အလင်းသည် ချိုမြိန်၏။ နေကိုတွေ့မြင်ရခြင်းသည်လည်း မျက်စိအတွက်နှစ်လိုဖွယ်ဖြစ်၏။
ဒေသနာကျမ်း။ 11:6 - မြန်မာ့စံမီသမ္မာကျမ်း နံနက်အချိန်၌ သင်၏မျိုးစေ့ကိုကြဲလော့။ ညနေခင်း၌လည်း သင်၏လက်ကိုအနားမပေးနှင့်။ အကြောင်းမူကား မည်သည်ကအောင်မြင်မည်နည်း။ ဤသည်လော၊ ထိုသည်လော၊ သို့မဟုတ် နှစ်ခုစလုံးအညီအမျှ ကောင်းမည်လောဟူ၍ သင်မသိနိုင်။ Common Language Bible နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌ လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာ သည် အကျိုးရှိမည်ကို၎င်း၊ နှစ်ပါးစလုံးတို့သည် အညီ အမျှအကျိုးရှိမည်ကို၎င်း မသိနိုင်။ Garrad Bible မည် သည့် အ ရာ က အ ကျိုး ရှိ မည် ကိုလည်း ကောင်း၊ နှစ် နည်း လုံး ပင် အညီ အ မျှ အ ကျိုး ရှိ မည် ကို လည်း ကောင်း မ သိ သည် ဖြစ်၍၊ နံ နက် အ ချိန် မျိုး ကြဲ လျက်၊ ညဉ့် ဦး အ ချိန် တိုင် လက် မ ချ နှင့်။ Judson Bible နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဉ့်ဦးအချိန်၌လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာသည် အကျိုးရှိမည်ကိုလည်းကောင်း၊ နှစ်ပါးစလုံးတို့သည် အညီအမျှအကျိုးရှိမည်ကိုလည်းကောင်း မသိနိုင်။ |
အလင်းသည် ချိုမြိန်၏။ နေကိုတွေ့မြင်ရခြင်းသည်လည်း မျက်စိအတွက်နှစ်လိုဖွယ်ဖြစ်၏။
ငါသည် ဤအရာအလုံးစုံတို့ကို နှလုံးသွင်းဆင်ခြင်၍ ဤအရာအားလုံးကိုဆန်းစစ်၏။ ၎င်းမှာ ဖြောင့်မတ်သောသူများဖြစ်စေ၊ ပညာရှိသောသူများဖြစ်စေ၊ သူတို့၏လုပ်ဆောင်မှုများဖြစ်စေ ဘုရားသခင်၏လက်တော်၌ရှိသည်ဟူ၍ဖြစ်၏။ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ လူသည် ရှေ့ဖြစ်မည့်အရာတစ်စုံတစ်ခုကိုမျှ မသိပေ။
သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
မိုးရေနှင့်နှင်းပွင့်တို့သည် မိုးကောင်းကင်မှကျလာပြီး မိုးကောင်းကင်သို့ပြန်မတက်ဘဲ မြေကိုစိုစွတ်စေလျက်၊ အပင်ပေါက်စေလျက်၊ သီးပွင့်စေလျက် မျိုးကြဲသောသူအတွက် မျိုးစေ့၊ စားသောသူအတွက် အစားအစာကို ပေးသကဲ့သို့
ထာဝရဘုရားကို ရှာဖို့ အချိန်တန်ပြီ။ ထာဝရဘုရားသည် ကြွလာ၍ သင်တို့အပေါ် ဖြောင့်မတ်ခြင်းမိုးကို မရွာစေမီတိုင်အောင် သင်တို့သည် ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲ၍ မေတ္တာကရုဏာအသီးကို ရိတ်သိမ်းကြလော့။ ပလပ်မြေကို ထွန်ယက်ကြလော့။
ငါသည် ဤသို့ဆိုလို၏။ အနည်းငယ်သာမျိုးကြဲသောသူသည် အနည်းငယ်သာရိတ်သိမ်းရမည်။ များစွာမျိုးကြဲသောသူသည် များစွာရိတ်သိမ်းရမည်။
နှုတ်ကပတ်တော်ကိုဟောပြောလော့။ အခွင့်အခါကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားလော့။ စိတ်ရှည်ခြင်းအပြည့်အဝဖြင့်သွန်သင်လျက် အပြစ်ဖော်ပြခြင်း၊ သတိပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့ကိုပြုလော့။