ဤအမှုကို အထူးဂရုပြုလော့။ မပေါ့ဆကြနှင့်။ အဘယ်ကြောင့် ရှင်ဘုရင်၏အကျိုးယုတ်လျော့အောင် ထပ်ပြုကြမည်နည်း”ဟု ပါရှိ၏။
ဒံယေလ 6:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့အထက်တွင် ဒံယေလအပါအဝင် အုပ်ချုပ်ရေးမှူးသုံးဦးကို ခန့်ထား၏။ ဘုရင်၏အကျိုးမယုတ်စေရန် အမှုကိစ္စတို့ကို အုပ်ချုပ်ရေးအရာရှိတို့က အုပ်ချုပ်ရေးမှူးသုံးဦးထံ အစီရင်ခံတင်ပြရ၏။ Common Language Bible ဒံယေလနှင့်အခြားသူနှစ်ယောက်တို့ အားဘုရင်ခံများကိုကွပ်ကဲကြီးကြပ် ရန်နှင့် ဘုရင့်အကျိုးတော်ကိုစောင့်ရှောက် ရန်အတွက်ရွေးချယ်ခန့်ထားတော်မူ၏။- Judson Bible အကျိုးတော်ကို မယုတ်မလျော့စေခြင်းငှာ၊ ထိုမြို့ဝန်အပေါင်းတို့ကို အုပ်ချုပ်စစ်ကြောရသော ဝန်ကြီးသုံးပါးကိုလည်းကောင်း အလိုတော်ရှိသည်အတိုင်း ခန့်ထားတော်မူ၏။ ထိုဝန်ကြီးသုံးပါးတွင် ဒံယေလသည် ဝန်ကြီးအရာကိုရသည်သာမက၊ |
ဤအမှုကို အထူးဂရုပြုလော့။ မပေါ့ဆကြနှင့်။ အဘယ်ကြောင့် ရှင်ဘုရင်၏အကျိုးယုတ်လျော့အောင် ထပ်ပြုကြမည်နည်း”ဟု ပါရှိ၏။
ကျွန်တော်မျိုးမနှင့်ကျွန်တော်မျိုးမ၏လူမျိုးတို့သည် လွတ်လမ်းမရှိ သုတ်သင်ပယ်ရှင်းခံရရန် ရောင်းစားခံလိုက်ရပါပြီ။ ကျွန်ယောက်ျား၊ ကျွန်မိန်းမအဖြစ် ရောင်းစားခံရလျှင် ဘာမျှမပြောဘဲနေပါမည်။ ဤဒုက္ခမျှလောက်နှင့်သာဆိုလျှင် အရှင်မင်းကြီးကိုအနှောင့်အယှက်မပေးဘဲ နေပါမည်”ဟု လျှောက်တင်လေ၏။
မိုက်မဲသောသူ၏လက်ဖြင့် သတင်းပေးပို့သောသူသည် မိမိ၏ခြေကိုဖြတ်၍ ရက်စက်ကြမ်းကြုတ်မှုကို သောက်သုံးသောသူဖြစ်၏။
သင်သည် အနက်အဓိပ္ပာယ်များကို ဖွင့်ပြပေးနိုင်ကြောင်း၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်ကြောင်းကို ငါကြားသိရ၏။ ယခု သင်သည် ထိုစာကိုဖတ်၍ ငါ့အား အနက်အဓိပ္ပာယ်ကို ဖော်ပြပေးနိုင်လျှင် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ရမည်”ဟု မိန့်ဆို၏။
ထိုအခါ ဗေလရှာဇာမင်းကြီးအမိန့်ပေးသဖြင့် ဒံယေလအား ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ပေး၍ လည်တွင် ရွှေစလွယ်ဆင်ပေးပြီး တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကိုအုပ်ချုပ်ခွင့်ရှိသူဖြစ်ကြောင်း ကြေညာကြလေ၏။
ရှင်ဘုရင်သည် ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများကို ခေါ်သွင်းရန် အော်ဟစ်ပြီးလျှင် ဘေဘီလုံပညာရှိတို့အား “ဤစာကိုဖတ်ပြီး အနက်အဓိပ္ပာယ်ကို ဖွင့်ပြပေးနိုင်သူ မည်သူမဆို ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်စေ၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ပေးမည်”ဟု မိန့်ဆိုလေ၏။
ဒါရိမင်းကြီးသည် နိုင်ငံကိုအုပ်ချုပ်မည့်အရာရှိ တစ်ရာ့နှစ်ဆယ်ကို နိုင်ငံတစ်ဝန်းလုံးတွင် ခန့်ထားရန်အလိုရှိ၏။
ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည် မိမိအစေအပါးတို့နှင့်စာရင်းရှင်းလိုသော ဘုရင်တစ်ပါးနှင့်တူ၏။
သူဌေးသည် ဘဏ္ဍာစိုးကိုခေါ်၍ ‘သင့်အကြောင်း ငါကြားရသည့်အရာမှာ မည်သို့နည်း။ သင့်ကို ဘဏ္ဍာစိုးအရာ၌ ဆက်၍မထားနိုင်သောကြောင့် သင်၏စီမံခန့်ခွဲမှုစာရင်းကို တင်ပြလော့’ဟု ဆို၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။