ရုပ်တုဆင်းတုကိုထုလုပ်သောသူအားလုံးတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။ သူတို့တပ်မက်သောအရာတို့သည် အကျိုးမရှိ။ သူတို့၏သက်သေတို့သည်လည်း မမြင်တတ်၊ မသိတတ်သောကြောင့် အရှက်ကွဲကြရလိမ့်မည်။
ဒံယေလ 11:38 - မြန်မာ့စံမီသမ္မာကျမ်း ထိုဘုရားတို့အစား ခံတပ်စောင့်ဘုရားကို ချီးမွမ်းထောမနာပြုလိမ့်မည်။ သူ့ဘိုးဘေးတို့မသိသောထိုဘုရားကို ရွှေငွေ၊ အဖိုးတန်ကျောက်မျက်ရတနာများနှင့် လက်ဆောင်ပစ္စည်းတို့ဖြင့် ချီးမွမ်းထောမနာပြုလိမ့်မည်။ Common Language Bible ထိုဘုရားများအစားခံတပ်များကို ကွယ် ကာစောင့်ရှောက်သည့်ဘုရားကိုမြှောက်စား လိမ့်မည်။ မိမိ၏ဘိုးဘေးတို့အဘယ်အခါ ကမျှ မကိုးကွယ်ခဲ့သောဘုရားအားရွှေ၊ ငွေ၊ ကျောက်မျက်ရတနာများနှင့်အခြားအဖိုး ထိုက်သည့်လက်ဆောင်ပဏ္ဏာပူဇော်သကာများ ကိုဆက်သလိမ့်မည်။- Garrad Bible ၎င်း တို့ အ ရာ၌ လည်း ခံ တပ် ဘု ရား ကို ရို သေ လေး မြတ်၍ ဘိုး ဘေး တို့ မ သိ သော ဘု ရား အား ရွှေ၊ ငွေ၊ ကျောက် မျက်၊ ထိုက် ထန် သော ပ စ္စည်း များ ကို ပူ ဇော် လိမ့် မည်။ Judson Bible ထိုဘုရားအရာ၌ ရဲတိုက်တို့၏ဘုရားနှင့်၊ ဘိုးဘေးတို့မသိသောဘုရားကို ချီးမြှောက်၍၊ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နှစ်သက်ဖွယ်သော တန်ဆာများကို ပူဇော်လိမ့်မည်။ |
ရုပ်တုဆင်းတုကိုထုလုပ်သောသူအားလုံးတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။ သူတို့တပ်မက်သောအရာတို့သည် အကျိုးမရှိ။ သူတို့၏သက်သေတို့သည်လည်း မမြင်တတ်၊ မသိတတ်သောကြောင့် အရှက်ကွဲကြရလိမ့်မည်။
သူသည် သူ့ဘိုးဘေးတို့၏ဘုရားကိုဖြစ်စေ၊ မိန်းမတို့နှစ်သက်သည့်ဘုရားများကိုဖြစ်စေ မည်သည့်ဘုရားကိုမျှ အလေးမထား၊ ဘုရားတကာထက် ကိုယ့်ကိုယ်ကိုယ်ချီးမြှောက်လိမ့်မည်။
သူသည် တိုင်းတစ်ပါးသားတို့ဘုရား၏အကူအညီဖြင့် ခံတပ်မြို့ကြီးများကို တိုက်ခိုက်လိမ့်မည်။ သူ့အား အသိအမှတ်ပြုသူတိုင်းကို ချီးမြှောက်ပြီး လူအများကိုအုပ်စိုးရသောအခွင့်ပေးမည်။ ဆုလာဘ်အဖြစ် မြေကိုခွဲဝေပေးမည်။
ထိုမင်းသမီး၏အမျိုးအနွယ်ထဲမှ တစ်ယောက်သည် ထိုဘုရင်၏အရိုက်အရာကို ဆက်ခံရမည်။ သူသည် စစ်ချီ၍ မြောက်ဘုရင်၏စစ်သည်တို့ကို တိုက်ခိုက်မည်။ ခံတပ်ကိုလည်း ဝင်ရောက်တိုက်ခိုက်၍ အောင်နိုင်လိမ့်မည်။
သို့သော် နောင်လာမည့်အချိန်ကာလများ၌ လူအချို့တို့သည် လှည့်ဖြားသောဝိညာဉ်များနှင့် နတ်ဆိုးတို့၏သွန်သင်ချက်များကို အာရုံစိုက်လျက် ယုံကြည်ခြင်းကိုစွန့်ခွာကြလိမ့်မည်ဟု ဝိညာဉ်တော်သည် အတိအလင်းမိန့်တော်မူ၏။
သူတို့၏ကုန်ပစ္စည်းများမှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ ပိတ်ချော၊ ခရမ်းရောင်အထည်၊ ပိုးထည်၊ နီမြန်းသောအထည်၊ သစ်မွှေးအမျိုးမျိုး၊ ဆင်စွယ်ပစ္စည်းအမျိုးမျိုး၊ အဖိုးတန်သောသစ်သား၊ ကြေး၊ သံ၊ ကျောက်ဖြူတို့ဖြင့် ပြုလုပ်သောပစ္စည်းအမျိုးမျိုး၊