မိုက်မဲသောသူသည် ပျော်ရွှင်ကြည်နူးရန်မသင့်လျော်ပေ။ ထို့ထက်မက ကျွန်သည် အကြီးအကဲတို့ကိုအုပ်စိုးရန် ပို၍ပင်မသင့်လျော်ပေ။
ဒေသနာကျမ်း။ 10:5 - မြန်မာ့စံမီသမ္မာကျမ်း နေအောက်တွင် ငါတွေ့မြင်သောမကောင်းမှုတစ်ခုရှိ၏။ ၎င်းမှာ အုပ်ချုပ်သူက မတော်တဆပြုမိသောအမှားမျိုးဖြစ်ပြီး Common Language Bible မင်းမှားယွင်းခြင်းအားဖြင့် ဖြစ်တတ်သော၊ နေအောက်၌ ငါမြင်ရသောအမှုဆိုးဟူမူကား၊ Garrad Bible နေ အောက် တွင် ငါ မြင် သည့် အ မှု ဆိုး ဖြစ် သော၊ မင်း၌ ရှိ သည့် မူ လ မှောက် မှား ခြင်း ဟူ မူ ကား၊ Judson Bible မင်းမှားယွင်းခြင်းအားဖြင့် ဖြစ်တတ်သော၊ နေအောက်၌ ငါမြင်ရသောအမှုဆိုးဟူမူကား၊ |
မိုက်မဲသောသူသည် ပျော်ရွှင်ကြည်နူးရန်မသင့်လျော်ပေ။ ထို့ထက်မက ကျွန်သည် အကြီးအကဲတို့ကိုအုပ်စိုးရန် ပို၍ပင်မသင့်လျော်ပေ။
ဖြောင့်မတ်သောသူတို့ အောင်ပွဲခံကြသောအခါ ကြီးစွာသောဂုဏ်ကျက်သရေရှိ၏။ ဆိုးယုတ်သောသူတို့ ခေါင်းထောင်လာသောအခါ၌မူကား လူတို့သည် ပုန်းရှောင်တတ်ကြ၏။
အုပ်စိုးသူမင်းသည် သင့်ကိုစိတ်ဆိုးလျှင်လည်း သင်၏နေရာကိုမစွန့်ခွာနှင့်။ အကြောင်းမူကား တည်ငြိမ်ခြင်းသည် ကြီးစွာသောအမှားကို ပြေပျောက်စေတတ်၏။
မိုက်မဲသောသူအား အလွန်မြင့်သောနေရာကိုပေး၍ ချမ်းသာသောသူတို့သည် နိမ့်ပါးသောနေရာ၌ထိုင်နေရခြင်းဖြစ်၏။
တစ်ဖန် နေအောက်တွင် တရားစီရင်ခြင်းနှင့်ဆိုင်သောအရပ်၌ ဆိုးယုတ်ခြင်းရှိကြောင်းနှင့် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောအရပ်၌လည်း ဆိုးယုတ်ခြင်းရှိကြောင်း ငါတွေ့မြင်၏။
တစ်ဖန် နေအောက်တွင်ပြုသောနှိပ်စက်မှုရှိသမျှတို့ကို ငါပြန်၍တွေ့မြင်၏။ ကြည့်ရှုလော့။ နှိပ်စက်ခံရသောသူတို့သည် မျက်ရည်ကျသော်လည်း သူတို့ကိုနှစ်သိမ့်ပေးမည့်သူမရှိ။ သူတို့ကိုနှိပ်စက်သောသူတို့၏လက်တွင် တန်ခိုးအာဏာရှိသဖြင့် သူတို့ကို နှစ်သိမ့်ပေးမည့်သူမရှိ။
နေအောက်တွင် ငါတွေ့မြင်ရသည့် ဆိုးရွား၍ငြီးငွေ့ဖွယ်ကောင်းသောအမှုတစ်ခုရှိ၏။ ထိုအမှုမှာ ဓနဥစ္စာသည် ၎င်းကိုထိန်းသိမ်းထားသောပိုင်ရှင်အား ဒုက္ခပေးခြင်းပင်ဖြစ်၏။
အားလုံးသည် တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရသည်ဟူသောဤအချက်သည် နေအောက်တွင်ပြုသမျှသောအမှုထဲမှ မကောင်းသောအမှုဖြစ်၏။ လူသားတို့၏စိတ်နှလုံးသည်လည်း မကောင်းမှုနှင့်ပြည့်နှက်လျက်ရှိ၍ သူတို့အသက်ရှင်စဉ် သူတို့၏စိတ်နှလုံးထဲ၌ ရူးသွပ်ခြင်းရှိ၏။ ထို့နောက်တွင် သူတို့သည် သေဆုံးကြရ၏။