သင်သည် ဧဒုံပြည်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ဘဝင်မြင့်လှ၏။ နန်းတော်တွင်သာ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူနေပါလော့။ အဘယ်ကြောင့် ပြဿနာရှာပြီး ယုဒပြည်ကို သင်နှင့်အတူ ကျရှုံးစေလိုသနည်း”ဟု ပြန်လည်ပြောကြားလိုက်၏။
ဒံယေလ 11:12 - မြန်မာ့စံမီသမ္မာကျမ်း တောင်ဘုရင်သည် ထိုစစ်သည်အလုံးအရင်းကို သိမ်းသွားနိုင်သဖြင့် ဘဝင်မြင့်လာလိမ့်မည်။ သူသည် လူထောင်ပေါင်းများစွာကို ချေမှုန်းနိုင်သော်လည်း သူ့အာဏာတည်လိမ့်မည်မဟုတ်။ Common Language Bible သူသည်အောင်ပွဲကိုရရှိသဖြင့်လည်းကောင်း၊ စစ်သည်အမြောက်အမြားကိုသတ်ဖြတ်နိုင် ခဲ့သဖြင့်လည်းကောင်း ဂုဏ်ယူဝါကြွားလိမ့် မည်။ သို့ရာတွင်သူသည်ဆက်လက်၍အောင် ပွဲခံရလိမ့်မည်မဟုတ်။ Garrad Bible ဆို ခဲ့ သည့် အ လုံး အ ရင်း ကို စီ စဉ် သော အ ခါ၌ ပင် တောင် ဘု ရင် လည်း စိတ် ရဲ ရင့် သ ဖြင့် လူ အ ထောင် အ သောင်း ကို ဖြို လှဲ သော် လည်း အ နိုင် မ ရ ရာ။ Judson Bible ထိုအလုံးအရင်းတို့ကို ပယ်ရှင်းပြီးမှ မာနစိတ်ပေါက်လျက်၊ အထောင်အသောင်းမက များစွာသော လူတို့ကို လုပ်ကြံသော်လည်း၊ မိမိအာဏာကို မတည်စေရ။ |
သင်သည် ဧဒုံပြည်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ဘဝင်မြင့်လှ၏။ နန်းတော်တွင်သာ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူနေပါလော့။ အဘယ်ကြောင့် ပြဿနာရှာပြီး ယုဒပြည်ကို သင်နှင့်အတူ ကျရှုံးစေလိုသနည်း”ဟု ပြန်လည်ပြောကြားလိုက်၏။
သင်သည် ဧဒုံပြည်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ဘဝင်မြင့်လှ၏။ ကိုယ့်နန်းတော်၌သာ ကိုယ်စံမြန်းပါလော့။ အဘယ်ကြောင့် ပြဿနာရှာပြီး ယုဒပြည်ကို သင်နှင့်အတူ ကျရှုံးစေလိုသနည်း”ဟု ပြန်လည်ပြောကြားလိုက်၏။
သူသည် ထိုသို့အင်အားကြီးလာသည်နှင့်အမျှ ပျက်စီးခြင်းသို့ရောက်သည်အထိဘဝင်မြင့်လာ၏။ သူသည် သူ၏ဘုရားသခင်ထာဝရဘုရားအပေါ် သစ္စာမဲ့လာ၏။ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်ပေါ်၌ နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ထာဝရဘုရား၏ဗိမာန်တော်သို့ဝင်၏။
သို့သော် ဟေဇကိမင်းကြီးသည် ခံစားရသောကျေးဇူးတော်အတိုင်း မတုံ့ပြန်ဘဲ ဘဝင်မြင့်လာ၏။ ထို့ကြောင့် အမျက်တော်သည် သူ့အပေါ်သာမက ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ်သို့ ကျရောက်လေ၏။
ပျက်စီးခြင်း၏ရှေ့ပြေးသည် မာနကြီးခြင်းဖြစ်၏။ ပြိုလဲခြင်း၏ရှေ့ပြေးကား ဘဝင်မြင့်ခြင်းဖြစ်၏။
သင့်အလှကြောင့် သင်ဘဝင်မြင့်လေပြီ။ သင့်ခန့်ညားထည်ဝါမှုကြောင့် ပညာမဲ့ဖြစ်လေပြီ။ ငါသည် သင့်ကိုမြေပေါ်သို့ပစ်ချမည်။ ရှင်ဘုရင်တို့သည် သင့်ကိုကြည့်၍ လှောင်ပြောင်ကြလိမ့်မည်။
“အချင်းလူသား၊ တိုင်ရာမင်းကြီးအား ဤသို့ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘သင်သည် ဘဝင်မြင့်၍ ငါသည် ဘုရားဖြစ်၏။ သမုဒ္ဒရာအလယ် ဘုရားတို့၏ပလ္လင်တော်၌ စံမြန်း၏ဟု သင်ဆို၏။ သင်သည် ဘုရားမဟုတ် လူသားဖြစ်လျက်နှင့် သင့်စိတ်ထဲတွင် သင့်ကိုယ်သင် ဘုရားဟုထင်မှတ်၏။
သင်သည် ကုန်သွယ်ရာ၌ ကျွမ်းကျင်လွန်း၍ ဥစ္စာပစ္စည်းတိုးပွားလာ၏။ သင်၏ဥစ္စာပစ္စည်းကြောင့် ဘဝင်မြင့်၏’ဟု မိန့်တော်မူ၏။
တောင်ဘုရင်လည်း ခံပြင်း၍ မြောက်ဘုရင်ကို ထွက်တိုက်မည်။ မြောက်ဘုရင်သည် စစ်သည်အလုံးအရင်းစုဆောင်းထားသော်လည်း ထိုစစ်သည်အလုံးအရင်းသည် တောင်ဘုရင်လက်သို့ ရောက်သွားရလိမ့်မည်။
အကြောင်းမှာ မြောက်ဘုရင်သည် ပထမအကြိမ်ထက်များသော စစ်သည်အလုံးအရင်းကို စုရုံး၍ အချိန်တန်သောအခါ လက်နက်အပြည့်အစုံပါသောစစ်တပ်ကြီးဖြင့် အမှန်ချီတက်လာလိမ့်မည်။
ကောင်းကင်ဘုံရှင်ကို ဆန့်ကျင်၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၏။ ထိုအရှင်၏ဗိမာန်တော်မှခွက်ဖလားများကို သင့်ရှေ့မှောက်သို့ယူလာစေပြီး သင်မှစ၍ မှူးမတ်များ၊ မိဖုရားများ၊ ကိုယ်လုပ်တော်များသည် ထိုခွက်များဖြင့် စပျစ်ဝိုင်ကိုသောက်ပြီး မျက်စိလည်းမမြင်၊ နားလည်းမကြား၊ ဘာမျှလည်း မသိနိုင်သော ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။ သင့်အသက်၊ သင့်ဘဝလမ်းတစ်ခုလုံးကိုပိုင်တော်မူသောဘုရားသခင်ကိုမူ သင်မချီးမြှောက်ခဲ့။
သူ့လက်ထက်တွင် ဉာဏ်နီဉာဏ်နက်သုံးပြီး လှည့်စားအောင်နိုင်လိမ့်မည်။ ကိုယ့်ကိုယ်ကိုယ်မြှောက်ပင့်လျက် လုံခြုံစိတ်ချစွာနေနေကြသော လူအများကို လိုက်လံဖျက်ဆီးလိမ့်မည်။ သခင်တကာတို့၏သခင်ကိုပင် ဆန့်ကျင်လိမ့်မည်။ သို့သော် လူ့လက်ဖြင့်မဟုတ်ဘဲ ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
သင်သည် မာနထောင်လွှား၍ ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင့်ကိုထုတ်ဆောင်တော်မူခဲ့သောအရှင်၊
သူသည် ယုံကြည်ခါစလူမဖြစ်ရ။ သို့မဟုတ်လျှင် ဘဝင်မြင့်လျက် မာရ်နတ်နှင့်တူညီသောပြစ်ဒဏ်စီရင်ခြင်းထဲသို့ ကျရောက်မည်ဟု စိုးရိမ်စရာရှိ၏။
ထိုနည်းတူ ငယ်ရွယ်သောသူတို့၊ အသင်းတော်အကြီးအကဲများကို နာခံကြလော့။ သင်တို့အားလုံး တစ်ယောက်အောက်တစ်ယောက် နှိမ့်ချခြင်းတန်ဆာကို ဆင်ယင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏။