ထာဝရဘုရားက ‘ဤလူမျိုးတို့နှင့်ပတ်သက်၍ ယေရမိပရောဖက်ပြုဟောပြောခဲ့သော၊ ကျမ်းစာ၌ရေးထားသမျှသောစကားများတည်းဟူသော ဤပြည်ကိုရည်ဆောင်၍ ငါပြောခဲ့သောစကားကို ဤပြည်အပေါ် ကျရောက်စေမည်။
ဒံယေလ 5:31 - မြန်မာ့စံမီသမ္မာကျမ်း မေဒိဘုရင် ဒါရိမင်းကြီးသည် အသက်ခြောက်ဆယ့်နှစ်နှစ်ခန့်တွင် ထိုနိုင်ငံကို သိမ်းယူလေ၏။ Common Language Bible အသက်ခြောက်ဆယ့်နှစ်နှစ်ရှိသောမေဒိ လူမျိုးဒါရိမင်းသည်နိုင်ငံကိုသိမ်းယူ လေသည်။ Garrad Bible အ သက် ခြောက် ဆယ့် နှစ် နှစ် ရွယ် ရှိ သော မေ ဒိ လူ မျိုး ဘု ရင် ဒါ ရိ မင်း သည် နိုင် ငံ ကို သိမ်း မြန်း ဆက် ခံ လေ ၏။ Judson Bible မေဒိအမျိုး ဒါရိမင်းသည် အသက်ခြောက်ဆယ်နှစ်နှစ်တွင် နိုင်ငံတော်ကို သိမ်းယူတော်မူ၏။ |
ထာဝရဘုရားက ‘ဤလူမျိုးတို့နှင့်ပတ်သက်၍ ယေရမိပရောဖက်ပြုဟောပြောခဲ့သော၊ ကျမ်းစာ၌ရေးထားသမျှသောစကားများတည်းဟူသော ဤပြည်ကိုရည်ဆောင်၍ ငါပြောခဲ့သောစကားကို ဤပြည်အပေါ် ကျရောက်စေမည်။
အို ဘေဘီလုံမြို့၊ သင်သည် ငါထောင်ထားသော ကျော့ကွင်း၌မိပြီ။ သင်သည် ထာဝရဘုရားကို အာခံသောကြောင့် သင်မသိမမြင်လိုက်သောအချိန်တွင်ပင် ကျော့မိလေပြီ။
မေဒိလူမျိုး ဒါရိမင်းကြီး နန်းစံပထမနှစ်တွင်လည်း သူ့ဘက်မှရပ်တည်၍ အင်အားဖြည့်ကာကွယ်ပေးခဲ့၏။
‘ဖေရက်’ ဟူသည်မှာ အရှင်မင်းကြီး၏နိုင်ငံကို ခွဲပြီး မေဒိနှင့် ပါးရှားလူမျိုးတို့အား ပေးတော်မူပြီဟူ၍ အနက်ရ၏”ဟု ရှင်ဘုရင်ရှေ့၌ လျှောက်ထားလေ၏။
ဒါရိမင်းကြီးသည် နိုင်ငံကိုအုပ်ချုပ်မည့်အရာရှိ တစ်ရာ့နှစ်ဆယ်ကို နိုင်ငံတစ်ဝန်းလုံးတွင် ခန့်ထားရန်အလိုရှိ၏။
ခါလဒဲနိုင်ငံကို အုပ်စိုးသော မေဒိအမျိုး၊ အာရွှေရု၏သား ဒါရိမင်းကြီး နန်းစံပထမနှစ်။