သို့သော် နောင်ကာလတွင် ဖမ်းခေါ်သွားခြင်းခံရသောမောဘပြည်သားတို့ကို ငါပြန်လာစေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤသည်ကား မောဘပြည်အတွက် တရားစီရင်ခြင်းပေတည်း။
ဒံယေလ 11:41 - မြန်မာ့စံမီသမ္မာကျမ်း သူသည် သာယာဝပြောသောပြည်ကို ဝင်တိုက်သဖြင့် လူအများလဲကျသေဆုံးရလိမ့်မည်။ သို့သော် ဧဒုံပြည်သား၊ မောဘပြည်သားနှင့် အမ္မုန်အမျိုးသားတို့ထဲမှ အထင်ကရပုဂ္ဂိုလ်များသည် သူ့လက်မှလွတ်မြောက်လိမ့်မည်။ Common Language Bible ကတိထားတော်မူသောပြည်ကိုပင်ချဉ်း နင်းဝင်ရောက်ကာ ထောင်ပေါင်းများစွာသော လူတို့ကိုသတ်ဖြတ်လိမ့်မည်။ သို့ရာတွင် ဧဒုံပြည်၊ မောဘပြည်၊ အမ္မုန်ပြည်တို့ သည်ဘေးမှလွတ်မြောက်ကြလိမ့်မည်။- Garrad Bible ရ တ နာ ပြည် ထဲ သို့ ဝင် ပြီး လျှင် ပြည် များ စွာ ကို မှောက် လှန် သော် လည်း ဧ ဒုံ ပြည်၊ မော ဘ ပြည် နှင့် တ ကွ၊ အ မ္မုန် အ မျိုး သား အ နက် အ ထွဋ် အ မြတ် ဖြစ် သူ တို့ သည် သူ့ လက် မှ လွှတ် မြောက် ကြ လိမ့် မည်။ Judson Bible သာယာသောပြည်ကိုလည်း ဝင်၍ အများသောသူတို့သည် ဆုံးရှုံးကြလိမ့်မည်။ သို့ရာတွင်၊ သူ၏လက်မှ လွတ်သောသူဟူမူကား၊ ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန်အမျိုးသားအကြီးတို့သည် လွတ်ကြလိမ့်မည်။ |
သို့သော် နောင်ကာလတွင် ဖမ်းခေါ်သွားခြင်းခံရသောမောဘပြည်သားတို့ကို ငါပြန်လာစေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤသည်ကား မောဘပြည်အတွက် တရားစီရင်ခြင်းပေတည်း။
ထာဝရဘုရားက “ထို့နောက်မှ ဖမ်းခေါ်သွားခြင်းခံရသောအမ္မုန်အမျိုးသားတို့ကို ပြန်လာစေမည်”ဟု မိန့်တော်မူ၏။
ငါသည် အီဂျစ်လူမျိုး၊ ယုဒလူမျိုး၊ ဧဒုံလူမျိုး၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် တောကန္တာရ၌နေထိုင်ကြသည့်နားသယ်မွေးရိတ်လေ့ရှိသောသူအားလုံးတို့ကို အပြစ်ဒဏ်ပေးမည်။ အကြောင်းမူကား လူမျိုးအပေါင်းတို့သည် အရေဖျားမလှီးသောသူများဖြစ်ကြ၏။ အစ္စရေးအမျိုးသားရှိသမျှတို့သည်လည်း စိတ်နှလုံးအရေဖျားမလှီးသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
တောင်ဘုရင်ကို လာတိုက်သောမြောက်ဘုရင်သည် အလိုရှိသည့်အတိုင်းပြုလိမ့်မည်။ သူ့ကို မည်သူမျှခုခံနိုင်မည်မဟုတ်။ သူသည် သာယာဝပြောသောပြည်တွင် စံမြန်းလျက် သုတ်သင်ဖျက်ဆီးခြင်းအာဏာကိုစွဲကိုင်ထားမည်။
သူသည် လက်ရုံးကိုဆန့်၍ တိုင်းနိုင်ငံများကို တိုက်ခိုက်လိမ့်မည်။ အီဂျစ်ပြည်လည်း လွတ်လိမ့်မည်မဟုတ်။
ပင်လယ်နှင့် သာယာသောတောင်ကြားတွင် သူ့တဲနန်းကို သူဆောက်လိမ့်မည်။ ဤသို့ဖြင့် သူ့ဘဝနိဂုံးချုပ်ချိန်ရောက်လာကာ သူ့ကိုကူညီမည့်သူ တစ်ယောက်မျှရှိမည်မဟုတ်။
ထိုချိုလေးချောင်းမှတစ်ချောင်းတွင် ချိုအတက်တစ်ခုပေါက်လာ၍ တောင်ဘက်၊ အရှေ့ဘက်၊ သာယာဝပြောသောပြည်ဘက်သို့တိုင်အောင် ကြီးမားလာလေ၏။