အာရွှေရုမင်းကြီးလက်ထက်တွင် ဖြစ်ပျက်သောအရာများကား ဤသို့ဖြစ်၏။ အာရွှေရုမင်းကြီးသည် အိန္ဒိယပြည်မှအီသီယိုးပီးယားပြည်တိုင်အောင် ပြည်ထောင်တစ်ရာနှစ်ဆယ့်ခုနစ်ပြည်ကို စိုးစံလေ၏။
ဒံယေလ 6:1 - မြန်မာ့စံမီသမ္မာကျမ်း ဒါရိမင်းကြီးသည် နိုင်ငံကိုအုပ်ချုပ်မည့်အရာရှိ တစ်ရာ့နှစ်ဆယ်ကို နိုင်ငံတစ်ဝန်းလုံးတွင် ခန့်ထားရန်အလိုရှိ၏။ Common Language Bible ဒါရိမင်းသည်မိမိ၏အင်ပါယာနိုင်ငံ တစ်ဝန်းလုံးအုပ်ချုပ်မှုအတွက် ဘုရင်ခံ တစ်ရာ့နှစ်ဆယ်ကိုခန့်ထားရန်ဆုံးဖြတ် တော်မူပြီးလျှင်၊- Garrad Bible ဒါ ရိ မင်း သည် အ ကျိုး တော် ယုတ် လျော့ မ ရှိ စေ ရန် နိုင် ငံ တစ် ဝှမ်း လုံး တွင် စီ မံ ခွင့် ရ သော ဘု ရင် ခံ မင်း တစ် ရာ့ နှစ် ဆယ် ကို လည်း ကောင်း၊ ထို ဘု ရင် ခံ တို့ အ ပေါ် တွင် အုပ် ချုပ် စီ စစ် ရ သော ဘု ရင် ခံ ချုပ် မင်း သုံး ပါး ကို လည်း ကောင်း ကြံ ရွယ် ခန့် ထား လေ၏။ ၎င်း သုံး ပါး တို့ တွင် ဒံ ယေ လ သည် တစ် ပါး ဖြစ်၏။ Judson Bible ဒါရိမင်းကြီးသည် နိုင်ငံတော် အမှုအရေးအလုံးစုံတို့ကို စီရင်ရသော မြို့ဝန်တစ်ရာနှစ်ဆယ် တို့ကိုလည်းကောင်း၊ |
အာရွှေရုမင်းကြီးလက်ထက်တွင် ဖြစ်ပျက်သောအရာများကား ဤသို့ဖြစ်၏။ အာရွှေရုမင်းကြီးသည် အိန္ဒိယပြည်မှအီသီယိုးပီးယားပြည်တိုင်အောင် ပြည်ထောင်တစ်ရာနှစ်ဆယ့်ခုနစ်ပြည်ကို စိုးစံလေ၏။
ထိုပြည်ကိုတိုက်ခိုက်ရန် လူမျိုးတကာတို့ကို အသင့်ပြင်ဆင်စေကြ။ မေဒိဘုရင်များ၊ ဘုရင်ခံများအပါအဝင် မင်းအရာရှိအားလုံးနှင့် လက်အောက်ခံနိုင်ငံအားလုံးကို အသင့်ပြင်ဆင်စေကြ။
မေဒိလူမျိုး ဒါရိမင်းကြီး နန်းစံပထမနှစ်တွင်လည်း သူ့ဘက်မှရပ်တည်၍ အင်အားဖြည့်ကာကွယ်ပေးခဲ့၏။
မင်းညီမင်းသားများ၊ ဝန်ကြီးများ၊ ဘုရင်ခံများ၊ အတိုင်ပင်ခံများ၊ ဘဏ္ဍာစိုးများ၊ တရားဝန်ကြီးများ၊ မင်းအရာရှိများမှစ၍ နယ်ပိုင်အပေါင်းတို့စုရုံး၍ သူတည်ထားသောရုပ်တုကြီး၏အနုမောဒနာပွဲသို့ လာရောက်ကြရန် ဆင့်ခေါ်လေ၏။
မေဒိဘုရင် ဒါရိမင်းကြီးသည် အသက်ခြောက်ဆယ့်နှစ်နှစ်ခန့်တွင် ထိုနိုင်ငံကို သိမ်းယူလေ၏။
ထိုသူတို့အထက်တွင် ဒံယေလအပါအဝင် အုပ်ချုပ်ရေးမှူးသုံးဦးကို ခန့်ထား၏။ ဘုရင်၏အကျိုးမယုတ်စေရန် အမှုကိစ္စတို့ကို အုပ်ချုပ်ရေးအရာရှိတို့က အုပ်ချုပ်ရေးမှူးသုံးဦးထံ အစီရင်ခံတင်ပြရ၏။
ခါလဒဲနိုင်ငံကို အုပ်စိုးသော မေဒိအမျိုး၊ အာရွှေရု၏သား ဒါရိမင်းကြီး နန်းစံပထမနှစ်။
ဒုစရိုက်ပြုသူများကို ပြစ်ဒဏ်ပေး၍ လူကောင်းတို့ကို ဂုဏ်ပြုချီးမွမ်းရန် ရှင်ဘုရင်စေလွှတ်သောဘုရင်ခံများကိုဖြစ်စေ နာခံကြလော့။