ဒါဝိဒ်ကလည်း “ ‘ထာဝရဘုရား ဘိသိက်ပေးတော်မူသောရှင်ဘုရင်ကို အကျွန်ုပ်သတ်လေပြီ’ဟု သင့်နှုတ်မှ ဝန်ခံသောကြောင့် လူသတ်သောအပြစ်ကို သင်ပြန်ခံရပြီ”ဟု ဆို၏။
ဒေသနာကျမ်း။ 10:12 - မြန်မာ့စံမီသမ္မာကျမ်း ပညာရှိသောသူ၏နှုတ်ထွက်စကားသည် မျက်နှာရစေတတ်၏။ မိုက်မဲသောသူ၏နှုတ်ခမ်းမူကား သူ့ကိုဝါးမျိုဖျက်ဆီးတတ်၏။ Common Language Bible ပညာရှိသောသူ၏စကားသည် လျောက်ပတ်၏။ မိုက်သောသူ၏ နှုတ်မူကား သူ့ကိုယ်ကိုမျိုတတ်၏။ Garrad Bible ပ ညာ ရှိ စ ကား သည်၊ ကျေး ဇူး များ၏။ လူ မိုက်၏ နှုတ် ထွက် မူ ကား၊ ကိုယ် ကို မျို စား လျက်၊ Judson Bible ပညာရှိသောသူ၏စကားသည် လျောက်ပတ်၏။ မိုက်သောသူ၏နှုတ်မူကား သူ့ကိုယ်ကိုမျိုတတ်၏။ |
ဒါဝိဒ်ကလည်း “ ‘ထာဝရဘုရား ဘိသိက်ပေးတော်မူသောရှင်ဘုရင်ကို အကျွန်ုပ်သတ်လေပြီ’ဟု သင့်နှုတ်မှ ဝန်ခံသောကြောင့် လူသတ်သောအပြစ်ကို သင်ပြန်ခံရပြီ”ဟု ဆို၏။
ငါ့နှုတ်ဖြင့် သင်တို့ကို အားပေးမည်။ ငါ့နှုတ်ခမ်းမှနှစ်သိမ့်ပေးမှုသည် သက်သာရာကို ရစေမည်။
အကျွန်ုပ်ကိုဝိုင်းရံထားသောသူတို့သည် မာန်ထောင်ကြပါ၏။ သူတို့၏နှုတ်ခမ်းမှထွက်သောမကောင်းကျိုးသည် သူတို့ကိုဖုံးလွှမ်းကြပါစေ။
ဖြောင့်မတ်သောသူ၏နှုတ်သည် ဉာဏ်ပညာစကားကိုမြွက်ဆိုတတ်၏။ သူ၏လျှာသည်လည်း တရားမျှတသောစကားကိုပြောဆိုတတ်၏။
ကိုယ်တော်သည် သူတို့လျှာကြောင့် သူတို့ကိုလဲကျစေတော်မူလိမ့်မည်။ သူတို့ကိုမြင်သောသူအပေါင်းတို့သည် ထွက်ပြေးကြလိမ့်မည်။
မျက်စိမှိတ်ပြသောသူသည် ဝမ်းနည်းပူဆွေးမှုကိုဖြစ်ပေါ်စေတတ်၏။ နှုတ်ဖွာသည့် ဆိုးမိုက်သောသူကား ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
စိတ်နှလုံး၌ပညာရှိသောသူသည် ပညတ်ချက်တို့ကို လက်ခံတတ်၏။ နှုတ်ဖွာသည့် ဆိုးမိုက်သောသူကား ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။
ဓားနှင့်ထိုးသကဲ့သို့ မဆင်မခြင်ပြောဆိုတတ်သောသူရှိ၏။ ပညာရှိသောသူတို့၏စကားမူကား ဒဏ်ရာဒဏ်ချက်ကို ပျောက်ကင်းစေတတ်၏။
ပညာရှိသောသူတို့၏လျှာသည် အသိပညာကိုထုတ်ဖော်တတ်၏။ မိုက်မဲသောသူတို့၏နှုတ်မူကား မိုက်မဲခြင်းကိုသွန်ထုတ်တတ်၏။
လူသည် မိမိနှုတ်၏တုံ့ပြန်စကားအားဖြင့် ဝမ်းမြောက်ခြင်းကိုခံစားရ၏။ သင့်လျော်သောအချိန်၌ ပြောဆိုသောစကားသည်လည်း ကောင်းမြတ်လှပေ၏။
မုသားသက်သေသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။ လိမ်လည်ထွက်ဆိုသောသူသည်လည်း လွတ်မြောက်လိမ့်မည်မဟုတ်။
စိတ်နှလုံးစင်ကြယ်ခြင်းကိုနှစ်သက်၍ ယဉ်ကျေးသိမ်မွေ့စွာပြောဆိုတတ်သောသူသည် ရှင်ဘုရင်၏မိတ်ဆွေဖြစ်ရလိမ့်မည်။
မိုက်မဲသောသူတို့၏နှုတ်မှသုတ္တံစကားသည် ယစ်မူးသူ၏လက်ထဲရောက်သွားသော ဆူးပင်နှင့်တူ၏။
သူသည် ဉာဏ်ပညာဖြင့် မိမိနှုတ်ကိုဖွင့်တတ်၏။ သူ၏လျှာပေါ်၌ မေတ္တာကရုဏာနှင့်ပြည့်စုံသော သွန်သင်ချက်ရှိ၏။
ပညာရှိတို့၏စကားများသည် နှင်တံကဲ့သို့ဖြစ်ပြီး တစ်ပါးတည်းသောသိုးထိန်းကြီးပေးအပ်ထားသည့် စုစည်းထားသောစကားများသည် ခိုင်မြဲစွာရိုက်ထားသောသံကဲ့သို့ဖြစ်၏။
ဘုရားသခင်၏ရှေ့တော်၌နှုတ်မြွက်ရန် သင်၏နှုတ်ကိုမလောစေနှင့်။ သင်၏စိတ်ကိုလည်း မမြန်စေနှင့်။ အကြောင်းမူကား ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူပြီး သင်သည် မြေကြီးပေါ်၌ရှိ၏။ ထို့ကြောင့် သင်၏စကားကို နည်းစေလော့။
သင်၏နှုတ်ကြောင့် သင့်အပေါ်၌ အပြစ်မရောက်စေနှင့်။ စေတမန်ရှေ့၌ “ထိုကတိသစ္စာကို မတော်တဆပြုမိပါသည်”ဟု ပြောရသောအကြောင်းမရှိစေနှင့်။ အဘယ်ကြောင့် သင်၏စကားအားဖြင့် ဘုရားသခင်ကို အမျက်ထွက်စေ၍ သင်၏လက်ဖြင့်ပြုသောအမှုကို ဖျက်ဆီးစေမည်နည်း။
မိုက်မဲသောသူတို့ထဲမှအုပ်စိုးသောသူ၏အော်ဟစ်သံထက် ပညာရှိတို့၏တည်ငြိမ်သောစကားများကို ပို၍နားထောင်တတ်ကြ၏။
ကောင်းသောသူသည် ကောင်းသောအရာများကို ကောင်းသောဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။ မကောင်းသောသူသည်လည်း မကောင်းသောအရာများကို မကောင်းသောဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။
သခင်ကလည်း ‘ဆိုးညစ်သောအစေအပါး၊ သင်၏နှုတ်ထွက်စကားအတိုင်း သင့်ကို ငါစီရင်မည်။ ငါသည် မထည့်သွင်းထားသောအရာကိုထုတ်ယူ၍ မစိုက်ပျိုးသည့်အရာကို ရိတ်သိမ်းတတ်သည့် စည်းကမ်းကြီး၍တိကျသောသူဖြစ်ကြောင်း သင်သိသည်မှန်လျှင်
လူအပေါင်းတို့သည် ကိုယ်တော်ကိုချီးကျူးကြပြီး ကိုယ်တော်၏တင့်တယ်သော နှုတ်ထွက်စကားတို့ကို အံ့သြလျက် “ဤသူသည် ယောသပ်၏သားမဟုတ်လော”ဟု ဆိုကြ၏။
သင်တို့၏နှုတ်ထဲမှ မကောင်းသောစကားတစ်ခွန်းကိုမျှ မထွက်စေနှင့်။ ကြားရသောသူတို့ကို ကျေးဇူးပြုနိုင်ရန် လိုအပ်ချက်နှင့်အညီ တည်ဆောက်စရာဖြစ်စေသည့် ကောင်းသောစကားတို့ကိုသာ ပြောဆိုကြလော့။
လူတစ်ဦးစီအား မည်သို့ပြန်ဖြေရမည်ကို သင်တို့သိရှိနိုင်ရန် သင်တို့၏စကားသည် ဆားဖြင့်အရသာရှိလျက် အစဉ်အမြဲတင့်တယ်ခြင်းရှိပါစေ။