ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်၍ အမိန့်တော်သံကိုနာခံကြသည့် တန်ခိုးခွန်အားကြီးသော ကိုယ်တော်၏ကောင်းကင်တမန်တို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။
ဒံယေလ 11:1 - မြန်မာ့စံမီသမ္မာကျမ်း မေဒိလူမျိုး ဒါရိမင်းကြီး နန်းစံပထမနှစ်တွင်လည်း သူ့ဘက်မှရပ်တည်၍ အင်အားဖြည့်ကာကွယ်ပေးခဲ့၏။ Common Language Bible သူသည်ငါ့ကိုကူညီကာကွယ်သူဖြစ်သည်။ Garrad Bible ငါ မူ ကား မေ ဒိ လူ မျိုး ဒါ ရိ မင်း နန်း စံ ပ ထ မ နှစ် တွင် ၎င်း မိ က္ခေ လ ကို အား ပေး ၍ ခိုင် ခံ့ စေ ခြင်း ငှာ တည် နေ လေ ပြီ။ Judson Bible ငါသည်လည်း မေဒိအမျိုး ဒါရိမင်းကြီးနန်းစံ ပထမနှစ်တွင် သူ့ကိုနှိုးဆော်၍ ခိုင်ခံ့မြဲမြံစေခြင်းငှာ ကြိုးစားအားထုတ်လေ၏။ |
ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်၍ အမိန့်တော်သံကိုနာခံကြသည့် တန်ခိုးခွန်အားကြီးသော ကိုယ်တော်၏ကောင်းကင်တမန်တို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။
ထိုအခါ လူပုံသဏ္ဌာန်နှင့်တူသောသူသည် ငါ့ကို နောက်တစ်ခါ တို့၍ ခွန်အားဖြည့်ပေး၏။
မေဒိဘုရင် ဒါရိမင်းကြီးသည် အသက်ခြောက်ဆယ့်နှစ်နှစ်ခန့်တွင် ထိုနိုင်ငံကို သိမ်းယူလေ၏။
ဒါရိမင်းကြီးသည် နိုင်ငံကိုအုပ်ချုပ်မည့်အရာရှိ တစ်ရာ့နှစ်ဆယ်ကို နိုင်ငံတစ်ဝန်းလုံးတွင် ခန့်ထားရန်အလိုရှိ၏။
ခါလဒဲနိုင်ငံကို အုပ်စိုးသော မေဒိအမျိုး၊ အာရွှေရု၏သား ဒါရိမင်းကြီး နန်းစံပထမနှစ်။
တပည့်တော်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်း၌ ဆက်၍တည်နေကြရန် တိုက်တွန်းနှိုးဆော်ကာ “ငါတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် များစွာသောဆင်းရဲဒုက္ခကို ဖြတ်သန်းရမည်”ဟု ဆိုကြ၏။