ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကို အလျင်အမြန်ဆင့်ခေါ်၍ “ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် သင်တို့ကို ပြစ်မှားပါပြီ။
ထွက်မြောက် 8:25 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်တို့ကိုခေါ်၍ “သွားကြလော့။ ဤပြည်၌သာ သင်တို့၏ဘုရားသခင်အား ယဇ်ပူဇော်ကြလော့”ဟု ဆိုလေ၏။ Common Language Bible ထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍``သင်တို့၏ဘုရားအားဤပြည် ထဲ၌ယဇ်ပူဇော်လော့'' ဟုဆိုလေ၏။ Garrad Bible ထို အ ခါ ဖာ ရော မင်း သည် မော ရှေ နှင့် အာ ရုန် တို့ ကို ခေါ် ပြီး လျှင် ပြည် တော် အ တွင်း သင် တို့ ဘု ရား သ ခင့် ထံ ပူ ဇော် ကြ လော့ ဟု မိန့် ဆို သော်၊ Judson Bible ထိုအခါ၊ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကိုခေါ်ပြီးလျှင်၊ သင်တို့သည် ဤပြည်၌ သင်တို့၏ဘုရားသခင်အား ယဇ်ပူဇော်သွားကြလော့ဟု မိန့်တော်မူသော်၊ |
ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကို အလျင်အမြန်ဆင့်ခေါ်၍ “ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် သင်တို့ကို ပြစ်မှားပါပြီ။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေကိုဆင့်ခေါ်၍ “ထာဝရဘုရားအား ဝတ်ပြုရန်သွားကြလော့။ သို့သော် သင်တို့၏သိုးဆိတ်များ၊ နွားများကို ထားခဲ့ရမည်။ သင်တို့၏ကလေးများမူကား သင်တို့နှင့်အတူသွားနိုင်သည်”ဟု ဆိုလေ၏။
ထို့ကြောင့် မောရှေနှင့်အာရုန်ကို ဖာရောမင်းကြီးထံသို့ ပြန်ခေါ်သွင်း၍ ဖာရောမင်းကြီးက “သင်တို့၏ဘုရားသခင်ထာဝရဘုရားအား သွား၍ဝတ်ပြုကြလော့။ မည်သူတို့ သွားကြမည်နည်း”ဟု မေးလျှင်
ထို့ကြောင့် ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်တို့ကို ညတွင်းချင်းဆင့်ခေါ်၍ “သင်တို့မှစ၍ အစ္စရေးအမျိုးသားတို့ပါ ထ၍ ငါ၏လူမျိုးထဲမှ ထွက်သွားကြလော့။ သင်တို့လျှောက်ထားသည့်အတိုင်း ထာဝရဘုရားအား သွား၍ဝတ်ပြုကြလော့။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုခေါ်၍ “ငါနှင့်ငါ၏လူတို့ထံမှ ဖားများကိုဖယ်ရှားပေးမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းလော့။ သို့ပြုလျှင် ထာဝရဘုရားအားယဇ်ပူဇော်ရန် အစ္စရေးလူတို့ကိုငါလွှတ်ပေးမည်”ဟု ဆိုလေ၏။
ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုဆင့်ခေါ်ပြီးလျှင် “ဤတစ်ကြိမ်ကား ငါပြစ်မှားမိပြီ။ ထာဝရဘုရားသာလျှင် ဖြောင့်မတ်တော်မူ၏။ ငါနှင့်ငါ့လူတို့မူကား ဆိုးယုတ်သောသူများဖြစ်ကြပါ၏။
ဘုရားသခင်ထံမှ မိုးချုန်းသံများနှင့်မိုးသီးကျခြင်းမှာ တော်လောက်ပါပြီ။ ထာဝရဘုရားထံဆုတောင်းပေးပါလော့။ သင်တို့ကို ဆက်၍မနေစေဘဲ သင်တို့ကို ငါလွှတ်ပေးမည်”ဟု ဆိုလေ၏။
ထို့ကြောင့် ပြက်ရယ်မပြုကြနှင့်။ ပြုလျှင် သင်တို့ကို ချည်နှောင်သောကြိုးတို့သည် ပိုမိုတင်းကျပ်လိမ့်မည်။ အကြောင်းမူကား ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် ပြည်တစ်ပြည်လုံးကို သုတ်သင်ဖျက်ဆီးမည်ဟု ဆုံးဖြတ်ချက်ချတော်မူကြောင်းကို ငါကြားသိရပြီ။
ကြည့်ရှုလော့။ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆိုကြသော်လည်း ဂျူးလူမျိုးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသည့် လိမ်လည်ပြောဆိုသောသူတို့ကို သင်၏ခြေရင်း၌ လာ၍ရှိခိုးစေကာ ငါသည် သင်တို့ကိုချစ်ကြောင်း သူတို့အားသိစေမည်။