အို ခွန်အားကြီးသောသူ၊ သင်သည် မကောင်းမှု၌ အဘယ်ကြောင့် ဂုဏ်ယူဝါကြွားသနည်း။ ဘုရားသခင်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
ဒေသနာကျမ်း။ 5:10 - မြန်မာ့စံမီသမ္မာကျမ်း ငွေကိုတပ်မက်သောသူသည် ငွေအားဖြင့် အလိုမပြည့်စုံနိုင်။ စည်းစိမ်ဘဏ္ဍာကိုတပ်မက်သောသူသည်လည်း မိမိရရှိသောအရာအားဖြင့် အလိုမပြည့်စုံနိုင်။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။ Common Language Bible ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒ မပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ် တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။ Garrad Bible ငွေ ကို ခုံ မင် သော သူ သည်၊ ငွေ နှင့် လည်း ကောင်း၊ ကြွယ် ဝ ခြင်း ကို ခုံ မင် သော သူ လည်း၊ စည်း စိမ် ဥ စ္စာ နှင့် လည်း ကောင်း၊ တင်း မ တိမ်၊ ဤ အ ချင်း အ ရာ ကား၊ အ န တ္တ ဖြစ်၏။ Judson Bible ငွေကိုတပ်မက်သောသူသည် ငွေနှင့် အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကို တပ်မက်သောသူသည် စည်းစိမ် တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ |
အို ခွန်အားကြီးသောသူ၊ သင်သည် မကောင်းမှု၌ အဘယ်ကြောင့် ဂုဏ်ယူဝါကြွားသနည်း။ ဘုရားသခင်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
“ဘုရားသခင်ကို မိမိ၏မှီခိုရာမဖြစ်စေဘဲ မိမိ၏ဓနဥစ္စာကြွယ်ဝမှုကိုယုံကြည်ကိုးစားသောသူကို ကြည့်ကြလော့။ သူသည် မိမိ၏ယုတ်မာစဉ်းလဲမှုအားဖြင့် အားကြီးလာ၏”ဟု ဆိုလျက် သူ့ကိုရယ်မောကြလိမ့်မည်။
ဖိနှိပ်ချုပ်ချယ်မှုကို ယုံကြည်ကိုးစားခြင်းမပြုကြနှင့်။ လုယက်မှုအပေါ်၌လည်း အချည်းနှီးမမျှော်လင့်ကြနှင့်။ ဥစ္စာပစ္စည်းတိုးပွားလျှင်လည်း ထိုအရာတို့ကို စိတ်စွဲလမ်းခြင်းမရှိကြနှင့်။
တစ်ဖန် ဉာဏ်ပညာကိုသိမြင်ရန်လည်းကောင်း၊ ရူးသွပ်ခြင်းနှင့် မိုက်မဲခြင်းတို့ကို သိမြင်ရန်လည်းကောင်း ငါ၏စိတ်နှလုံးကိုမြှုပ်နှံထား၏။ ထိုအမှုအရာသည်လည်း လေကို လိုက်ဖမ်းခြင်းပင်ဖြစ်ကြောင်း ငါသိမြင်၏။
ခပ်သိမ်းသောအရာတို့သည် မပြောပြနိုင်အောင် ပင်ပန်းငြီးငွေ့ဖွယ်ကောင်း၏။ မျက်စိသည် ကြည့်၍ဝသည်ဟူ၍မရှိ။ နားသည်လည်း နားထောင်၍အလိုပြည့်ဝသည်ဟူ၍မရှိ။
ငါသည် ငါ့မျက်စိလိုချင်တပ်မက်သောအရာတစ်စုံတစ်ခုကိုမျှမငြင်း။ ငါ့စိတ်နှလုံးကိုလည်း အပျော်အပါးရှိသမျှကို ခံစားခွင့်ပေးထား၏။ အမှန်စင်စစ် ငါ၏စိတ်နှလုံးသည် ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ ဝမ်းမြောက်၏။ ဤသည်ကား ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးအတွက် ငါရရှိသောဝေစုဖြစ်၏။
သို့သော် ငါ့လက်ဖြင့်ပြုခဲ့သောအမှုအားလုံးတို့ကိုလည်းကောင်း၊ ထိုအမှုတို့ကိုပြုလုပ်ရန် ငါကြိုးပမ်းအားထုတ်ခဲ့သည့် ငါ၏ကြိုးပမ်းအားထုတ်မှုကိုလည်းကောင်း ငါပြန်၍ဆန်းစစ်သောအခါ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။ နေအောက်တွင် အကျိုးဖြစ်စေသောအရာတစ်စုံတစ်ခုမျှမရှိ။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိစိတ်တော်နှင့်တွေ့သောသူအား ဉာဏ်ပညာ၊ အသိပညာနှင့်ဝမ်းမြောက်ခြင်းတို့ကို ပေးတော်မူ၏။ အပြစ်ပြုသောသူကိုကား ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူအားပေးအပ်ရန်အတွက် စုသိမ်း၍သိုမှီးထားရသည့်အလုပ်ကို ပေးတော်မူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
အကြောင်းမူကား လူသားတို့ကြုံတွေ့ရသောအဖြစ်နှင့် တိရစ္ဆာန်တို့ကြုံတွေ့ရသောအဖြစ်သည် တစ်ခုတည်းဖြစ်၍ တစ်မျိုးသည် သေရသကဲ့သို့ အခြားတစ်မျိုးလည်း သေရ၏။ ၎င်းတို့အားလုံး၌ တူညီသောထွက်သက်ဝင်သက်ရှိ၏။ သို့ဖြစ်၍ လူသည် တိရစ္ဆာန်ထက် သာလွန်သည်မဟုတ်။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်၏။
ထိုရှင်ဘုရင်မတိုင်မီရှိခဲ့သူအားလုံးတည်းဟူသော လူအပေါင်းတို့သည် မဆုံးနိုင်။ သို့သော် နောက်ဖြစ်ပေါ်လာသောသူတို့သည် သူ့ကိုနှစ်သက်ကြလိမ့်မည်မဟုတ်။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
တစ်ဖန် ကြိုးပမ်းအားထုတ်မှုအားလုံးနှင့် ကျွမ်းကျင်စွာပြုသောအမှုအားလုံးတို့သည် လူအချင်းချင်းတို့၏မနာလိုဝန်တိုမှုကြောင့်သာဖြစ်ကြောင်း ငါတွေ့မြင်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
တစ်ကိုယ်တည်းဖြစ်လျက် အပေါင်းအဖော်မရှိ၊ သားလည်းမရှိ၊ ညီအစ်ကိုလည်းမရှိသောသူတစ်ဦးရှိ၏။ သို့သော် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ အဆုံးမရှိ။ သူ၏မျက်စိသည်လည်း ဓနဥစ္စာ၌ကျေနပ်တင်းတိမ်သည်ဟူ၍မရှိ။ “ငါသည် မည်သူ့အတွက် ကြိုးပမ်းအားထုတ်လျက် ငါ၌ကောင်းကျိုးချမ်းသာချို့တဲ့စေရသနည်း”ဟူ၍လည်းမမေး။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။
မြေကြီးမှရသောအကျိုးသည် အားလုံးအတွက်ဖြစ်၏။ ရှင်ဘုရင်သည်လည်း လယ်ယာ၏ကျေးဇူးကိုခံရ၏။
လူ၏ကြိုးပမ်းအားထုတ်မှုအားလုံးသည် မိမိပါးစပ်အတွက်ဖြစ်၏။ သို့သော် သူ၏အာသာသည် မည်သည့်အခါမျှမပြေနိုင်။
ပိုးမွှားနှင့်သံချေးဖျက်ဆီးတတ်၍ သူခိုးများဖောက်ထွင်းခိုးယူနိုင်ရာ မြေကြီးပေါ်၌ ဥစ္စာဘဏ္ဍာများကို သင်တို့အတွက် သိုမှီးမထားကြနှင့်။
မည်သူမျှ သခင်နှစ်ဦးကို အစေခံ၍မရနိုင်။ အကြောင်းမူကား သူသည် တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်လိမ့်မည်။ သို့မဟုတ် တစ်ဦးကိုသစ္စာစောင့်၍ တစ်ဦးကိုမထီမဲ့မြင်ပြုလိမ့်မည်။ သင်တို့သည် ဘုရားသခင်နှင့်လောကီစည်းစိမ်တို့ကို တစ်ပြိုင်တည်းအစေခံ၍မရနိုင်ကြ။
ထို့နောက် လူတို့အား“လောဘလွန်ကျူးခြင်းအမျိုးမျိုးကို သတိပြု၍ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက်သည် သူ၏ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်၌တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းမှုအလုံးစုံတို့၏အရင်းအမြစ်ဖြစ်၏။ လူအချို့တို့သည် ငွေကိုအလွန်တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွား၍ များစွာသောပူပန်ခြင်းဝေဒနာဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်နာကျင်စေကြပြီ။