ထွက်မြောက် 8:26 - မြန်မာ့စံမီသမ္မာကျမ်း
သို့သော် မောရှေက “ဤသို့မပြုသင့်ပါ။ အကြောင်းမူကား အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်သည်ကို အီဂျစ်လူမျိုးတို့စက်ဆုပ်ရွံရှာကြ၏။ အကျွန်ုပ်တို့သည် အီဂျစ်လူမျိုးတို့စက်ဆုပ်ရွံရှာသောအရာကို သူတို့မျက်မှောက်၌ ပူဇော်လျှင် အကျွန်ုပ်တို့ကို ခဲနှင့်ပေါက်ကြလိမ့်မည်မဟုတ်လော။
အခန်းကိုကြည့်ပါ။
မောရှေက``အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားအား ပူဇော်သောယဇ်ကောင် များကိုအီဂျစ်အမျိုးသားတို့ကရွံရှာ ကြမည်ဖြစ်သောကြောင့် ထိုကဲ့သို့မပြုလုပ် သင့်ပါ။ အီဂျစ်အမျိုးသားတို့သည်ယဇ် ကောင်များပူဇော်ခြင်းကိုမြင်လျှင် အကျွန်ုပ် တို့အားခဲနှင့်ပစ်၍သတ်ကြပါလိမ့်မည်။-
အခန်းကိုကြည့်ပါ။
မော ရှေ က၊ ထို သို့ ပြု ရန် မ သင့် လျော် ပါ။ အိ ဂျစ် လူ တို့ ရွံ ရှာ ဖွယ် ရာ ကို ကျွန် တော် တို့ ဘု ရား သ ခင် ထာ၀ ရ ဘု ရား အား ပူ ဇော် ရ မည်။ ၎င်း တို့ ရွံ ရှာ ဖွယ် ရာ ကို သူ တို့ မျက် မှောက် တွင် ပူ ဇော် လျှင် ကျွန် တော် တို့ ကို ပစ် ခတ် ကြ မည် မ ဟုတ် ပါ လော့။
အခန်းကိုကြည့်ပါ။
မောရှေက ထိုသို့မပြုသင့်။ ပြုလျှင် အဲဂုတ္တုလူတို့၏ ရွံရှာဖွယ်သောအရာကို အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရပါမည်။ အဲဂုတ္တုလူတို့၏ ရွံရှာဖွယ်သောအရာကို သူတို့မျက်မှောက်၌ ယဇ်ပူဇော်လျှင်၊ သူတို့သည် အကျွန်ုပ်တို့ကိုခဲနှင့်ပစ်ကြပါလိမ့်မည် မဟုတ်လော။
အခန်းကိုကြည့်ပါ။