ရှင်ဘုရင်သည် နန်းတော်သို့ပြန်လာ၍ တစ်ညလုံး စားတော်မခေါ်၊ ဖျော်ဖြေပွဲများလည်း ရှေ့တော်မသွင်း၊ စက်တော်လည်း မခေါ်နိုင်ဘဲ ရှိလေ၏။
ဒံယေလ 6:19 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်သည် နံနက်စောစောထ၍ ခြင်္သေ့တွင်းသို့ အလျင်အမြန်သွားလေ၏။ Common Language Bible မိုးသောက်ချိန်၌မင်းကြီးသည်ထ၍ ခြင်္သေ့တွင်းသို့အလျင်အမြန်ကြွ တော်မူ၏။- Garrad Bible နံ နက် အ ရုဏ် တက် သော အ ခါ ထ၍ အ လျင် အ မြန် ခြင်္သေ့ အောင်း ရာ တွင်း သို့ သွား လေ ၏။ Judson Bible နံနက်စောစောထ၍ ခြင်္သေ့တွင်းသို့ အလျင်အမြန် သွားတော်မူ၏။ |
ရှင်ဘုရင်သည် နန်းတော်သို့ပြန်လာ၍ တစ်ညလုံး စားတော်မခေါ်၊ ဖျော်ဖြေပွဲများလည်း ရှေ့တော်မသွင်း၊ စက်တော်လည်း မခေါ်နိုင်ဘဲ ရှိလေ၏။
ဒံယေလရှိရာတွင်းဝနားသို့ရောက်လာသောအခါ ဝမ်းနည်းသောအသံဖြင့် ရှင်ဘုရင်က “အသက်ရှင်တော်မူသောဘုရားသခင်၏ကျွန် ဒံယေလ၊ သင် အမြဲကိုးကွယ်သောသင်၏ဘုရားသခင်သည် သင့်ကို ခြင်္သေ့တို့၏ဘေးမှ ကယ်တင်ပြီလော”ဟု ဒံယေလအား မေးလေ၏။
ဥပုသ်နေ့လွန်ပြီးနောက် ရက်သတ္တပတ်၏ပထမနေ့၊ အရုဏ်တက်ချိန်၌ မာဂဒလမြို့သူမာရိနှင့် အခြားသောမာရိသည် သင်္ချိုင်းတော်ကိုသွားကြည့်ကြ၏။
ထို့နောက် ရက်သတ္တပတ်၏ပထမနေ့၊ နံနက်စောစော နေထွက်ချိန်၌ သူတို့သည် သင်္ချိုင်းတော်သို့ရောက်လာကြ၏။
ငါ့ညီတိတုကိုမတွေ့ရသောကြောင့် ငါသည် စိတ်မသာမယာဖြစ်၍ ထိုသူတို့ကိုနှုတ်ဆက်ပြီးလျှင်မာကေဒေါနိပြည်သို့ ငါထွက်ခွာသွား၏။
ထို့ကြောင့် ဖြားယောင်းသွေးဆောင်သောသူသည် တစ်နည်းနည်းဖြင့် သင်တို့ကိုဖြားယောင်းသွေးဆောင်ပြီး ငါတို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးဖြစ်မည်ကိုစိုးရိမ်၍ ငါသည် နောက်ထပ် အောင့်ခံ၍မရနိုင်တော့သဖြင့် သင်တို့၏ယုံကြည်ခြင်းကိုသိရှိနိုင်ရန်အတွက် သူ့ကိုစေလွှတ်ခဲ့၏။