ဘုရားသခင်၏လမ်းသည် ပြည့်ဝစုံလင်၏။ ထာဝရဘုရား၏မိန့်တော်မူချက်သည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်သည် အထံတော်၌ခိုလှုံသောသူရှိသမျှတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
ဒေသနာကျမ်း။ 3:14 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်ပြုတော်မူသမျှအားလုံးသည် ထာဝရတည်ကြောင်းကိုလည်း ငါသိ၏။ ၎င်းအပေါ်၌ မည်သည့်အရာကိုမျှဖြည့်စွက်၍မရနိုင်သကဲ့သို့ ၎င်းအထဲမှ မည်သည့်အရာကိုမျှနုတ်ယူ၍မရနိုင်။ လူတို့သည် ရှေ့တော်၌ကြောက်ရွံ့ကြမည့်အကြောင်း ဘုရားသခင်သည် ထိုသို့ပြုတော်မူ၏။ Common Language Bible ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စ ထာဝရဖြစ်သည်ကို ငါသိ၏။ ထပ်၍မပြုနိုင်ရာ။ နှုတ်၍ မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ ကြောက်ရွံ့မည် အကြောင်း၊ ဘုရားသခင်ပြုတော်မူ၏။ Garrad Bible ဘု ရား သ ခင် ပြု တော် မူ သ မျှ သော အ မှု သည် အ စဉ် တည် ၍၊ ထပ် ဆင့် ခြင်း၊ နုတ် ယူ ခြင်း ငှာ မ စွမ်း နိုင် ကြောင်း၊ ရှေ့ တော် တွင် လူ တို့ ခန့် ညား ရ ကြ စေ ရန်၊ ထို သို့ စီ ရင် တော် မူ ကြောင်း များ ကို ငါ သိ ၏။ Judson Bible ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စထာဝရ ဖြစ်သည်ကို ငါသိ၏။ ထပ်၍ မပြုနိုင်ရာ။ နုတ်၍ မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ကြောက်ရွံ့မည်အကြောင်း၊ ဘုရားသခင်ပြုတော်မူ၏။ |
ဘုရားသခင်၏လမ်းသည် ပြည့်ဝစုံလင်၏။ ထာဝရဘုရား၏မိန့်တော်မူချက်သည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်သည် အထံတော်၌ခိုလှုံသောသူရှိသမျှတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
ထာဝရဘုရား၏အကြံဉာဏ်သည် အစဉ်အမြဲတည်၍ ကိုယ်တော်၏စိတ်နှလုံးအကြံအစည်တို့သည် မျိုးဆက်အစဉ်အဆက်တည်၏။
ထိုအခါ လူအပေါင်းတို့သည် ကြောက်ရွံ့၍ ဘုရားသခင်၏လုပ်ဆောင်တော်မူချက်ကို ပြောကြားကာ ကိုယ်တော်ပြုတော်မူသောအမှုကို ဂရုပြုကြလိမ့်မည်။
အကယ်စင်စစ် လူတို့၏အမျက်ဒေါသသည် ကိုယ်တော်ကိုချီးမွမ်းလိမ့်မည်။ ကိုယ်တော်သည် အမျက်ဒေါသအကြွင်းအကျန်များဖြင့် မိမိကိုယ်မိမိပတ်စည်းတော်မူလိမ့်မည်။
လူ၏စိတ်နှလုံးထဲ၌ အကြံအစည်များစွာရှိ၏။ သို့ရာတွင် ထာဝရဘုရား၏အကြံဉာဏ်သည်သာ တည်လိမ့်မည်။
မည်သည့်ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ အကြံဉာဏ်မျှ ထာဝရဘုရားကိုဆန့်ကျင်၍ မတည်နိုင်။
ကိုယ်တော်၏နှုတ်ကပတ်တော်တို့အပေါ် ထပ်မံ၍မဖြည့်စွက်နှင့်။ ဖြည့်စွက်လျှင် ကိုယ်တော်သည် သင့်ကိုဆုံးမသဖြင့် သင်သည် လိမ်လည်သောသူဖြစ်သွားလိမ့်မည်။
အားလုံးကိုကြားရပြီးသည့်နောက် နိဂုံးချုပ်စကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ကိုယ်တော်၏ပညတ်တော်တို့ကိုစောင့်ထိန်းလော့။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် လူတို့ပြုရမည့်အရာအလုံးစုံ၏အချုပ်ဖြစ်၏။
သင်၏နှုတ်ကြောင့် သင့်အပေါ်၌ အပြစ်မရောက်စေနှင့်။ စေတမန်ရှေ့၌ “ထိုကတိသစ္စာကို မတော်တဆပြုမိပါသည်”ဟု ပြောရသောအကြောင်းမရှိစေနှင့်။ အဘယ်ကြောင့် သင်၏စကားအားဖြင့် ဘုရားသခင်ကို အမျက်ထွက်စေ၍ သင်၏လက်ဖြင့်ပြုသောအမှုကို ဖျက်ဆီးစေမည်နည်း။
အိပ်မက်များပြားခြင်းအားဖြင့် အချည်းနှီးသောအရာနှင့် စကားတို့သည်လည်း များပြားလာတတ်၏။ သို့ဖြစ်၍ ဘုရားသခင်ကို ကြောက်ရွံ့လော့။
ဤအချက်ကိုဆုပ်ကိုင်ထားလျှင်ကောင်း၏။ အခြားတစ်ချက်ကိုလည်း လက်မလွတ်စေနှင့်။ အကြောင်းမူကား ဘုရားသခင်ကိုကြောက်ရွံ့သောသူသည် ထိုအရာအားလုံးကို အောင်နိုင်လိမ့်မည်။
အစအဦးကပင် အဆုံးကိုဖော်ပြသောအရှင်၊ ရှေးကာလကပင် မဖြစ်သေးသောအရာတို့ကိုဖော်ပြသောအရှင်က “ငါ့အကြံအစည်သည် တည်မည်။ ငါအလိုရှိသမျှကို ငါပြုမည်”ဟု မိန့်တော်မူ၏။
ဤသို့ဖြင့် ထိုဆိတ်ထီးသည် အားကြီးသည်ထက်ကြီးလာ၏။ ထိုသို့ ခွန်အားကြီးလာသော်လည်း သူ့ချိုကြီးကျိုးသွား၍ ထိုချိုနေရာတွင် ကောင်းကင်အရပ်လေးမျက်နှာသို့မျက်နှာမူ၍ သိသာထင်ရှားသောချိုလေးချောင်း ပေါက်လာ၏။
ဘုရားသခင်ချမှတ်ထားသောအကြံအစည်တော်နှင့် ကြိုတင်သိမြင်သောဉာဏ်တော်တို့အရ အပ်နှံခြင်းခံရသောထိုအရှင်ကို သင်တို့သည် တရားမဲ့သောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်၌တင်၍ ကွပ်မျက်ကြ၏။
ကိုယ်တော်၏လက်တော်နှင့်အကြံအစည်တော်တို့အားဖြင့် ဖြစ်ပျက်လာရန်ကြိုတင်သတ်မှတ်ထားသမျှသောအရာတို့ကို ပြုခဲ့ကြပါပြီ။
သို့သော် ဘုရားသခင်ထံမှဖြစ်လျှင် သူတို့ကိုဖျက်ဆီး၍မရနိုင်သည်သာမက သင်တို့သည် ဘုရားသခင်ကိုဆန့်ကျင်သူများဖြစ်သွားနိုင်၏”ဟု ပြောဆိုလေ၏။ ထိုသူတို့သည်လည်း သူ၏အကြံပေးချက်ကို လက်ခံကြ၏။
အကြောင်းမူကား အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှလည်းကောင်း၊ ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်အတွက်လည်းကောင်း ဖြစ်တည်ကြ၏။ ကိုယ်တော်ရှင်၌ ကာလအစဉ်အဆက် ဘုန်းအသရေတော်တည်ရှိပါစေသော။ အာမင်။
အို ကျောက်ဆောင်၊ ကိုယ်တော်ပြုတော်မူသောအမှုသည် ပြီးပြည့်စုံပါ၏။ မှန်ပေ၏။ ကိုယ်တော်၏နည်းလမ်းတော်ရှိသမျှတို့သည် တရားမျှတပါ၏။ ကိုယ်တော်သည် မတရားမှုကိုမပြု၊ သစ္စာရှိသောဘုရားဖြစ်တော်မူ၏။ ဖြောင့်မတ်မှန်ကန်သောဘုရားဖြစ်တော်မူ၏။
မုသားနှင့်ကင်းစင်တော်မူသောဘုရားသခင်သည် ထိုထာဝရအသက်ကို ရှေးကာလများမတိုင်မီကပင် ကတိပေးတော်မူပြီး
ကောင်းမြတ်သောလက်ဆောင်ရှိသမျှနှင့် စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အထက်အရပ်မှလာ၍ အလင်းတို့၏အဖထံတော်မှဆင်းသက်၏။ ထိုအဖထံတော်၌ ပြောင်းလဲခြင်း၊ သို့မဟုတ် ရွေ့လျားတတ်သည့်အရိပ်ဟူ၍မရှိ။
အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကိုမကြောက်ရွံ့၊ နာမတော်ကိုလည်း မချီးမွမ်းဘဲ နေလိမ့်မည်နည်း။ အကြောင်းမူကား ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ချက်တို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးတကာတို့သည် ကိုယ်တော်၏ရှေ့တော်သို့လာ၍ ရှိခိုးကြပါလိမ့်မည်”ဟု ဆိုကြ၏။