ဘုရားသခင်ထံမှ မိုးချုန်းသံများနှင့်မိုးသီးကျခြင်းမှာ တော်လောက်ပါပြီ။ ထာဝရဘုရားထံဆုတောင်းပေးပါလော့။ သင်တို့ကို ဆက်၍မနေစေဘဲ သင်တို့ကို ငါလွှတ်ပေးမည်”ဟု ဆိုလေ၏။
ငါတို့သည်မိုးသီးနှင့်မိုးကြိုးဒဏ်ကိုမခံ နိုင်တော့ပြီဖြစ်၍ ထာဝရဘုရားထံဆု တောင်းပေးပါလော့။ ငါသည်သင်တို့အား ချက်ခြင်းသွားခွင့်ပေးပါမည်'' ဟုဆိုလေ၏။
ပြင်း ထန် သော မိုး ကြိုး သံ နှင့် မိုး သီး များ လှ ပြီ။ ထာ ဝ ရ ဘု ရား ကို တောင်း ပန် လော့။ သင် တို့ ကို ထပ် မံ မ နေ စေ ဘဲ ငါ လွှတ် ပေ အံ့ ဟု ဆို ရာ၊
တန်ပါပြီ။ အားကြီးသောမိုးကြိုးနှင့် မိုးသီးစဲမည်အကြောင်း၊ ထာဝရဘုရားကိုတောင်းပန်ပါ။ သင်တို့ကိုငါမဆီးမတား အလျင်အမြန်လွှတ်မည်ဟု ဆိုလေ၏။
ထိုအခါ ရှင်ဘုရင်က ဘုရားသခင်၏လူအား “သင်၏ဘုရားသခင်ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်ပေးပါလော့။ ငါ့လက်ကို ပြန်ရုပ်နိုင်ဖို့ ငါ့အတွက် ဆုတောင်းပေးပါလော့”ဟု ဆိုသဖြင့် ဘုရားသခင်၏လူသည် ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်ပေးရာ ရှင်ဘုရင်၏လက်သည် နဂိုအတိုင်းပြန်ကောင်းသွား၏။
ယခုတစ်ကြိမ်သာလျှင် ငါ့အပြစ်ကို ခွင့်လွှတ်ပါလော့။ ဤသေဘေးကိုလည်း ငါ့ထံမှဖယ်ရှားပေးမည့်အကြောင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းပေးပါလော့”ဟု မိန့်ဆိုလျှင်
ထိုအခါ ဖာရောမင်းကြီးသည် မောရှေကိုဆင့်ခေါ်၍ “ထာဝရဘုရားအား ဝတ်ပြုရန်သွားကြလော့။ သို့သော် သင်တို့၏သိုးဆိတ်များ၊ နွားများကို ထားခဲ့ရမည်။ သင်တို့၏ကလေးများမူကား သင်တို့နှင့်အတူသွားနိုင်သည်”ဟု ဆိုလေ၏။
ထို့ကြောင့် မောရှေနှင့်အာရုန်ကို ဖာရောမင်းကြီးထံသို့ ပြန်ခေါ်သွင်း၍ ဖာရောမင်းကြီးက “သင်တို့၏ဘုရားသခင်ထာဝရဘုရားအား သွား၍ဝတ်ပြုကြလော့။ မည်သူတို့ သွားကြမည်နည်း”ဟု မေးလျှင်
တစ်ဖန် ထာဝရဘုရားက မောရှေအား “ငါသည် နောက်ဘေးဒဏ်တစ်ပါးကို ဖာရောမင်းကြီးနှင့် အီဂျစ်ပြည်ပေါ်သို့ ကျရောက်စေဦးမည်။ ထို့နောက်မှ သင်တို့ကို ဤပြည်မှ လွှတ်ပေးလိမ့်မည်။ လွှတ်ပေးသောအခါတွင်လည်း သင်တို့ကို ဤပြည်မှ တစ်ယောက်မကျန်နှင်ထုတ်လိမ့်မည်။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်တို့ကိုခေါ်၍ “သွားကြလော့။ ဤပြည်၌သာ သင်တို့၏ဘုရားသခင်အား ယဇ်ပူဇော်ကြလော့”ဟု ဆိုလေ၏။
ဖာရောမင်းကြီးကလည်း “တောကန္တာရထဲ၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်ရန် သင်တို့ကို ငါလွှတ်ပေးမည်။ သို့ရာတွင် ဝေးဝေးမသွားရ။ ငါ့အတွက်လည်းဆုတောင်းပေးကြလော့”ဟု ဆိုလေ၏။
ထို့ပြင် ဖားများသည် သင်မှစ၍ သင့်ပြည်သူပြည်သားများနှင့် သင့်အမှုထမ်းအားလုံးတို့အပေါ်သို့တက်ကြလိမ့်မည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုခေါ်၍ “ငါနှင့်ငါ၏လူတို့ထံမှ ဖားများကိုဖယ်ရှားပေးမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းလော့။ သို့ပြုလျှင် ထာဝရဘုရားအားယဇ်ပူဇော်ရန် အစ္စရေးလူတို့ကိုငါလွှတ်ပေးမည်”ဟု ဆိုလေ၏။
ထိုသူတို့က “ငါတို့ကို ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီး တိုက်ခိုက်နေပါသည်။ ထာဝရဘုရားသည် အံ့ဖွယ်အမှုပြုလေ့ရှိသည့်အတိုင်း ငါတို့ထံမှ သူဆုတ်ခွာသွားအောင် ပြုကောင်းပြုတော်မူမည်ဖြစ်၍ ငါတို့အတွက် ထာဝရဘုရားထံ မေးမြန်းပေးပါလော့”ဟု ဆိုကြ၏။
ထို့ကြောင့် လူတို့သည် မောရှေထံသို့လာ၍ “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုလည်းကောင်း၊ သခင့်ကိုလည်းကောင်း ဆန့်ကျင်ပြောဆို၍ ပြစ်မှားမိကြပါပြီ။ ထိုမြွေများကို အကျွန်ုပ်တို့ထံမှ ဖယ်ရှားပေးတော်မူပါမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းပေးပါ”ဟု ဆိုကြသဖြင့် မောရှေသည် လူတို့အတွက် ဆုတောင်းပေးလေ၏။
ရှိမုန်ကလည်း “သင်တို့ပြောသည့်အရာတစ်ခုမျှ အကျွန်ုပ်အပေါ်မသက်ရောက်စေရန် အကျွန်ုပ်အတွက် သခင်ဘုရားထံ ဆုတောင်းပေးကြပါ”ဟု ပြန်ပြောလေ၏။
ထို့ကြောင့် လူအပေါင်းတို့က ရှမွေလအား “အကျွန်ုပ်တို့သည် ရှင်ဘုရင်ကိုတောင်းဆိုခြင်းဖြင့် အကျွန်ုပ်တို့၏အပြစ်အလုံးစုံတို့အပေါ်၌ ထပ်၍မကောင်းမှုကိုပြုမိပါပြီ။ အကျွန်ုပ်တို့ မသေရမည့်အကြောင်း အရှင်၏အစေအပါး အကျွန်ုပ်တို့အဖို့ အရှင်၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းပေးပါလော့”ဟု ဆိုကြ၏။