ဒံယေလသည် ကုရုမင်းကြီးနန်းစံပထမနှစ်တိုင်အောင် ရှိနေခဲ့၏။
ဒံယေလသည်ဗာဗုလုန်ပြည်ကိုပါရှနိုင်ငံ၏ဧကရာဇ်မင်းဖြစ်သူ ကုရုမင်းတိုက်ခိုက်အောင်မြင်၍နန်းတက်လာချိန်တိုင်အောင်နန်းတော်တွင်ရှိနေသတည်း။
ဒံ ယေ လ ကား ကု ရု မင်း နန်း စံ ပ ထ မ နှစ် တိုင် မှီ သ တည်း။
ဒံယေလသည် ကုရုမင်းကြီးနန်းစံ ပထမနှစ်တိုင်အောင် ရှိနေသတည်း။
ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား ပြည့်စုံစေရန် ပါးရှားဘုရင် ကုရုမင်းကြီး နန်းစံသောပထမနှစ်တွင် ထာဝရဘုရားသည် ပါးရှားဘုရင်ကုရုမင်းကြီး၏စိတ်ကို နှိုးဆော်တော်မူသဖြင့် သူသည် မိမိနိုင်ငံတစ်ဝန်းလုံးသို့ လိုက်လံကြေညာစေ၍ စာဖြင့်လည်း မှတ်တမ်းတင်ထားသောစကားကား ဤသို့ဖြစ်၏။
ပါးရှားဘုရင်ကုရုမင်းကြီးက “ကောင်းကင်ဘုံရှင် ဘုရားသခင်ထာဝရဘုရားသည် မြေကြီးပေါ်ရှိတိုင်းနိုင်ငံအလုံးစုံကို ငါ့အား ပေးတော်မူပြီ။ ယုဒပြည်၊ ဂျေရုဆလင်မြို့တွင် ကိုယ်တော့်အဖို့ အိမ်တော်ကိုတည်ရန် ငါ့ကို ခန့်ထားတော်မူပြီ။
ပါးရှားဘုရင် ကုရုမင်းကြီးနန်းစံ တတိယနှစ်တွင် ဗေလတရှာဇာ ခေါ် ဒံယေလထံသို့ နှုတ်ကပတ်တော် ရောက်လာ၏။ ထိုနှုတ်ကပတ်တော်သည် အစစ်အမှန်ဖြစ်၏။ စစ်ပွဲကြီးနှင့်ဆိုင်၏။ နှုတ်ကပတ်တော်ကို သူနားလည်၏။ စိတ်အာရုံအားဖြင့် သူနားလည်၏။
ဤသို့ဖြင့် ဒံယေလသည် ဒါရိမင်းကြီးလက်ထက်နှင့် ပါးရှားလူမျိုးကုရုမင်းကြီးလက်ထက်တို့တွင် ကောင်းစားလျက်နေ၏။