သူတို့၏တိရစ္ဆာန်တို့ကို မိုးသီးလက်သို့လည်းကောင်း၊ သူတို့၏သိုးနွားတို့ကို မိုးကြိုးလက်သို့လည်းကောင်း အပ်တော်မူ၏။
ထွက်မြောက် 9:19 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်၏တိရစ္ဆာန်များနှင့် လယ်ထဲရှိသင်ပိုင်သောအရာအားလုံးတို့ကို လုံခြုံရာသို့သိမ်းဆည်းရန် ယခုပင်အမိန့်ပေးလော့။ အိမ်သို့မခေါ်ဆောင်လာသည့် လယ်၌ရှိသမျှသောလူနှင့်တိရစ္ဆာန်တို့အပေါ်သို့ မိုးသီးကျ၍ သေကြလိမ့်မည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။ Common Language Bible ယခုသင်သည်သင်၏တိရစ္ဆာန်များနှင့်ကွင်း ပြင်၌ရှိသမျှတို့ကို အမိုးအကာအောက်သို့ သွင်းစေလော့။ အကာအကွယ်မရှိသောလူ နှင့်တိရစ္ဆာန်ရှိသမျှတို့အပေါ်သို့ မိုးရွာချ သဖြင့်သေကျေပျက်စီးကြလိမ့်မည်။'' Garrad Bible ထို ကြောင့် နွား မှ စ၍ လယ် ပြင်၌ ရှိ လေ သ မျှ ကို လုံ ခြုံ ရာ သို့ သွင်း စေ လော့။ အိမ် ကို မ ဆောင် ဘဲ လယ် ပြင် ၌ ရှိ သ မျှ သော လူ သူ တိ ရ စ္ဆာန် တို့ အ ပေါ် သို့ မိုး သီး ကျ သ ဖြင့် သေ ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ကြောင်း ဆင့် ဆို လော့ ဟု မော ရှေ အား မိန့် တော် မူ ၏။ Judson Bible ထိုကြောင့် ယခုစေလွှတ်၍၊ လယ်ပြင်၌ရှိသော တိရစ္ဆာန်များနှင့် ရှိလေသမျှတို့ကို သိမ်းယူလော့။ အိမ်သို့မဆောင်လျှင်၊ လယ်ပြင်၌ တွေ့သမျှသောလူနှင့် တိရစ္ဆာန်တို့အပေါ်မှာမိုးသီးကျ၍၊ သူတို့သည် သေကြလိမ့်မည်အကြောင်းကိုပြောလော့ဟု မောရှေအား မိန့်တော်မူ၏။ |
သူတို့၏တိရစ္ဆာန်တို့ကို မိုးသီးလက်သို့လည်းကောင်း၊ သူတို့၏သိုးနွားတို့ကို မိုးကြိုးလက်သို့လည်းကောင်း အပ်တော်မူ၏။
အီဂျစ်ပြည်တစ်ပြည်လုံးတွင် လယ်ပြင်၌ရှိသမျှသော လူမှစ၍ တိရစ္ဆာန်တိုင်အောင် မိုးသီးထိလေ၏။ လယ်ထဲ၌ရှိသမျှအပင်တို့ကိုလည်း မိုးသီးထိ၍ လယ်ထဲ၌ရှိသောအပင်အားလုံး ပျက်စီးလေ၏။
နောက်တစ်နေ့၌ ထာဝရဘုရားသည် ထိုအမှုကိုပြုတော်မူသဖြင့် အီဂျစ်လူမျိုးတို့၏တိရစ္ဆာန်ရှိသမျှတို့သည် သေကြကုန်၏။ သို့ရာတွင် အစ္စရေးအမျိုးသားတို့၏တိရစ္ဆာန် တစ်ကောင်မျှမသေ။
တံပိုးမှုတ်သံကိုကြားသော်လည်း သတိမထားသောကြောင့် အသက်သေသွားလျှင် ကိုယ်နှင့်သာဆိုင်၏။ သတိထားသောသူမူကား အသက်ချမ်းသာရာရမည်။
အို ထာဝရဘုရား၊ ကိုယ်တော့်အကြောင်းကိုကြားရ၍ အကျွန်ုပ်ကြောက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုများကို အကျွန်ုပ်တို့ခေတ်ကာလတွင် ထပ်မံပြုတော်မူပါ။ အကျွန်ုပ်တို့ခေတ်ကာလတွင် ထင်ရှားစေတော်မူပါ။ အမျက်ထွက်သော်လည်း ကရုဏာတော်ကို ပြန်လည်အောက်မေ့တော်မူပါ။