ဉာဏ်ပညာသည် အမွေဥစ္စာနှင့်အမျှကောင်းမြတ်၍ နေကိုမြင်သောသူတို့အတွက် အကျိုးရှိ၏။
ဒေသနာကျမ်း။ 7:10 - မြန်မာ့စံမီသမ္မာကျမ်း ယခင်နေ့ရက်များသည် ယခုနေ့ရက်များထက် အဘယ်ကြောင့် ပို၍ကောင်းသနည်းဟု မမေးနှင့်။ အကြောင်းမူကား ထိုသို့မေးမြန်းခြင်းသည် ဉာဏ်ပညာမှလာသည်မဟုတ်။ Common Language Bible ရှေးကာလသည် ယခုကာလထက် အလယ် ကြောင့် သာ၍ကောင်းသနည်းဟုမမေးနှင့်။ ထိုသို့မေး လျှင်၊ ပညာတရားအတိုင်းမေးသည်မဟုတ်။ Garrad Bible ရှေး ကာ လ နေ့ ရက် သည်၊ ယ ခု ကာ လ ထက်၊ မည် သည့် အ ကြောင်း ကြောင့် ကောင်း သ နည်း ဟု မ မေး နှင့်။ ထို သို့ မေး လျှင် ပ ညာ မဲ့ ဖြစ်၏။ Judson Bible ရှေးကာလသည် ယခုကာလထက် အဘယ်ကြောင့် သာ၍ကောင်းသနည်းဟု မမေးနှင့်။ ထိုသို့မေးလျှင်၊ ပညာတရားအတိုင်း မေးသည်မဟုတ်။ |
ဉာဏ်ပညာသည် အမွေဥစ္စာနှင့်အမျှကောင်းမြတ်၍ နေကိုမြင်သောသူတို့အတွက် အကျိုးရှိ၏။
အမျက်ဒေါသသည် မိုက်မဲသောသူတို့၏ရင်ခွင်ထဲ၌ ကိန်းအောင်းတတ်သည်ဖြစ်၍ သင့်စိတ်ထဲတွင် အမျက်ဒေါသ အလျင်စလိုမထွက်ပါစေနှင့်။
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
ဂိဒေါင်ကလည်း “အို အကျွန်ုပ်၏အရှင်သခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်ဆိုလျှင် အဘယ်ကြောင့် ဤအမှုကို အကျွန်ုပ်တို့ ကြုံရသနည်း။ ‘ထာဝရဘုရားသည် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သည်’ဟု ဘိုးဘေးတို့က အကျွန်ုပ်တို့အား ပြောပြခဲ့သောအံ့ဖွယ်အမှုတို့ကား အဘယ်မှာနည်း။ ယခုမူကား ထာဝရဘုရားသည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ မိဒျန်လူမျိုးတို့လက်သို့ အပ်တော်မူပြီတကား”ဟု ဆို၏။