ထို့ကြောင့် မာန်မာနသည် သူတို့၏လည်ဆွဲဖြစ်၏။ ရက်စက်ကြမ်းကြုတ်မှုအဝတ်သည် သူတို့ကိုလွှမ်းခြုံထား၏။
ဒေသနာကျမ်း။ 6:11 - မြန်မာ့စံမီသမ္မာကျမ်း စကားများစွာပြောလျှင် အချည်းနှီးသောအရာလည်း များပြားလာတတ်သည်ဖြစ်၍ လူအတွက် မည်သည့်အကျိုးရှိသနည်း။ Common Language Bible အနတ္တတိုးပွားစရာအကြောင်း များပြားသည် ဖြစ်၍၊ လူသည် အဘယ်ကျေးဇူးရှိသနည်း။ Garrad Bible အ န တ္တ ကို တိုး ပွား စေ ရန် အ ကြောင်း အ ရာ များ သည် ဖြစ်၍၊ လူ၌ မည် သည့် အ ကျိုး ရှိ သ နည်း။ Judson Bible အနတ္တတိုးပွားစရာအကြောင်း များပြားသည်ဖြစ်၍၊ လူသည် အဘယ်ကျေးဇူးရှိသနည်း။ |
ထို့ကြောင့် မာန်မာနသည် သူတို့၏လည်ဆွဲဖြစ်၏။ ရက်စက်ကြမ်းကြုတ်မှုအဝတ်သည် သူတို့ကိုလွှမ်းခြုံထား၏။
ထိုအခါ ငါက “မိုက်မဲသောသူ၌ဖြစ်ပျက်သောအဖြစ်မျိုးသည် ငါ၌လည်းဖြစ်ပျက်လိမ့်မည်။ သို့ဖြစ်လျှင် ငါဉာဏ်ပညာရှိခြင်းသည် ငါ့အတွက် မည်သို့အကျိုးထူးသနည်း”ဟု ငါ့စိတ်ထဲ၌မြွက်ဆို၏။ တစ်ဖန် “ဤအရာသည်လည်း အချည်းနှီးဖြစ်၏”ဟု ငါ့စိတ်ထဲ၌ ပြောဆို၏။
အကြောင်းမူကား လူသားတို့ကြုံတွေ့ရသောအဖြစ်နှင့် တိရစ္ဆာန်တို့ကြုံတွေ့ရသောအဖြစ်သည် တစ်ခုတည်းဖြစ်၍ တစ်မျိုးသည် သေရသကဲ့သို့ အခြားတစ်မျိုးလည်း သေရ၏။ ၎င်းတို့အားလုံး၌ တူညီသောထွက်သက်ဝင်သက်ရှိ၏။ သို့ဖြစ်၍ လူသည် တိရစ္ဆာန်ထက် သာလွန်သည်မဟုတ်။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်၏။
ထိုရှင်ဘုရင်မတိုင်မီရှိခဲ့သူအားလုံးတည်းဟူသော လူအပေါင်းတို့သည် မဆုံးနိုင်။ သို့သော် နောက်ဖြစ်ပေါ်လာသောသူတို့သည် သူ့ကိုနှစ်သက်ကြလိမ့်မည်မဟုတ်။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
တစ်ကိုယ်တည်းဖြစ်လျက် အပေါင်းအဖော်မရှိ၊ သားလည်းမရှိ၊ ညီအစ်ကိုလည်းမရှိသောသူတစ်ဦးရှိ၏။ သို့သော် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ အဆုံးမရှိ။ သူ၏မျက်စိသည်လည်း ဓနဥစ္စာ၌ကျေနပ်တင်းတိမ်သည်ဟူ၍မရှိ။ “ငါသည် မည်သူ့အတွက် ကြိုးပမ်းအားထုတ်လျက် ငါ၌ကောင်းကျိုးချမ်းသာချို့တဲ့စေရသနည်း”ဟူ၍လည်းမမေး။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။
အိပ်မက်များပြားခြင်းအားဖြင့် အချည်းနှီးသောအရာနှင့် စကားတို့သည်လည်း များပြားလာတတ်၏။ သို့ဖြစ်၍ ဘုရားသခင်ကို ကြောက်ရွံ့လော့။
ယခုရှိနေသောအရာ၏အမည်ကို မှည့်ခေါ်ထားပြီးဖြစ်၏။ လူသည် မည်သည့်အရာဖြစ်သည်ကိုလည်း သိထားပြီးဖြစ်၍ သူသည် မိမိထက်တန်ခိုးကြီးသောသူနှင့် ဖက်ပြိုင်၍မရနိုင်။
အရိပ်ကဲ့သို့ဖြတ်သန်းသွား၍ အချည်းနှီးဖြစ်သည့် လူ၏အနည်းငယ်သောအသက်တာနေ့ရက်များ၌ လူ့အသက်တာအတွက် မည်သည့်အရာကောင်းမြတ်သည်ကို မည်သူသိနိုင်သနည်း။ သူ့နောက်တွင် နေအောက်၌ မည်သည့်အရာဖြစ်ပျက်မည်ကို သူ့အားမည်သူပြောပြနိုင်သနည်း။
ဧဖရိမ်သည် လေကိုစား၏။ အရှေ့လေနောက်သို့ လိုက်၏။ သူတို့ပြုသောလိမ်လည်မှု၊ အကြမ်းဖက်မှုတို့သည် တစ်နေ့ထက်တစ်နေ့ များများလာ၏။ အဆီးရီးယားတို့နှင့် ပဋိညာဉ်ဖွဲ့လျက်နှင့်ပင် အီဂျစ်ပြည်သို့ ဆီကို ပို့ပေး၏။