“လာကြ။ စပျစ်ဝိုင်ကို ငါယူခဲ့မည်။ သေရည်သေရက်ကို အဝသောက်ကြစို့။ မနက်ဖြန်သည်လည်း ယနေ့ကဲ့သို့ပင်ဖြစ်လိမ့်မည်။ ထိုထက် ကောင်းလျှင်လည်း ကောင်းဦးမည်”ဟု ဆိုတတ်ကြ၏။
ဒံယေလ 4:4 - မြန်မာ့စံမီသမ္မာကျမ်း ငါနေဗုခဒ်နေဇာမင်းကြီးသည် ငါ့စံအိမ်တွင် နားနားနေနေရှိစဉ်၊ ငါ့နန်းတော်တွင် စည်းစိမ်ခံစားလျက်နေစဉ်၊ Common Language Bible ``ငါနေဗုခဒ်နေဇာမင်းသည်နန်းတော်တွင် ချမ်းမြေ့စွာ စံမြန်းလျက်နေတော်မူစဉ်အိပ် ပျော်ချိန်၌၊- Garrad Bible ငါ နေ ဗု ခဒ် နေ ဇာ သည် နန်း တော် တွင် စိတ် အေး စွာ စည်း စိမ် ခံ လျက် နေ စဉ် အ ခါ၊ Judson Bible ငါနေဗုခဒ်နေဇာသည် နန်းတော်၌ ငြိမ်ဝပ်စွာနေ၍ စည်းစိမ်ကြီးစဉ်အခါ၊ |
“လာကြ။ စပျစ်ဝိုင်ကို ငါယူခဲ့မည်။ သေရည်သေရက်ကို အဝသောက်ကြစို့။ မနက်ဖြန်သည်လည်း ယနေ့ကဲ့သို့ပင်ဖြစ်လိမ့်မည်။ ထိုထက် ကောင်းလျှင်လည်း ကောင်းဦးမည်”ဟု ဆိုတတ်ကြ၏။
မောဘပြည်သားသည် ဖမ်းခေါ်သွားခြင်းမခံရ။ ငယ်စဉ်ကပင် အေးချမ်းစွာနေရ၏။ အနည်ထိုင်ကျန်ခဲ့သောစပျစ်ဝိုင်ကဲ့သို့ အိုးတစ်လုံးမှတစ်လုံးသို့ အပြောင်းမခံရ။ ထို့ကြောင့် အရသာမပျက်၊ ရနံ့လည်းမပြယ်”ဟု မိန့်တော်မူ၏။
သင့်အလှကြောင့် သင်ဘဝင်မြင့်လေပြီ။ သင့်ခန့်ညားထည်ဝါမှုကြောင့် ပညာမဲ့ဖြစ်လေပြီ။ ငါသည် သင့်ကိုမြေပေါ်သို့ပစ်ချမည်။ ရှင်ဘုရင်တို့သည် သင့်ကိုကြည့်၍ လှောင်ပြောင်ကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘အီဂျစ်ဘုရင်ဖာရောမင်းကြီး၊ နိုင်းမြစ်ကိုငါပိုင်၏၊ ငါ့အဖို့ ငါဖန်ဆင်းပြီဟု ဆိုလျက် မြစ်ချောင်းထဲတွင် လဲလျောင်းနေသောသတ္တဝါကြီး၊ သင့်ကို ငါဆန့်ကျင်မည်။
အရှင်မင်းကြီး မေးသောမေးခွန်းမှာ ခက်ခဲလှ၏။ လူတို့ကဲ့သို့ရှင်သန်နေထိုင်ခြင်းမရှိသော နတ်ဘုရားများမှလွဲ၍ မည်သူမျှ အရှင်မင်းကြီး၏မေးခွန်းကို ဖော်ပြနိုင်သူမရှိပါ”ဟု ပြန်လျှောက်ကြ၏။
ဗေလတရှာဇာ ခေါ် ဒံယေလလည်း အနည်းငယ်မျှတွေဝေနေ၏။ တွေးပြီး ထိတ်လန့်နေ၏။ ရှင်ဘုရင်ကလည်း “ဗေလတရှာဇာ၊ အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ် ဖော်ပြရမည်ကို မစိုးရိမ်ပါနှင့်”ဟု မိန့်ဆိုလျှင် ဗေလတရှာဇာက “အရှင်မင်းကြီး၊ ဤအိပ်မက်သည် မင်းကြီးကိုမုန်းသောသူများအတွက်သာ ဖြစ်ပါစေသော၊ အိပ်မက်အနက်အဓိပ္ပာယ်သည်လည်း မင်းကြီး၏ရန်သူများအတွက်သာ ဖြစ်ပါစေသော။
ထိုအခါ ရှင်ဘုရင်၏ပညာရှိအပေါင်းတို့သည် အခစားဝင်ကြ၏။ သို့သော် စာကို မဖတ်နိုင်၊ အနက်အဓိပ္ပာယ်ကိုလည်း မဖော်ပြပေးနိုင်ကြ။
ထိုကာလ၌ ငါသည် ဂျေရုဆလင်မြို့ကို မီးအိမ်ထွန်း၍ ရှာဖွေမည်။ ‘ထာဝရဘုရားသည် အကောင်းကိုလည်း မပြု၊ အဆိုးကိုလည်း မပြု’ဟု စိတ်ထင်လျက် မိမိဘာသာအားရကျေနပ်နေသောသူတို့ကို ဒဏ်ခတ်မည်။