ထိုအခါ ဖာရောမင်းကြီးသည် ပညာရှိများနှင့်မှော်ဆရာများကိုခေါ်၍ ထိုအီဂျစ်နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏နတ်ဝိဇ္ဇာအတတ်များဖြင့် ထိုနည်းတူပြုကြ၏။
ထွက်မြောက် 8:7 - မြန်မာ့စံမီသမ္မာကျမ်း နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏ဝိဇ္ဇာအတတ်များဖြင့် ထိုနည်းတူပြု၍ ဖားများကို အီဂျစ်ပြည်တစ်လျှောက်သို့ တက်လာစေကြ၏။ Common Language Bible မှော်ဆရာတို့ကလည်းမိမိတို့၏အတတ် ပညာဖြင့် အီဂျစ်ပြည်သို့ဖားများတက် လာစေကြ၏။ Garrad Bible ဗေ ဒင် တတ် ဝိ ဇ္ဇာ ဆ ရာ တို့ လည်း ဝိ ဇ္ဇာ အ တတ် အား ဖြင့် ထို နည်း တူ ပြု၍ အိ ဂျစ် ပြည် ကုန်း ထက် သို့ ဖား များ ကို တက် စေ ကြ ၏။ Judson Bible ဝိဇ္ဇာဆရာတို့သည်လည်း ဝိဇ္ဇာအတတ်အားဖြင့်ထိုအတူပြု၍ ဖားတို့ကို အဲဂုတ္တုပြည်အပေါ်သို့ ဆောင်ကြ၏။ |
ထိုအခါ ဖာရောမင်းကြီးသည် ပညာရှိများနှင့်မှော်ဆရာများကိုခေါ်၍ ထိုအီဂျစ်နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏နတ်ဝိဇ္ဇာအတတ်များဖြင့် ထိုနည်းတူပြုကြ၏။
အီဂျစ်နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏ဝိဇ္ဇာအတတ်များအားဖြင့် ထိုနည်းတူပြုကြ၏။ ထို့ကြောင့် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျောလျက် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏ဝိဇ္ဇာအတတ်များအားဖြင့် မှက်ကောင်များဖြစ်လာအောင် ပြုကြသော်လည်း သူတို့မတတ်နိုင်ကြ။ ထို့ကြောင့် မှက်ကောင်များသည် လူနှင့်တိရစ္ဆာန်တို့အပေါ်၌ တွယ်ကပ်လျက်နေ၏။
အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင် လှည့်ဖြားရန် ကြီးမားသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကို ပြုကြလိမ့်မည်။
ယန္နေနှင့်ယံဗြေတို့သည် မောရှေကိုဆန့်ကျင်ခဲ့သည့်နည်းတူ ထိုသူတို့သည်လည်း သမ္မာတရားကိုဆန့်ကျင်ကြ၏။ သူတို့သည် စိတ်နှလုံးပျက်စီးယိုယွင်းလျက် ယုံကြည်ခြင်းအရာ၌ ကျရှုံးသောသူများဖြစ်ကြ၏။
သူသည် ပထမသားရဲရှေ့၌ ပြုခွင့်ရရှိထားသောနိမိတ်လက္ခဏာများအားဖြင့် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သောသူအားလုံးတို့ကိုလှည့်ဖြား၍ ဓားဒဏ်ရာရှိသော်လည်း အသက်ရှင်ခဲ့သောသားရဲ၏ရုပ်တုကိုပြုလုပ်ရန် ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့အားစေခိုင်း၏။