အနန္တတန်ခိုးရှင်ကို အကျွန်ုပ်တို့ လိုက်၍မမီနိုင်။ ကိုယ်တော်သည် တန်ခိုးကြီးသောအရှင် ဖြစ်တော်မူ၏။ တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့နှင့် ပြည့်စုံတော်မူ၏။ မတရားသောအမှုကို ပြုတော်မမူ။
ဒေသနာကျမ်း။ 11:5 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် လေ၏လမ်းကြောင်းကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ဝမ်းထဲတွင် အရိုးများမည်သို့ဖြစ်တည်လာသည်ကိုလည်းကောင်း မသိနိုင်သကဲ့သို့ ခပ်သိမ်းသောအရာကိုဖန်ဆင်းသော ဘုရားသခင်၏အမှုတော်ကိုလည်း မသိနိုင်။ Common Language Bible နံဝိညာဉ်သွားရာလမ်းကို၎င်း၊ ကိုယ်ဝန်ဆောင် သော မိန်းမဝမ်း၌အရိုးတို့သည် အဘယ်သို့တိုးပွားသည်ကို ၎င်း မသိနိုင်သကဲ့သို့၊ အလုံးစုံတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏အမှုတော်တို့ကို မသိနိုင်။ Garrad Bible လေ သွား ရာ လမ်း ကိုလည်း ကောင်း၊ သ န္ဓေ တည် သော ဝမ်း တွင်း အ ရိုး ရှိ နည်း ကိုလည်း ကောင်း၊ မ သိ နိုင် ကြ သည့် နည်း တူ၊ အ ရာ ခပ် သိမ်း စီ ရင် တော် မူ သော ဘု ရား သ ခင်၏ အ မှု အ ရေး တော် ကို မ သိ နိုင်။ Judson Bible နာမ်ဝိညာဉ်သွားရာ လမ်းကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမဝမ်း၌ အရိုးတို့သည် အဘယ်သို့ တိုးပွားသည်ကိုလည်းကောင်း မသိနိုင်သကဲ့သို့၊ အလုံးစုံတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏အမှုတော်တို့ကို မသိနိုင်။ |
အနန္တတန်ခိုးရှင်ကို အကျွန်ုပ်တို့ လိုက်၍မမီနိုင်။ ကိုယ်တော်သည် တန်ခိုးကြီးသောအရှင် ဖြစ်တော်မူ၏။ တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့နှင့် ပြည့်စုံတော်မူ၏။ မတရားသောအမှုကို ပြုတော်မမူ။
ငါသည် မြေကြီးကိုအုတ်မြစ်ချစဉ်က သင်အဘယ်မှာရှိသနည်း။ သင်သိလျှင် ပြောပါလော့။
ကိုယ်တော်သည် ကြီးမြတ်သောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ မရေတွက်နိုင်သောအံ့ဖွယ်အမှုတို့ကို ပြုတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အလွန်များပြားလှပါ၏။ ကိုယ်တော်သည် ထိုအရာအားလုံးကို ဉာဏ်ပညာအားဖြင့် ဖန်ဆင်းတော်မူ၏။ ကမ္ဘာမြေကြီးသည် ကိုယ်တော်ဖန်ဆင်းသော အရာများဖြင့် ပြည့်နှက်လျက်ရှိပါ၏။
အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတည်းဟူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများနှင့် အကျွန်ုပ်တို့အတွက် ကိုယ်တော်၏အကြံအစည်များသည် များပြားလှပါ၏။ ကိုယ်တော်နှင့်နှိုင်းယှဉ်ရမည့်သူမရှိပါ။ ထိုအမှုတို့ကို အကျွန်ုပ်ထုတ်ဖော်၍ပြောဆိုသောအခါ ရေတွက်မကုန်နိုင်အောင် များပြားလှပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသော အမှုတို့သည် ကြီးမြတ်လှပါ၏။ ကိုယ်တော်၏အကြံအစည်တို့သည် အလွန်နက်နဲပါ၏။
ငါသည် မိုးကောင်းကင်အောက်၌ပြုသမျှသောအရာတို့ကို ဉာဏ်ပညာအားဖြင့် ရှာဖွေရန်နှင့်စူးစမ်းရန် ငါ၏စိတ်ကိုပိုင်းဖြတ်ထား၏။ ၎င်းမှာ လူသားတို့ကိုရုန်းကန်စေရန် သူတို့အား ဘုရားသခင်ပေးအပ်တော်မူသည့် ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။
လေသည် တောင်ဘက်သို့တိုက်ပြီးလျှင် မြောက်ဘက်သို့ပြန်လှည့်တတ်၏။ လေသည် လှည့်၍လှည့်၍တိုက်ပြီးလျှင် မိမိပတ်လမ်းကြောင်းအတိုင်းပြန်လှည့်လာတတ်၏။
လေကိုစောင့်ကြည့်နေသောသူသည် မျိုးစေ့ကိုကြဲရလိမ့်မည်မဟုတ်။ မိုးတိမ်ကိုကြည့်နေသောသူသည်လည်း ရိတ်သိမ်းရလိမ့်မည်မဟုတ်။
လူသားတို့ကိုရုန်းကန်စေရန် သူတို့အား ဘုရားသခင်ပေးအပ်တော်မူသည့် အလုပ်ကို ငါတွေ့မြင်၏။
ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သူ့အချိန်နှင့်သူလှပအောင်ပြင်ဆင်တော်မူပြီး လူ၏စိတ်နှလုံးထဲ၌ ထာဝရကာလကိုလည်း ထည့်သွင်းထားတော်မူ၏။ သို့သော် အစမှအဆုံးအထိဘုရားသခင်ပြုတော်မူသောအမှုကို လူသည် ရှာဖွေ၍မတွေ့နိုင်။
ရှိခဲ့ပြီးသောအရာသည် အလှမ်းဝေးလျက် အလွန်နက်ရှိုင်း၏။ ထိုအရာကို မည်သူတွေ့ရှိနိုင်မည်နည်း။
ဘုရားသခင်ပြုတော်မူသောအမှုအားလုံးကို ငါတွေ့မြင်၏။ အမှန်စင်စစ် နေအောက်တွင်ပြုသောအမှုကို လူသည်ရှာဖွေ၍ မတွေ့ရှိနိုင်။ မည်မျှကြိုးပမ်းအားထုတ်၍ရှာဖွေလျှင်လည်း မတွေ့ရှိနိုင်။ ထိုအရာကိုသိကြောင်း ပညာရှိတစ်ဦးကပြောဆိုလျှင်လည်း မတွေ့ရှိနိုင်။
သင်မသိသလော။ သင်မကြားဖူးသလော။ ထာဝရဘုရားသည် အစဉ်အမြဲတည်တော်မူသောဘုရားသခင်၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် အားအင်ကုန်ခန်းတော်မမူ။ မောပန်းတော်မမူ။ ကိုယ်တော်၏ဉာဏ်ကို စစ်၍မကုန်နိုင်။
လေသည် အလိုရှိရာသို့တိုက်တတ်၏။ သင်သည် သူ့အသံကိုကြားရသော်လည်း မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားသည်ကိုမသိ။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသောသူတိုင်းလည်း ထိုနည်းတူဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏။
ဘုရားသခင်၏အသိပညာနှင့်ဉာဏ်ပညာတော်တို့၏ကြွယ်ဝမှုသည် နက်နဲလှပါတကား။ စီရင်တော်မူချက်တို့ကို စူးစမ်းလေ့လာ၍မကုန်နိုင်။ လမ်းတော်တို့ကိုလည်း ချင့်မျှော်တွေးဆ၍မရနိုင်။