ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ယင်ရဲအုပ်နှင့်မှက်တို့သည် သူ တို့ပြည်တစ်ဝန်းလုံးသို့ပျံ့နှံ့သွားကြ၏။
ထွက်မြောက် 8:17 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။ အာရုန်သည် မိမိလက်ကိုဆန့်၍ တောင်ဝှေးဖြင့် မြေမှုန့်ကို ရိုက်လျှင် အီဂျစ်ပြည်တစ်ပြည်လုံး၌ မြေမှုန့်ရှိသမျှသည် မှက်ကောင်များဖြစ်လေ၏။ ထိုမှက်ကောင်များသည် လူနှင့်တိရစ္ဆာန်တို့အပေါ် တွယ်ကပ်လေ၏။ Common Language Bible ထို့ကြောင့်အာရုန်သည်တောင်ဝှေးဖြင့်မြေ ကြီးကိုရိုက်သဖြင့် အီဂျစ်ပြည်ရှိမြေမှုန့် ရှိသမျှသည်တောခြင်ဖြစ်လာ၍ လူနှင့် တိရစ္ဆာန်တို့၌တွယ်ကပ်လေ၏။- Garrad Bible အာ ရုန် သည် တောင် ဝေး ကိုင် သော လက် ကို ဆန့်၍ မြေ မှုန့် ကို ရိုက် လျှင် အိ ဂျစ် ပြည် တစ် ဝှမ်း လုံး တွင် မြေ မှုန့် ရှိ သ မျှ သည် မြေ လှေး အ တိ ဖြစ်၍ လူ၌ လည်း ကောင်း၊ တိ ရ စ္ဆာန် ၌ လည်း ကောင်း တွယ် ကပ် ကုန် ၏။ Judson Bible အာရုန်သည် လှံတံကိုကိုင်လျက်လက်ကိုဆန့်၍ မြေမှုန့်ကိုရိုက်လေ၏။ မြေမှုန့်သည်လည်း လူ၌လည်းကောင်း၊ တိရစ္ဆာန်၌လည်းကောင်း ခြင်ကောင်ဖြစ်လေ၏။ အဲဂုတ္တုပြည် တစ်လျှောက်လုံး၌မြေမှုန့်ရှိသမျှသည် ခြင်ကောင်ဖြစ်လေ၏။ |
ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ယင်ရဲအုပ်နှင့်မှက်တို့သည် သူ တို့ပြည်တစ်ဝန်းလုံးသို့ပျံ့နှံ့သွားကြ၏။
ကိုယ်တော်သည် သူတို့ကိုဝါးမျိုမည့် ယင်ရဲအုပ်ကိုလည်းကောင်း၊ သူတို့ကိုဖျက်ဆီးမည့် ဖားတို့ကိုလည်းကောင်း သူတို့ထံသို့ စေလွှတ်တော်မူ၏။
ငါ့ကိုဝတ်ပြုရန် ငါ့သားကိုလွှတ်လော့ဟု သင့်အား ငါမိန့်ဆို၏။ သူ့ကိုမလွှတ်ဘဲ သင်ငြင်းဆန်နေမည်ဆိုလျှင် သင့်သား၊ သင်၏သားဦးကို ငါကွပ်မျက်မည်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
ထို့နောက်တွင် မောရှေနှင့်အာရုန်သည် ဖာရောမင်းကြီးထံသို့ဝင်၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘တောကန္တာရ၌ ငါ့အဖို့ ပွဲတော်ကျင်းပရန် ငါ၏လူမျိုးတော်ကို လွှတ်လော့’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ကြ၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား “ ‘တောင်ဝှေးကိုဆန့်၍ မြေမှုန့်ကိုရိုက်လော့။ ထိုအခါ အီဂျစ်ပြည်တစ်ပြည်လုံး၌ မြေမှုန့်တို့သည် မှက်ကောင်များဖြစ်သွားလိမ့်မည်’ဟူ၍ အာရုန်အားပြောလော့”ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ထိုသို့ ကြံစည်တော်မူ၏။ ဤသည်ကား ဂုဏ်သရေမာန်တက်ခြင်းအလုံးစုံကို ရှုတ်ချရန်နှင့် မြေကြီးပေါ်တွင် ချီးမြှောက်ခံရသောသူအပေါင်းတို့ကို နှိမ့်ချရန်အတွက် ဖြစ်၏။
မင်းကြီးသည် ဘုရားသခင်၏ဘုန်းတော်ကိုမချီးမွမ်းသောကြောင့် ထိုခဏချင်းတွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကို ဒဏ်ခတ်သဖြင့် သူသည် ပိုးစားခံရ၍ အနိစ္စရောက်လေ၏။