ခါလဒဲလူတို့၏မြေကတုတ်နှင့် ဓားဘေးကိုခုခံကာကွယ်ရန် ဖြိုဖျက်ခံရသော ဤမြို့တွင်းရှိ အိမ်များ၊ ယုဒဘုရင်တို့၏နန်းတော်များနှင့်ပတ်သက်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက
ဒံယေလ 11:15 - မြန်မာ့စံမီသမ္မာကျမ်း မြောက်ဘုရင်သည် ချီလာ၍ မြေကတုတ်ကိုတည်ဆောက်ကာ ခံတပ်မြို့ကို သိမ်းပိုက်လိမ့်မည်။ တောင်ဘုရင်၏စစ်သည်တို့သည် သူ့ကို ခုခံနိုင်မည်မဟုတ်။ အထူးရွေးချယ်ထားသောစစ်သည်များပင် ခုခံနိုင်သောခွန်အားရှိမည်မဟုတ်။ Common Language Bible သို့ဖြစ်၍ဆီးရီးယားဘုရင်သည် အီဂျစ် ပြည်ခံတပ်မြို့တစ်မြို့ကိုတိုက်ခိုက်သိမ်းယူ လိမ့်မည်။ အီဂျစ်စစ်သည်တပ်သားတို့သည် ဆက်လက်တိုက်ခိုက်ကြတော့မည်မဟုတ်။ သူ တို့အထဲမှလက်ရွေးစင်တပ်သားများ၌ ပင်ခံရပ်နိုင်သောခွန်အားမရှိပေ။- Garrad Bible မြောက် ဘု ရင် သည် ချီ လာ၍ က တုတ် တည် လုပ် ပြီး လျှင် ခိုင် ခံ့ သော မြို့ ကို အောင် မြင် လိမ့် မည်။ တောင် ပြည်၏ လက် ရုံး သည် မ ခံ မ ရပ် နိုင်။ ရွေး ချယ် သော လူ တို့၌ ပင် ခံ ရပ် နိုင် သော တန် ခိုး မ ရှိ။ Judson Bible မြောက်ရှင်ဘုရင်သည်လာ၍ မြို့ရိုးကို တည်ပြီးလျှင် ခိုင်ခံ့သော မြို့တို့ကို လုပ်ကြံလိမ့်မည်။ တောင်ရှင်ဘုရင်၏ လက်နက်များ၊ ရွေးချယ်သောလူများတို့သည် ဆီးတားခြင်းငှာ ခွန်အားမရှိသောကြောင့် မဆီးတားရကြ။ |
ခါလဒဲလူတို့၏မြေကတုတ်နှင့် ဓားဘေးကိုခုခံကာကွယ်ရန် ဖြိုဖျက်ခံရသော ဤမြို့တွင်းရှိ အိမ်များ၊ ယုဒဘုရင်တို့၏နန်းတော်များနှင့်ပတ်သက်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက
“စပျစ်စိုက်ခင်းသို့သွား၍ ဖျက်ဆီးကြလော့။ သို့သော်လည်း အကုန်အစင်မဖျက်ဆီးနှင့်။ အခက်အလက်များသည် ထာဝရဘုရားနှင့် မဆိုင်သောကြောင့် ဖယ်ပစ်လော့။
ဇေဒကိမင်းကြီးနန်းစံကိုးနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့တွင် ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီးသည် မိမိစစ်သည်အပေါင်းတို့နှင့်တကွ ဂျေရုဆလင်မြို့သို့ စစ်ချီလာ၍ မြို့ပြင်၌ စခန်းချကြ၏။ မြို့ပတ်ပတ်လည်၌ မြေကတုတ်ကိုဆောက်ကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဂျေရုဆလင်မြို့ကိုတိုက်ခိုက်ရန် သစ်ပင်ကိုခုတ်လှဲ၍ မြေကတုတ်ဖို့ကြလော့။ ဤမြို့သည် ဒဏ်ခတ်ခံရမည့်မြို့ဖြစ်၏။ မြို့ထဲတွင် ဖိနှိပ်ချုပ်ချယ်မှုဖြင့် ပြည့်၏။
ဘေဘီလုံဘုရင်သည် လူအမြောက်အမြားကိုသတ်ဖြတ်ရန် မြေကတုတ်များ၊ ရဲတိုက်များကို တည်ဆောက်ထားသောအခါ ဖာရောမင်းကြီးသည် စစ်အင်အား၊ လူအင်အား အမြောက်အမြားဖြင့် သူ့ကိုစစ်ကူတိုက်မည်မဟုတ်။
ထို့ပြင် ထိုမြို့ကို ဝိုင်းထားသောပုံ၊ ခံတပ်ကိုတည်ထားသောပုံ၊ မြေကတုတ်ကိုလုပ်ထားသောပုံ၊ တပ်စခန်းချ၍ မြို့ပတ်ပတ်လည်တွင် တုံးမောင်းတို့ကိုချထားသောပုံကို လုပ်လော့။
ထိုအချိန်တွင် တောင်ဘုရင်ကို ဆန့်ကျင်၍ထကြွပုန်ကန်သောသူတို့ များပြားကြလိမ့်မည်။ ဗျာဒိတ်နိမိတ်အတိုင်း ဖြစ်လာရန် သင့်လူမျိုးထဲမှ ကြမ်းကြုတ်သောသူတို့သည်လည်း ထကြွပုန်ကန်ကြလိမ့်မည်။ သို့သော် သူတို့ ကျရှုံးကြလိမ့်မည်။
နှစ်ပေါင်းကြာလာသောအခါ သူတို့ချင်းမိတ်ဖွဲ့ကြလိမ့်မည်။ ငြိမ်းချမ်းရေးရယူရန် တောင်ဘုရင်၏သမီးတော်သည် မြောက်ဘုရင်ထံဝင်ရောက်လိမ့်မည်။ သို့သော် ထိုမင်းသမီးသည် မိမိ၏တန်ခိုးအာဏာကို မထိန်းသိမ်းထားနိုင်။ ခမည်းတော်၏အာဏာလည်း မတည်တံ့။ ထိုအချိန်တွင် မင်းသမီးနှင့် သူ့အခြွေအရံများ၊ သူ့ခမည်းတော်နှင့် ဘက်တော်သားအားလုံး အပ်နှံခြင်းခံရလိမ့်မည်။
သိုးထီးအနီးသို့ ရောက်လာသောအခါ အမျက်ဒေါသဖြင့် သိုးထီးကိုတိုက်ခိုက်ပြီး သိုးထီး၏ချိုနှစ်ချောင်းအား ချိုးဖဲ့ပစ်သည်ကို ငါမြင်ရ၏။ သိုးထီး၌ ဆိတ်ထီးကို ယှဉ်နိုင်သောခွန်အားမရှိ။ ဆိတ်ထီးသည် သူ့ကိုမြေပေါ်တွင်လှဲချကာ နင်းချေပစ်၏။ မည်သူမျှ သူ့ကို ဆိတ်ထီးလက်မှ မကယ်နုတ်နိုင်။
သင်အသက်ရှင်သမျှကာလပတ်လုံး သင့်ရှေ့၌ မည်သူမျှခုခံရပ်တည်နိုင်မည်မဟုတ်။ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိမည်။ သင့်ကိုငါပစ်ထားမည်မဟုတ်၊ စွန့်ပစ်မည်မဟုတ်။