်သည် ဆင်းရဲဒုက္ခရောက်သူတို့ကို ထိုဆင်းရဲဒုက္ခထဲမှ ကယ်နုတ်တော်မူ၏။ အဖိနှိပ်ခံစေခြင်းဖြင့် နာခံခြင်းကိုပေးတော်မူ၏။
ကိုယ်တော်၏နိုင်ငံသည် ထာဝရနိုင်ငံဖြစ်ပါ၏။ ကိုယ်တော်၏အုပ်စိုးမှုသည်လည်း မျိုးဆက်အစဉ်အဆက်တည်ပါ၏။
ငါ၏ရန်သူတို့လက်မှ ငါ့ကိုလွတ်မြောက်စေတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုဆန့်ကျင်သော သူတို့အပေါ် အကျွန်ုပ်ကိုချီးမြှောက်တော်မူပြီး ရက်စက်ကြမ်းကြုတ်သောသူတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူ၏။
ကိုယ်တော်သည် မိမိခန့်ထားသောရှင်ဘုရင်အား ကြီးမားသောအောင်ပွဲများကိုခံစေပြီး မိမိဘိသိက်ပေးထားသောဒါဝိဒ်နှင့် သူ၏အမျိုးအနွယ်အား မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်၏ ကွယ်ကာရာအရပ်ဖြစ်တော်မူ၏။ အကျွန်ုပ်ကို ဘေးရန်မှကာကွယ်လျက် ကယ်တင်ခြင်းသီချင်းများဖြင့် အကျွန်ုပ်ကိုဝိုင်းရံထားတော်မူ၏။(စေလာ)
အို ဘုရားရှင်၊ ကိုယ်တော်သည် မည်မျှကြာအောင် ကြည့်လျက်နေတော်မူမည်နည်း။ အကျွန်ုပ်၏အသက်ကို သူတို့၏ဖျက်ဆီးခြင်းဘေးမှလည်းကောင်း၊ အကျွန်ုပ်၏တစ်ခုတည်းသောအသက်ကို ခြင်္သေ့ပျိုတို့၏ဘေးမှလည်းကောင်း ကယ်မတော်မူပါ။
ထာဝရဘုရားကို ချစ်သောသူတို့၊ မကောင်းမှုကို မုန်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် မိမိသန့်ရှင်းသူတို့၏စိတ်ဝိညာဉ်ကို စောင့်ရှောက်၍ သူတို့ကို ဆိုးယုတ်သောသူတို့၏လက်မှ ကယ်နုတ်တော်မူ၏။
ထာဝရဘုရားမူကား စစ်မှန်သောဘုရားဖြစ်၏။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရား၊ ထာဝရဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်အမျက်ထွက်တော်မူလျှင် မြေကြီးတုန်ခါပါ၏။ လူမျိုးအပေါင်းတို့သည် အမျက်တော်ကို မခံနိုင်ကြပါ။
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။
ထိုသို့မြွက်ဆို၍ မဆုံးမီပင် “နေဗုခဒ်နေဇာမင်းကြီး၊ သင့်အတွက် အမိန့်တော်ကား နိုင်ငံတော်ကို သင့်ထံမှ ရုပ်သိမ်းလိုက်ပြီ။
အချိန်စေ့သောအခါ ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်သို့မော့ကြည့်၍ လူ့စိတ်ပြန်ဝင်လေ၏။ ထို့ကြောင့် အမြင့်ဆုံးသောအရှင်ကို ချီးမွမ်း၏။ ထာဝရအသက်ရှင်တော်မူသောအရှင်၏ဂုဏ်တော်၊ ဘုန်းအသရေတော်ကို ချီးမြှောက်၏။ ကိုယ်တော်၏အာဏာစက်သည် ထာဝရအာဏာစက် ဖြစ်၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း ကာလအစဉ်တည်၏။
မြေကြီးသားတို့ကို ဘာမျှမဟုတ်သောအရာကဲ့သို့ မှတ်တော်မူ၏။ ကောင်းကင်သားကိုဖြစ်စေ၊ မြေကြီးသားကိုဖြစ်စေ အလိုရှိသည့်အတိုင်း ပြုတော်မူ၏။ ကိုယ်တော်၏လက်တော်ကို ဆီးတားနိုင်သောသူမရှိ။ “ကိုယ်တော် မည်သို့ပြုဘိသနည်း”ဟု ဆိုနိုင်သောသူမရှိ။
ဒံယေလရှိရာတွင်းဝနားသို့ရောက်လာသောအခါ ဝမ်းနည်းသောအသံဖြင့် ရှင်ဘုရင်က “အသက်ရှင်တော်မူသောဘုရားသခင်၏ကျွန် ဒံယေလ၊ သင် အမြဲကိုးကွယ်သောသင်၏ဘုရားသခင်သည် သင့်ကို ခြင်္သေ့တို့၏ဘေးမှ ကယ်တင်ပြီလော”ဟု ဒံယေလအား မေးလေ၏။
ယေရှုကလည်း“သင်တို့သည် နိမိတ်လက္ခဏာနှင့်အံ့ဩဖွယ်ရာများကို မမြင်ရလျှင် မည်သည့်အခါမျှ ယုံကြည်ကြမည်မဟုတ်”ဟု မိန့်တော်မူ၏။
တစ်ချိန်တည်းမှာပင် အနာရောဂါများကိုငြိမ်းစေရန် ကိုယ်တော်၏လက်တော်ကိုဆန့်တန်း၍ ကိုယ်တော်၏သန့်ရှင်းသောအမှုဆောင်ယေရှု၏နာမတော်ဖြင့် နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကိုပြုခွင့်ပေးတော်မူပါ”ဟု ဆုတောင်းကြ၏။
ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများအားဖြင့်လည်းကောင်း၊ တန်ခိုးလက္ခဏာအမျိုးမျိုးအားဖြင့်လည်းကောင်း၊ မိမိအလိုတော်နှင့်အညီ သန့်ရှင်းသောဝိညာဉ်တော်ကို မျှဝေပေးတော်မူခြင်းအားဖြင့်လည်းကောင်း သူတို့နှင့်အတူ သက်သေခံတော်မူ၏။
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။