သင်မတောင်းသောဓနဥစ္စာနှင့် ဘုန်းအသရေကိုလည်း သင့်အား ငါပေးဦးမည်။ သင်အသက်ရှင်သမျှကာလပတ်လုံး ရှင်ဘုရင်တို့တွင် သင်နှင့်တူသောသူ တစ်ယောက်မျှမရှိစေရ။
ဒေသနာကျမ်း။ 5:19 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ဓနဥစ္စာနှင့် စည်းစိမ်ချမ်းသာကိုပေးတော်မူသောသူတိုင်းအား ထိုအရာတို့ကိုခံစားသုံးဆောင်ရသောအခွင့်ကိုလည်းကောင်း၊ မိမိ၏ဝေစုကိုယူ၍ မိမိ၏ကြိုးပမ်းအားထုတ်မှု၌ ဝမ်းမြောက်ရသောအခွင့်ကိုလည်းကောင်း ပေးတော်မူ၏။ ဤအရာသည် ဘုရားသခင်ပေးတော်မူသောလက်ဆောင်ဖြစ်၏။ Common Language Bible ဘုရားသခင် ပေးသနားတော်မူသော စည်းစိမ် ဥစ္စာကိုရသော လူတိုင်းမိမိအဘို့ကိုခံ၍ ဝင်စားခြင်းငှါ ၎င်း၊ ကြိုးစားအားထုတ်၌ ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရား သခင့်ကျေးဇူးတော်ကြောင့် အခွင့်ရှိ၏။ Garrad Bible မည် သူ ၌ မ ဆို၊ စည်း စိမ် ချမ်း သာ ကို ပေး တော် မူ၍၊ ခံ စား ခွင့်၊ တာ ဝန် အ တိုင်း ဆောင် ရွက် ခွင့်၊ လုပ် ကိုင် မှု၌ ရွှင် လန်း ခွင့် များ ကား၊ ဘု ရား သ ခင်၏ ဆု ကျေး ဇူး တော် တည်း။ Judson Bible ဘုရားသခင် ပေးသနားတော်မူသော စည်းစိမ်ဥစ္စာကို ရသောလူတိုင်း မိမိအဖို့ကိုခံ၍ ဝင်စားခြင်းငှာလည်းကောင်း၊ ကြိုးစားအားထုတ်ရာ၌ ပျော်မွေ့ခြင်းငှာလည်းကောင်း၊ ဘုရားသခင့် ကျေးဇူးတော်ကြောင့် အခွင့်ရှိ၏။ |
သင်မတောင်းသောဓနဥစ္စာနှင့် ဘုန်းအသရေကိုလည်း သင့်အား ငါပေးဦးမည်။ သင်အသက်ရှင်သမျှကာလပတ်လုံး ရှင်ဘုရင်တို့တွင် သင်နှင့်တူသောသူ တစ်ယောက်မျှမရှိစေရ။
သင့်အား ဉာဏ်ပညာနှင့် အသိတရားများကိုသာမက သင့်ရှေ့၌ရှိခဲ့သောဘုရင်၊ သင့်နောက်တွင်ရှိမည့်ဘုရင်တို့၌ မရနိုင်သော ဓနဥစ္စာ၊ ကြွယ်ဝချမ်းသာခြင်းနှင့် ဂုဏ်သရေရှိခြင်းတို့ကိုပါ ငါပေးမည်”ဟု မိန့်တော်မူ၏။
လူတိုင်း စားလျက်၊ သောက်လျက်၊ မိမိ၏ကြိုးပမ်းအားထုတ်မှုအားလုံးအပေါ်၌ ကျေနပ်အားရလျက်နေခြင်းသည်လည်း ဘုရားသခင်ပေးတော်မူသောလက်ဆောင်ဖြစ်ကြောင်း ငါသိ၏။
ဘုရားသခင်သည် လူတစ်ဦးအား ဓနဥစ္စာ၊ စည်းစိမ်ချမ်းသာနှင့် ဂုဏ်သရေတို့ကိုပေးတော်မူသဖြင့် သူသည် သူ၏စိတ်ဝိညာဉ်၌တောင့်တသောအရာတစ်စုံတစ်ခုမျှ ချို့တဲ့ခြင်းမရှိ။ သို့သော် ဘုရားသခင်သည် သူ့အား ထိုအရာကိုခံစားသုံးဆောင်ရသောအခွင့်ပေးတော်မမူသောကြောင့် သူတစ်ပါးသည် ထိုအရာကိုခံစားသုံးဆောင်ရ၏။ ဤအရာသည် အချည်းနှီးဖြစ်ပြီး ရောဂါဆိုးတစ်ခုဖြစ်၏။
ထို့ကြောင့် သင်၏ဘုရားသခင်ထာဝရဘုရားကိုသာ သင်အောက်မေ့ရမည်။ အကြောင်းမူကား ကိုယ်တော်သည် သင့်ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည့် မိမိပဋိညာဉ်ကို တည်စေရန် ယနေ့မြင်ရသည့်အတိုင်း ဥစ္စာပစ္စည်းရနိုင်သည့်အစွမ်းကို သင့်အား ပေးတော်မူသောအရှင်ဖြစ်တော်မူ၏။