ထိုအခါ သူတို့က “လာကြ၊ မြေတစ်ပြင်လုံးသို့ကွဲလွင့်မသွားစေရန် ငါတို့အတွက်မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်အထိ ထိပ်ဖျားရောက်သောရဲတိုက်ကိုလည်းကောင်း တည်ဆောက်၍ ငါတို့နာမည်ကျော်စောအောင်ပြုကြစို့”ဟု ပြောဆိုကြ၏။
ဒံယေလ 4:22 - မြန်မာ့စံမီသမ္မာကျမ်း အရှင်မင်းကြီးပင် ဖြစ်၏။ အရှင်သည် တိုးပွားချမ်းသာ၍ အင်အားကြီးမားပါ၏။ အရှင်၏ဘုန်းတန်ခိုးသည် မိုးထိအောင် ရောက်ပါ၏။ အာဏာစက်သည်လည်း မြေကြီးစွန်းထိ ရောက်ပါ၏။ Common Language Bible ``အရှင်မင်းကြီး၊ အရှင်ကားထိုသစ်ပင်ကြီး ပင်ဖြစ်ပါ၏။ အရှင်သည်မိုးကောင်းကင်တိုင် အောင်မြင့်မားကြီးမြတ်တော်မူလျက်တန် ခိုးတော်သည်ကမ္ဘာတစ်ဝန်းလုံးကိုလွှမ်းမိုး ပါ၏။- Garrad Bible အ ခြား မ ဟုတ်၊ ဘု ရင် မင်း မြတ် ပင် တည်း။ အ ရှင် သည် ကြီး ပွား၍ တန် ခိုး နှင့် ပြည့် စုံ တော် မူ၏။ ဘုန်း တော် ရှိန် သည် တိုး တက် သ ဖြင့် မိုး ကောင်း ကင် တိုင် အောင် လည်း ကောင်း၊ အာ ဏာ စက် တော် လည်း မြေ ကြီး စွန်း တိုင် အောင် လည်း ကောင်း ထင် ရှား တော် မူ လေ ပြီ။ Judson Bible အရှင်မင်းကြီး၊ ကိုယ်တော်ပင် ဖြစ်ပါ၏။ ကိုယ်တော်သည် ကြီးပွား၍ ခွန်အားနှင့်ပြည့်စုံတော်မူ၏။ ဘုန်းစည်းစိမ်တော်ကြီးမြင့်၍ မိုးကောင်းကင်သို့ထိ၏။ အာဏာစက်တော်လည်း၊ မြေကြီးစွန်းတိုင်အောင်ရောက်တော်မူ၏။ |
ထိုအခါ သူတို့က “လာကြ၊ မြေတစ်ပြင်လုံးသို့ကွဲလွင့်မသွားစေရန် ငါတို့အတွက်မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်အထိ ထိပ်ဖျားရောက်သောရဲတိုက်ကိုလည်းကောင်း တည်ဆောက်၍ ငါတို့နာမည်ကျော်စောအောင်ပြုကြစို့”ဟု ပြောဆိုကြ၏။
ထိုအခါ သူအိပ်မက်မက်သည်မှာ မြေကြီးပေါ်တွင်လှေကားတစ်စင်းထောင်ထားလျက်ရှိ၍ ၎င်း၏ထိပ်သည် မိုးကောင်းကင်အထိရောက်၏။ ဘုရားသခင်၏ကောင်းကင်တမန်တို့သည် ထိုလှေကားပေါ်တွင် တက်လျက်၊ ဆင်းလျက်ရှိကြ၏။
ထိုအခါ နာသန်က ဒါဝိဒ်မင်းကြီးအား “ထိုသူသည် အရှင်မင်းကြီးပင်ဖြစ်၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါသည် သင့်ကို ရှောလုမင်းကြီးလက်မှ ကယ်နုတ်ပြီး အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးခဲ့၏။
ရှမာရိမြို့၌ ဩဒက်အမည်ရှိသောထာဝရဘုရား၏ပရောဖက်တစ်ပါး ရှိ၏။ သူသည် ရှမာရိမြို့သို့ပြန်လာသောစစ်သည်ဗိုလ်ခြေတို့ကို ထွက်ကြိုပြီး “သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် ယုဒအမျိုးကို အမျက်ထွက်၍ သူတို့ကို သင်တို့၏လက်သို့အပ်တော်မူသည်ကို သင်တို့သည် မိုးထိအောင်အမျက်ထွက်၍ သူတို့ကိုသတ်ဖြတ်လေပြီ။
အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကောင်းကင်ထိတိုင်အောင်ကြီးမား၍ ကိုယ်တော်၏သစ္စာတော်သည် မိုးတိမ်ထိတိုင်အောင်ရောက်ပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကောင်းကင်သို့ရောက်၍ ကိုယ်တော်၏သစ္စာတော်သည် မိုးတိမ်ထိတိုင်အောင် ရောက်ပါ၏။
‘ကြီးမားသောတန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်လျက် ကမ္ဘာမြေကြီးနှင့် မြေမျက်နှာပြင်ပေါ်ရှိ လူနှင့်တိရစ္ဆာန်တို့ကို ဖန်ဆင်းခဲ့သူမှာ ငါပင်ဖြစ်၍ ငါပေးလိုသောသူအား ငါပေးပြီ။
သင်သည် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက သန်စွမ်းသောတောင်ပံနှင့် ရှည်လျား၍အရောင်အသွေးစုံသောအမွေးအမှင်များရှိသည့် လင်းယုန်ငှက်ကြီးတစ်ကောင်သည် လက်ဘနွန်တောင်သို့လာ၍ သစ်ကတိုးပင်ထိပ်ဖျားတွင် နား၏။
ကိုယ်တော်သည် အချိန်နှင့် ရာသီဥတုကို ပြောင်းလဲစေနိုင်၏။ ရှင်ဘုရင်တို့ကိုလည်း နန်းတင်နန်းချ ပြုနိုင်၏။ ပညာရှိကို ဉာဏ်ပညာပေးတော်မူ၏။ ဉာဏ်ရှိသူကိုလည်း အသိပညာပေးတော်မူ၏။
ထိုအပင်သည် ရှင်သန်ကြီးထွားလျက် မိုးထိအောင်မြင့်သဖြင့် မြေကြီးစွန်းမှပင် ထီးထီးကြီးမြင်ရ၏။
အရွက်များ ဝေဆာလှပပြီး အသီးလည်း လှိုင်လှိုင်သီးသောကြောင့် မှီခိုသောသတ္တဝါအားလုံးအဖို့ စားစရာရရှိစေသော၊ တောတိရစ္ဆာန်တို့သည် အရိပ်၌ခိုကြပြီး မိုးကောင်းကင်ငှက်တို့သည်လည်း အကိုင်းအခက်များတွင်အသိုက်လုပ်၍ရသော ထိုအပင်သည်ကား
ထိုမှ တစ်ဆယ့်နှစ်လလွန်သော် မင်းကြီးသည် ဘေဘီလုံနန်းတော်ပေါ်တွင် လမ်းလျှောက်ရင်း
ငါ လူစိတ်ပြန်ဝင်သောအချိန်တွင် ငါ့နိုင်ငံတော်ကြီး ကျက်သရေရှိစေရန် ခန့်ညားထည်ဝါသောငါ့အရိုက်အရာကိုလည်း ငါပြန်လည်ရရှိ၏။ မင်းအတိုင်ပင်ခံများ၊ မှူးမတ်များလည်း ငါ့အားရှာဖွေ၍ ထီးနန်းကိုပြန်လည်အပ်နှင်းပေးကြ၏။ ငါ့ဘုန်းတန်ခိုးသည်လည်း တိုးသည်ထက်တိုးလေ၏။
အဘယ်ကြောင့်ဆိုသော် ယောဟန်က “သင်သည် ထိုအမျိုးသမီးကို သိမ်းယူခြင်းမှာ တရားတော်နှင့်မညီပါ”ဟု ဟေရုဒ်အား ပြောခဲ့သောကြောင့်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူ၏အပြစ်တို့သည် ကောင်းကင်အထိ စုပုံလျက်ရှိ၍ သူ၏မတရားမှုများကို ဘုရားသခင်မှတ်မိတော်မူပြီ။