သို့သော် ဘုရားသခင်သည် မိမိရန်သူတို့၏ဦးခေါင်းကိုလည်းကောင်း၊ မိမိဒုစရိုက်အပြစ်များ၌လျှောက်လှမ်းနေသောသူ၏ ဆံထုံးထုံးထားသောဦးထိပ်ကိုလည်းကောင်း ကြေမွစေတော်မူလိမ့်မည်။
ထွက်မြောက် 9:2 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ကိုမလွှတ်ဘဲ သင်ငြင်းဆန်နေမည်၊ ဆက်၍ချုပ်ကိုင်ထားမည်ဆိုလျှင် Common Language Bible သင်သည်သွားခွင့်မပြုဘဲနေဦးမည်ဆိုလျှင်၊- Garrad Bible မ လွှတ် လို ငြင်း ဆို ၍ ထား သေး လျှင်၊ Judson Bible မလွှတ်ဘူးဟုငြင်း၍ ဆီးတားသေးလျှင်၊ |
သို့သော် ဘုရားသခင်သည် မိမိရန်သူတို့၏ဦးခေါင်းကိုလည်းကောင်း၊ မိမိဒုစရိုက်အပြစ်များ၌လျှောက်လှမ်းနေသောသူ၏ ဆံထုံးထုံးထားသောဦးထိပ်ကိုလည်းကောင်း ကြေမွစေတော်မူလိမ့်မည်။
အကယ်၍ သင်သည် ငါ၏လူမျိုးတော်ကို မလွှတ်ဘဲ ငြင်းဆန်နေမည်ဆိုလျှင် မနက်ဖြန် သင့်နယ်မြေထဲသို့ ကျိုင်းကောင်များကို ငါရောက်လာစေမည်။
ငါ့ကိုဝတ်ပြုရန် ငါ့သားကိုလွှတ်လော့ဟု သင့်အား ငါမိန့်ဆို၏။ သူ့ကိုမလွှတ်ဘဲ သင်ငြင်းဆန်နေမည်ဆိုလျှင် သင့်သား၊ သင်၏သားဦးကို ငါကွပ်မျက်မည်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
ထို့နောက်တွင် မောရှေနှင့်အာရုန်သည် ဖာရောမင်းကြီးထံသို့ဝင်၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘တောကန္တာရ၌ ငါ့အဖို့ ပွဲတော်ကျင်းပရန် ငါ၏လူမျိုးတော်ကို လွှတ်လော့’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ကြ၏။
သူတို့ကို မလွှတ်ဘဲ သင်ငြင်းဆန်နေမည်ဆိုလျှင် ငါသည် သင့်ပြည်တစ်ပြည်လုံးကို ဖားများဖြင့်ဒဏ်ခတ်မည်။
တစ်ဖန် ထာဝရဘုရားက မောရှေအား “နံနက်စောစောထ၍ ဖာရောမင်းကြီး၏ရှေ့၌ရပ်လော့။ သင်သည် ဖာရောမင်းကြီးအား ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘ငါ၏လူမျိုးတော်သည် ငါ့အားဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
ထာဝရဘုရားလက်တော်သည် လယ်၌ရှိသည့် မြင်းများ၊ မြည်းများ၊ ကုလားအုတ်များ၊ နွားများ၊ သိုးဆိတ်များ စသည့် သင်တို့၏တိရစ္ဆာန်များအပေါ် အလွန်ဆိုးရွားသောကပ်ရောဂါဘေး ကျရောက်စေမည်။
သို့သော် သင်တို့ ငြင်းဆန်ပုန်ကန်ကြလျှင် ဓားဖြင့်အသတ်ခံရမည်”ဟု မိန့်တော်မူ၏။ ဤသည်ကား ထာဝရဘုရား၏နှုတ်တော်ထွက်စကားဖြစ်၏။
တစ်ကိုယ်ကောင်းဆန်၍ သမ္မာတရားကိုမနာခံဘဲ မတရားမှုနောက်သို့လိုက်သောသူတို့အပေါ်၌မူကား ပြင်းစွာသောဒေါသနှင့်အမျက်တော်ကို သက်ရောက်စေတော်မူလိမ့်မည်။
လူတို့သည် ပြင်းထန်သောအပူရှိန်ကြောင့် နေလောင်ဒဏ်ခံရသဖြင့် ဤဘေးဒဏ်များအပေါ်အခွင့်အာဏာရှိသော ဘုရားသခင်၏နာမတော်ကို စော်ကားပြောဆို၍ နောင်တလည်းမရ၊ ဘုရားသခင်၏ဘုန်းတော်ကိုလည်း မချီးမွမ်းကြပေ။