ကြည့်ရှုလော့။ ဤအရာသည် အသစ်ဖြစ်၏ဟု ဆိုနိုင်သောအရာတစ်စုံတစ်ခုရှိသလော။ ထိုအရာသည် ရှေးက ဖြစ်ခဲ့ပြီးသောအရာ၊ ငါတို့မရှိမီကဖြစ်ခဲ့ပြီးသောအရာဖြစ်၏။
ဒေသနာကျမ်း။ 1:9 - မြန်မာ့စံမီသမ္မာကျမ်း ဖြစ်ပြီးသောအရာသည် တစ်ဖန်ပြန်ဖြစ်လာလိမ့်မည်။ ပြုပြီးသောအရာကိုလည်း တစ်ဖန်ပြန်၍ပြုလိမ့်မည်။ နေအောက်တွင် အသစ်သောအရာ တစ်စုံတစ်ခုမျှမရှိ။ Common Language Bible ဖြစ်ဘူးသော အရာသည် ဖြစ်လတံ့သောအရာ နှင့်တူ၏။ ယခုပြုသောအမှုသည် ပြုလတံ့သောအမှုအရာမရှိ။ Garrad Bible ရှေး အ ဖြစ် သည်၊ နောက် အ ဖြစ်၊ ရှေး အ မှု လည်း၊ နောက် အ မှု ဖြစ် အံ့ သော ကြောင့်၊ နေ အောက် တွင် တစ် စုံ တစ် ခု မျှ အ သစ် မ ရှိ ချေ။ Judson Bible ဖြစ်ဖူးသောအရာသည် ဖြစ်လတ္တံ့သောအရာနှင့် တူ၏။ ယခုပြုသောအမှုသည် ပြုလတ္တံ့သောအမှုနှင့်တူ၏။ နေအောက်မှာ အသစ်သောအမှုအရာမရှိ။ |
ကြည့်ရှုလော့။ ဤအရာသည် အသစ်ဖြစ်၏ဟု ဆိုနိုင်သောအရာတစ်စုံတစ်ခုရှိသလော။ ထိုအရာသည် ရှေးက ဖြစ်ခဲ့ပြီးသောအရာ၊ ငါတို့မရှိမီကဖြစ်ခဲ့ပြီးသောအရာဖြစ်၏။
ရှင်ဘုရင်နောက်မှပေါ်ထွန်းလာသောသူသည် မည်သည့်အရာကိုပြုနိုင်သနည်း။ ထိုရှင်ဘုရင်ပြုပြီးသောအရာကိုသာပြုနိုင်၏။ ထို့ကြောင့် ငါသည် ဉာဏ်ပညာကိုလည်းကောင်း၊ ရူးသွပ်ခြင်းနှင့် မိုက်မဲခြင်းတို့ကိုလည်းကောင်း ပြန်၍ဆန်းစစ်ကြည့်၏။
ယခုဖြစ်နေသောအရာသည် ဖြစ်ပြီးသောအရာဖြစ်၏။ နောင်ဖြစ်မည့်အရာသည်လည်း ဖြစ်ပြီးသောအရာဖြစ်၏။ ဘုရားသခင်သည် လွန်ခဲ့ပြီးသောအရာကိုလည်း ပြန်လည်ရှာဖွေတော်မူ၏။
ယခုရှိနေသောအရာ၏အမည်ကို မှည့်ခေါ်ထားပြီးဖြစ်၏။ လူသည် မည်သည့်အရာဖြစ်သည်ကိုလည်း သိထားပြီးဖြစ်၍ သူသည် မိမိထက်တန်ခိုးကြီးသောသူနှင့် ဖက်ပြိုင်၍မရနိုင်။
ယခင်နေ့ရက်များသည် ယခုနေ့ရက်များထက် အဘယ်ကြောင့် ပို၍ကောင်းသနည်းဟု မမေးနှင့်။ အကြောင်းမူကား ထိုသို့မေးမြန်းခြင်းသည် ဉာဏ်ပညာမှလာသည်မဟုတ်။
ကြည့်ရှုလော့။ အသစ်သောအရာကို ငါပြုမည်။ ယခု ထိုအရာ ဖြစ်လာပြီ။ သင်တို့ မသိကြသလော။ အကယ်စင်စစ် တောကန္တာရ၌ လမ်းကိုလည်းကောင်း၊ သဲကန္တာရ၌ မြစ်တို့ကိုလည်းကောင်း ငါဖြစ်စေမည်။
အို ဖောက်ပြန်သောသမီးပျို၊ မည်သည့်အချိန်အထိ လှည့်လည်နေမည်နည်း။ ထာဝရဘုရားသည် မြေကြီးပေါ်တွင် အသစ်သောအရာကို ဖန်ဆင်းတော်မူပြီ။ မိန်းမသည် ယောက်ျားကို ဝိုင်းရံလိမ့်မည်။
သို့သော် ပရောဖက်အတုအယောင်များသည် လူမျိုးတော်ထဲ၌ပေါ်လာကြသကဲ့သို့ သင်တို့ထဲ၌လည်း ဆရာအတုအယောင်များပေါ်လာကြလိမ့်မည်။ ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်စေသည့် မှားယွင်းသောအယူဝါဒများကို လျှို့ဝှက်စွာယူဆောင်လာ၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောသခင်ကိုပင် ငြင်းပယ်ကာ မိမိတို့အပေါ် လျင်မြန်သောပျက်စီးခြင်းကို ကျရောက်စေကြလိမ့်မည်။
ထို့နောက် ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါမြင်ရ၏။ အကြောင်းမူကား ပထမကောင်းကင်နှင့် ပထမမြေကြီးသည် ပျောက်ကွယ်သွား၍ ပင်လယ်သည်လည်းမရှိတော့ချေ။
ပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကလည်း “ကြည့်ရှုလော့။ ငါသည် အရာခပ်သိမ်းတို့ကို အသစ်ဖြစ်စေ၏”ဟု မိန့်တော်မူပြီးလျှင် “ရေးထားလော့။ ဤစကားတို့သည် သစ္စာစကား၊ မှန်ကန်သောစကားဖြစ်ကြ၏”ဟု မိန့်တော်မူ၏။